/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးနို့တိုက်နေတဲ့မေမေတို့-ရှောင်သင့်တာ

ကလေးနို့တိုက်နေတဲ့မေမေတို့ ရှောင်သင့်တာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

နို့တိုက်နေတဲ့အချိန်တွေမှာ အပူအစပ်တွေ စားသင့်သလား၊ ကော်ဖီ သောက်လို့ရလား စသဖြင့် မေးခွန်းလေးတွေ မေမေတို့မှာ ရှိနေတယ်ဆိုရင် ဖတ်ကြည့်လိုက်ပါနော်။

(၁)  ကော်ဖီ
ကော်ဖီနဲ့ လက်ဖက်ရည်တွေမှာ ကဖိန်းဓာတ်ပါဝင်တဲ့အတွက် နို့တိုက်မိခင်တွေအနေနဲ့ မသောက်သုံးခြင်းက အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုရင် ကလေးတွေအနေနဲ့ လူကြီးများကဲ့သို့ ကဖိန်းဓာတ်ကို လက်မခံနိုင်တဲ့အတွက် ကလေးရဲ့အိပ်ချိန်တွေ ပုံမမှန်ဖြစ်နိုင်သလို စိတ်တိုခြင်း၊ ဂျီကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

(၂)  အရက်၊ ဘီယာ
အရက်၊ ဘီယာကတော့ လုံးဝကိုရှောင်ကြဉ်ရမယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ အရက်ဟာ မိခင်နို့ကနေတစ်ဆင့် ကလေးဆီ ရောက်ရှိနိုင်ပြီး ကလေးရဲ့အာရုံကြောတွေကို ထိခိုက်စေပါတယ်။

(၃)  မြေပဲ
မိသားစုထဲမှာ မြေပဲနဲ့ ဓာတ်မတည့်သူ ရှိနေတယ်ဆိုရင်တော့ နို့တိုက်နေချိန် မြေပဲ လုံးဝမစားသင့်ဘူးနော်။ အခန့်မသင့်ပါက ကလေးအနေနဲ့ ယားယံကွက်များ၊ အင်ပြင်များ ဖြစ်ပေါ်လာနိုင်ပါတယ်။

Obimin 1

(၄)  အပူအစပ်များ
အပူအစပ် အစားများတာက မေမေတို့ရဲ့ အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်ကော နို့တိုက်ချိန်မှာပါ အပူအစပ်တွေကို မစားသင့်ပါဘူး။

(၅)  စိတ်ဖိစီးမှု
မေမေတို့အနေနဲ့ ကလေးကို ပြုစုရတာမို့ ပင်ပန်းနွမ်းနယ်ခြင်းနဲ့အတူ စိတ်ဖိစီးမှုများ ဝင်ရောက်နိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးတဲ့အခါ မိခင်နို့ထွက် နည်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် နည်းအောင် နေသင့်ပါတယ်။

(၆)  မိမိသဘောနဲ့ ဆေးများသောက်ခြင်း
ကလေး နို့တိုက်နေသော မိခင်များအနေနဲ့ နာမကျန်းဖြစ်တဲ့အခါ မိမိသဘောနဲ့ ဆေးများသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Obimin 2

(Zawgyi)

ႏို႔တိုက္ေနတဲ့အခ်ိန္ေတြမွာ အပူအစပ္ေတြ စားသင့္သလား၊ ေကာ္ဖီ ေသာက္လို႔ရလား စသျဖင့္ ေမးခြန္းေလးေတြ ေမေမတို႔မွာ ရွိေနတယ္ဆိုရင္ ဖတ္ၾကည့္လိုက္ပါေနာ္။

(၁)  ေကာ္ဖီ
ေကာ္ဖီနဲ႔ လက္ဖက္ရည္ေတြမွာ ကဖိန္းဓာတ္ပါဝင္တဲ့အတြက္ ႏို႔တိုက္မိခင္ေတြအေနနဲ႔ မေသာက္သုံးျခင္းက အေကာင္းဆုံးပါပဲ။ ဘာလို႔လဲဆိုရင္ ကေလးေတြအေနနဲ႔ လူႀကီးမ်ားကဲ့သို႔ ကဖိန္းဓာတ္ကို လက္မခံႏိုင္တဲ့အတြက္ ကေလးရဲ႕အိပ္ခ်ိန္ေတြ ပုံမမွန္ျဖစ္ႏိုင္သလို စိတ္တိုျခင္း၊ ဂ်ီက်ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။

(၂)  အရက္၊ ဘီယာ
အရက္၊ ဘီယာကေတာ့ လုံးဝကိုေရွာင္ၾကဥ္ရမယ္ဆိုတာ သိၾကၿပီးျဖစ္မွာပါ။ အရက္ဟာ မိခင္ႏို႔ကေနတစ္ဆင့္ ကေလးဆီ ေရာက္ရွိႏိုင္ၿပီး ကေလးရဲ႕အာ႐ုံေၾကာေတြကို ထိခိုက္ေစပါတယ္။

(၃)  ေျမပဲ
မိသားစုထဲမွာ ေျမပဲနဲ႔ ဓာတ္မတည့္သူ ရွိေနတယ္ဆိုရင္ေတာ့ ႏို႔တိုက္ေနခ်ိန္ ေျမပဲ လုံးဝမစားသင့္ဘူးေနာ္။ အခန႔္မသင့္ပါက ကေလးအေနနဲ႔ ယားယံကြက္မ်ား၊ အင္ျပင္မ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။

(၄)  အပူအစပ္မ်ား
အပူအစပ္ အစားမ်ားတာက ေမေမတို႔ရဲ႕ အစာအိမ္ကို ဒုကၡေပးႏိုင္တဲ့အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္ေကာ ႏို႔တိုက္ခ်ိန္မွာပါ အပူအစပ္ေတြကို မစားသင့္ပါဘူး။

(၅)  စိတ္ဖိစီးမႈ
ေမေမတို႔အေနနဲ႔ ကေလးကို ျပဳစုရတာမို႔ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔အတူ စိတ္ဖိစီးမႈမ်ား ဝင္ေရာက္ႏိုင္ပါတယ္။ ဒီလိုစိတ္ဖိစီးတဲ့အခါ မိခင္ႏို႔ထြက္ နည္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကို တတ္ႏိုင္သေလာက္ နည္းေအာင္ ေနသင့္ပါတယ္။

(၆)  မိမိသေဘာနဲ႔ ေဆးမ်ားေသာက္ျခင္း
ကေလး ႏို႔တိုက္ေနေသာ မိခင္မ်ားအေနနဲ႔ နာမက်န္းျဖစ္တဲ့အခါ မိမိသေဘာနဲ႔ ေဆးမ်ားေသာက္ျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီးမွ ေသာက္သုံးသင့္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)