ကလေးမွေးပြီးစ မေမေတွေအတွက် ဦးစားပေးစားပေးသင့်တဲ့ အစားအစာတွေ
ကိုယ်ဝန်ဆောင်ချိန်ကာလမှာ အမျိုးသမီးတိုင်းလိုလိုဟာ အနည်းနဲ့အများတော့ ကိုယ်အလေးချိန် တိုးလာတတ်ကြပါတယ်။ ဒီအတွက်ကြောင့် ကလေးမွေးပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားကြတဲ့ မေမေတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလို ကလေးမွေးပြီးစကာလမှာ ကိုယ်အလေးချိန် လျှော့ချဖို့ထက်စာရင် လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိစေမယ့် အစားအစာတွေကို ရွေးချယ်တတ်ဖို့ ပိုမိုအရေးကြီးပါတယ်။ ဒါမှသာ မိခင်ကောကလေးပါ ကျန်းမာပြီး လိုအပ်တဲ့အာဟာရဓာတ်တွေကို ပြည့်ပြည့်၀၀ ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) အဆီပါဝင်မှုနည်းသော နို့ထွက်ပစ္စည်းများ
နွားနို့၊ ဒိန်ချိဉ် စတဲ့ နို့ထွက်ပစ္စည်းတွေဟာ နို့တိုက်မိခင်တွေအတွက် လိုအပ်တဲ့ ကယ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင် B တို့ကို ပေးစွမ်းတဲ့အတွက် တစ်နေ့ ကို သုံးခွက်လောက် စားသုံးပေးသင့်ပါတယ်။
(၂) အသား
အသားတွေဟာ သံဓာတ်၊ ပရိုတင်းနဲ့ ဗီတာမင် B12 ကြွယ်ဝတာမို့ စွမ်းအင်ကို တိုးပွားစေပါတယ်။
(၃) ပဲအမျိုးမျိုး
ပဲကတ္တီပါ၊ ပဲကြီးစတဲ့ အရောင်ရင့်သော ပဲအမျိုးမျိုးကို စားပေးခြင်းဖြင့် စွမ်းအင်တိုးပွားစေပြီး ပရိုတင်းဓာတ် ပြည့်ဝစေမှာ ဖြစ်ပါတယ်။
(၄) အစိမ်းရောင်အရွက်များ
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး နှလုံးအားကောင်းစေတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ ကညွတ်၊ ပန်းဂေါ်ဖီစိမ်းစတဲ့ ဗီတာမင် A ကြွယ်ဝတဲ့အရွက်တွေကို နေ့စဉ်စားခြင်းဖြင့် မိခင်ကော ကလေးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါလိမ့်မယ်။
Obimin 1

(၅) ဆန်လုံးညို
ကလေးမွေးပြီး မိခင်တွေအနေနဲ့ ဝိတ်ပြန်ကျချင်တဲ့အတွက် ကစီဓာတ်ကို ဖြတ်ဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါပေမဲ့ ကစီဓာတ် နည်းပါးပါက နို့ထွက်နည်းစေပြီး မေမေ့ကိုလည်း နုံးချိနေစေပါတယ်။ ဒါကြောင့် ကစီဓာတ်ကို ဖြတ်မယ့်အစား ကစီဓာတ်ပါဝင်မှုနည်းတဲ့ ဆန်လုံးညိုကို စားပေးခြင်းဖြင့် လုံလောက်တဲ့စွမ်းအင်ကို ရရှိမှာပါ။
(၆) ချဉ်သောအသီးများ
လိမ္မော်သီးကဲ့သို့ ချဉ်တဲ့အသီးတွေမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက် နေ့စဉ်စားပေးသင့်ပါတယ်။
(၇) ဆယ်လမွန်ငါး
ဆယ်လမွန်ငါးမှာ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ DHA ပါဝင်တဲ့အပြင် ကလေးမွေးပြီးစ မေမေတို့မှာ ဖြစ်လေ့ရှိတဲ့ စိတ်ကျရောဂါကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။
(၈) ကြက်ဥ
ကြက်ဥမှာ ပရိုတင်းကြွယ်ဝစွာ ပါဝင်တာကြောင့် စွမ်းအင်ကို တိုးပွားစေပါတယ်။
(၉) ရေ
နို့တိုက်နေချိန်မှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးတဲ့အတွက် နေ့စဉ်လုံလောက်တဲ့ ရေပမာဏကို သောက်သုံးပေးဖို့လည်း မမေ့ပါနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Obimin 2

(Zawgyi)
ကိုယ္ဝန္ေဆာင္ခ်ိန္ကာလမွာ အမ်ိဳးသမီးတိုင္းလိုလိုဟာ အနည္းနဲ႔အမ်ားေတာ့ ကိုယ္အေလးခ်ိန္ တိုးလာတတ္ၾကပါတယ္။ ဒီအတြက္ေၾကာင့္ ကေလးေမြးၿပီးတာနဲ႔ တစ္ၿပိဳင္နက္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ ႀကိဳးစားၾကတဲ့ ေမေမေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ဒီလို ကေလးေမြးၿပီးစကာလမွာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ထက္စာရင္ လိုအပ္တဲ့အာဟာရဓာတ္ေတြ ရရွိေစမယ့္ အစားအစာေတြကို ေရြးခ်ယ္တတ္ဖို႔ ပိုမိုအေရးႀကီးပါတယ္။ ဒါမွသာ မိခင္ေကာကေလးပါ က်န္းမာၿပီး လိုအပ္တဲ့အာဟာရဓာတ္ေတြကို ျပည့္ျပည့္၀၀ ရရွိႏိုင္မွာ ျဖစ္ပါတယ္။
(၁) အဆီပါဝင္မႈနည္းေသာ ႏို႔ထြက္ပစၥည္းမ်ား
ႏြားႏို႔၊ ဒိန္ခ်ိဥ္ စတဲ့ ႏို႔ထြက္ပစၥည္းေတြဟာ ႏို႔တိုက္မိခင္ေတြအတြက္ လိုအပ္တဲ့ ကယ္ဆီယမ္၊ ပ႐ိုတင္းနဲ႔ ဗီတာမင္ B တို႔ကို ေပးစြမ္းတဲ့အတြက္ တစ္ေန႔ ကို သုံးခြက္ေလာက္ စားသုံးေပးသင့္ပါတယ္။
(၂) အသား
အသားေတြဟာ သံဓာတ္၊ ပ႐ိုတင္းနဲ႔ ဗီတာမင္ B12 ႂကြယ္ဝတာမို႔ စြမ္းအင္ကို တိုးပြားေစပါတယ္။
(၃) ပဲအမ်ိဳးမ်ိဳး
ပဲကတၱီပါ၊ ပဲႀကီးစတဲ့ အေရာင္ရင့္ေသာ ပဲအမ်ိဳးမ်ိဳးကို စားေပးျခင္းျဖင့္ စြမ္းအင္တိုးပြားေစၿပီး ပ႐ိုတင္းဓာတ္ ျပည့္ဝေစမွာ ျဖစ္ပါတယ္။
(၄) အစိမ္းေရာင္အရြက္မ်ား
ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ႂကြယ္ဝၿပီး ႏွလုံးအားေကာင္းေစတဲ့ဓာတ္ေတြလည္း ပါဝင္ပါတယ္။ ကၫြတ္၊ ပန္းေဂၚဖီစိမ္းစတဲ့ ဗီတာမင္ A ႂကြယ္ဝတဲ့အရြက္ေတြကို ေန႔စဥ္စားျခင္းျဖင့္ မိခင္ေကာ ကေလးရဲ႕ က်န္းမာေရးကို ေကာင္းမြန္ေစပါလိမ့္မယ္။
(၅) ဆန္လုံးညိဳ
ကေလးေမြးၿပီး မိခင္ေတြအေနနဲ႔ ဝိတ္ျပန္က်ခ်င္တဲ့အတြက္ ကစီဓာတ္ကို ျဖတ္ဖို႔ ႀကိဳးစားၾကပါလိမ့္မယ္။ ဒါေပမဲ့ ကစီဓာတ္ နည္းပါးပါက ႏို႔ထြက္နည္းေစၿပီး ေမေမ့ကိုလည္း ႏုံးခ်ိေနေစပါတယ္။ ဒါေၾကာင့္ ကစီဓာတ္ကို ျဖတ္မယ့္အစား ကစီဓာတ္ပါဝင္မႈနည္းတဲ့ ဆန္လုံးညိဳကို စားေပးျခင္းျဖင့္ လုံေလာက္တဲ့စြမ္းအင္ကို ရရွိမွာပါ။
(၆) ခ်ဥ္ေသာအသီးမ်ား
လိေမၼာ္သီးကဲ့သို႔ ခ်ဥ္တဲ့အသီးေတြမွာ ဗီတာမင္စီ ႂကြယ္ဝတဲ့အတြက္ ေန႔စဥ္စားေပးသင့္ပါတယ္။
(၇) ဆယ္လမြန္ငါး
ဆယ္လမြန္ငါးမွာ ကေလးငယ္ရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္တဲ့ DHA ပါဝင္တဲ့အျပင္ ကေလးေမြးၿပီးစ ေမေမတို႔မွာ ျဖစ္ေလ့ရွိတဲ့ စိတ္က်ေရာဂါကိုပါ ကာကြယ္ေပးႏိုင္ပါေသးတယ္။
(၈) ၾကက္ဥ
ၾကက္ဥမွာ ပ႐ိုတင္းႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ စြမ္းအင္ကို တိုးပြားေစပါတယ္။
(၉) ေရ
ႏို႔တိုက္ေနခ်ိန္မွာ ေရဓာတ္ျပည့္ဝဖို႔ အေရးႀကီးတဲ့အတြက္ ေန႔စဥ္လုံေလာက္တဲ့ ေရပမာဏကို ေသာက္သုံးေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























