/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးကို-နို့ချိုတိုက်ကျွေးခါစ-မေမေတို့-သိမှတ်ဖွယ်

ကလေးကို နို့ချိုတိုက်ကျွေးခါစ မေမေတို့ သိမှတ်ဖွယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1.  ကလေးကို နို့စမတိုက်ခင် ပျားရည်ခွံ့တာ၊ သကြားကျွေးတာ၊ ရေတိုက်တာတွေ မလုပ်ပါနဲ့။ ကလေးဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ နို့ဦးရည် လိုအပ်ပါတယ်။ ကလေးကိုယ်ထဲကို ပထမဆုံးဝင်တဲ့ အစားအစာဟာ နို့ဦးရည်ပဲ ဖြစ်ရပါမယ်။

2.  နို့တိုက်ဖို့အတွက် ကလေးငိုတဲ့အချိန်အထိ မစောင့်ပါနဲ့။ အာဟာရပြည့်ဝစေဖို့ တစ်နေ့ကို ၈ ကြိမ်မှ ၁၂ ကြိမ်ခန့် တစ်နည်းအားဖြင့် ၂ နာရီ၊ ၃ နာရီကြားတစ်ခါ နို့တိုက်ပေးသင့်ပါတယ်။

Obimin 1

3.  နို့ရည်အရည်အသွေးကို ကျစေနိုင်တဲ့ သရေစာတွေ မစားပါနဲ့။ ကလေးကို နို့ကောင်းကောင်းတိုက်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပါ။

4.  ကလေးကို မသက်မသာဖြစ်စေနိုင်တဲ့၊ ကလေးအတွက် မကောင်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ချော့ကလက်နဲ့ အစပ်တွေကို ရှောင်ကြဉ်ရပါမယ်။ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အရက်နဲ့ ဆေးလိပ်တို့ကို လုံးဝရှောင်ကြဉ်ရပါမယ်။

Obimin 2

5.  နို့သီးခေါင်းကို ကလေးပါးစပ်ထဲ ထိုးထည့်တာမျိုးမဟုတ်ဘဲ ကလေးကိုရင်ခွင်ထဲ ပွေ့ဖက်ပြီး ကလေးကို နို့သီးခေါင်းကို သေချာငုံစေပါ။

6.  ကလေးကို နို့ဘယ်အချိန်မှာ တိုက်သင့်တယ်ဆိုတာကို အမေးများလေ့ရှိပါတယ်။ ပထမလမှာ ၂ နာရီ - ၃ နာရီခြား တိုက်သင့်ပါတယ်။ ကလေး တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ နို့စို့ချိန်ကြာလာပြီး နို့တိုက်ရတဲ့ အကြိမ်အရေအတွက် နည်းလာပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)