/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးနို့တိုက်ချိန်တွင်-လိုက်နာသင့်သောအချက်များ

ကလေးနို့တိုက်ချိန်တွင် လိုက်နာသင့်သောအချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1.  ကလေးကို ဘယ်အချိန် နို့စတိုက်သင့်သလဲ တွေးမနေပါနဲ့။ ကလေးမွေးပြီးစမှာ ထွက်တဲ့နို့ဦးရည်ဟာ ကလေးကို ရောဂါပိုးမွှားများမှ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ နို့ဦးရည်မှာ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန်ပါဝင်တဲ့အတွက် မွေးကင်းစကလေးအတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
2.  နို့တိုက်စမှာ သက်သောင့်သက်သာမရှိသလို ခံစားရနိုင်ပါတယ်။ မနာမကျင်ဘဲ ကလေးနို့ကို ကောင်းကောင်း ငုံတတ်စေဖို့ ကျွမ်းကျင်တဲ့သူတွေကို မေးမြန်းတိုင်ပင်ပါ။
3.  ကလေးကို ၂ နာရီ - ၃နာရီခြားတစ်ခါ သို့မဟုတ် နို့ဆာတဲ့အရိပ်အယောင်ပြတိုင်းမှာ နို့တိုက်ပါ။ ကလေးနို့ဆာတဲ့အခါ လက်ကိုစုပ်တာ၊ မျက်နှာကို အမေ့နို့ဘက်ကို လှည့်လှည့်နေတာ၊ ပါးစပ်လေး ပွစိပွစိလုပ်နေတာမျိုးတွေ ပြတတ်ပါတယ်။
4.  ကလေးနို့တိုက်နေစဉ်ကာလမှာ အလွန်ပင်ပန်း နွမ်းနယ်နေတတ်ပါတယ်။ ဒါကြောင့် မိခင်ဖြစ်သူ စားနေ၊ အိပ်နေစဉ်မှာ ခင်ပွန်းဖြစ်သူကို ကလေးကြည့်ထားခိုင်းသင့်ပါတယ်။

Obimin 1

5.  နို့ကောင်းကောင်းထွက်ပြီး ကလေးအာဟာရဓာတ် ပြည့်ဝစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်တဲ့ အစားအစာများများစားပါ။ ပဲသီး၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းပွင့်၊ ဟင်းနုနွယ်နဲ့ ကညွတ်စတဲ့ အစိမ်းရောင် သစ်သီးဝလံတွေ အပြင် သံဓာတ်ပြည့်ဝတဲ့ မုန်လာဥနဲ့ ကန်စွန်းဥတွေဟာ နို့ထွက်ကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ လိမ္မော်သီး၊ ဖရဲသီး၊ ဘယ်ရီသီးတွေနဲ သစ်သီးခြောက်တွေကို များများစားသင့်ပါတယ်။
6.  ကလေးသက် ၆ လ အထိ အမေ့နို့တစ်မျိုးကိုသာ တိုက်ကျွေးပါ။ အခြာအရည်တွေ၊ ယုတ်စွအဆုံး ရေတောင်မတိုက်သင့်ပါဘူး။ အခြားဖြည့်စွက်အစာတွေလည်း မလိုအပ်သေးပါဘူး။
7.  နို့တိုက်ပြီး နို့သီးခေါင်းတွေ နာကျင်လာလျင် သံလွင်ဆီ သို့မဟုတ် အုန်းဆီကို နို့တိုက်ပြီးတိုင်း လိမ်းပေးပါ။
8.  ကလေးနို့ကို ကောင်းကောင်းမငုံတဲ့အခါ ပါးစပ်ဟလာအောင် ကလေးအပေါ် နှုတ်ခမ်းလေးကို နို့သီးခေါင်းလေးနဲ့ တို့တို့ပေးပါ။ ကလေးရဲ့ပါးစပ်ဟာ နို့သီးခေါင်းနဲ့သားမြတ်ကို ကောင်ကောင်းငုံမိပါစေ။
9.  နို့တိုက်ပြီးတိုင်း လေထုတ်ပေးဖို့ လုံးဝမမေ့ပါနဲ့။

Dr. Mya Phoo Ngon (www.drmyanmar.com)

Obimin 2

(Zawgyi)

1.  ကေလးကို ဘယ္အခ်ိန္ ႏို႔စတိုက္သင့္သလဲ ေတြးမေနပါနဲ႔။ ကေလးေမြးၿပီးစမွာ ထြက္တဲ့ႏို႔ဦးရည္ဟာ ကေလးကို ေရာဂါပိုးမႊားမ်ားမွ ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္။ ႏို႔ဦးရည္မွာ ကေလးအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြ အကုန္ပါဝင္တဲ့အတြက္ ေမြးကင္းစကေလးအတြက္ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။
2.  ႏို႔တိုက္စမွာ သက္ေသာင့္သက္သာမရွိသလို ခံစားရႏိုင္ပါတယ္။ မနာမက်င္ဘဲ ကေလးႏို႔ကို ေကာင္းေကာင္း ငုံတတ္ေစဖို႔ ကြၽမ္းက်င္တဲ့သူေတြကို ေမးျမန္းတိုင္ပင္ပါ။
3.  ကေလးကို ၂ နာရီ - ၃နာရီျခားတစ္ခါ သို႔မဟုတ္ ႏို႔ဆာတဲ့အရိပ္အေယာင္ျပတိုင္းမွာ ႏို႔တိုက္ပါ။ ကေလးႏို႔ဆာတဲ့အခါ လက္ကိုစုပ္တာ၊ မ်က္ႏွာကို အေမ့ႏို႔ဘက္ကို လွည့္လွည့္ေနတာ၊ ပါးစပ္ေလး ပြစိပြစိလုပ္ေနတာမ်ိဳးေတြ ျပတတ္ပါတယ္။
4.  ကေလးႏို႔တိုက္ေနစဥ္ကာလမွာ အလြန္ပင္ပန္း ႏြမ္းနယ္ေနတတ္ပါတယ္။ ဒါေၾကာင့္ မိခင္ျဖစ္သူ စားေန၊ အိပ္ေနစဥ္မွာ ခင္ပြန္းျဖစ္သူကို ကေလးၾကည့္ထားခိုင္းသင့္ပါတယ္။
5.  ႏို႔ေကာင္းေကာင္းထြက္ၿပီး ကေလးအာဟာရဓာတ္ ျပည့္ဝေစဖို႔ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အာဟာရျပည့္တဲ့ အစားအစာမ်ားမ်ားစားပါ။ ပဲသီး၊ ပန္းေဂၚဖီစိမ္း၊ ပန္းပြင့္၊ ဟင္းႏုႏြယ္နဲ႔ ကၫြတ္စတဲ့ အစိမ္းေရာင္ သစ္သီးဝလံေတြ အျပင္ သံဓာတ္ျပည့္ဝတဲ့ မုန္လာဥနဲ႔ ကန္စြန္းဥေတြဟာ ႏို႔ထြက္ေကာင္းေစပါတယ္။ ဒါ့အျပင္ ဗီတာမင္ဓာတ္ႂကြယ္ဝတဲ့ လိေမၼာ္သီး၊ ဖရဲသီး၊ ဘယ္ရီသီးေတြနဲ သစ္သီးေျခာက္ေတြကို မ်ားမ်ားစားသင့္ပါတယ္။
6.  ကေလးသက္ ၆ လ အထိ အေမ့ႏို႔တစ္မ်ိဳးကိုသာ တိုက္ေကြၽးပါ။ အျခာအရည္ေတြ၊ ယုတ္စြအဆုံး ေရေတာင္မတိုက္သင့္ပါဘူး။ အျခားျဖည့္စြက္အစာေတြလည္း မလိုအပ္ေသးပါဘူး။
7.  ႏို႔တိုက္ၿပီး ႏို႔သီးေခါင္းေတြ နာက်င္လာလ်င္ သံလြင္ဆီ သို႔မဟုတ္ အုန္းဆီကို ႏို႔တိုက္ၿပီးတိုင္း လိမ္းေပးပါ။
8.  ကေလးႏို႔ကို ေကာင္းေကာင္းမငုံတဲ့အခါ ပါးစပ္ဟလာေအာင္ ကေလးအေပၚ ႏႈတ္ခမ္းေလးကို ႏို႔သီးေခါင္းေလးနဲ႔ တို႔တို႔ေပးပါ။ ကေလးရဲ႕ပါးစပ္ဟာ ႏို႔သီးေခါင္းနဲ႔သားျမတ္ကို ေကာင္ေကာင္းငုံမိပါေစ။
9.  ႏို႔တိုက္ၿပီးတိုင္း ေလထုတ္ေပးဖို႔ လုံးဝမေမ့ပါနဲ႔။

Dr. Mya Phoo Ngon (www.drmyanmar.com)