/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးပြီးနောက်-မေမေတို့ရဲ့-စိတ်အပြောင်းအလဲများနဲ့-စိတ်ကျရောဂါ

ကလေးမွေးပြီးနောက် မေမေတို့ရဲ့ စိတ်အပြောင်းအလဲများနဲ့ စိတ်ကျရောဂါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကလေးလေးတစ်ယောက် မွေးဖွားလာတာဟာ ပျော်စရာကိစ္စတစ်ခုဆိုပေမယ့် တချို့အမေတွေအတွက် ဝမ်းနည်းတာ၊ စိတ်ရှုပ်တာ စတာတွေကို ရက်အတော်ကြာ၊ လအတော်ကြာ ခံစားရတတ်ပါတယ်။ တချို့တွေကတော့ ပျို့ချင်၊ အန်ချင်တာ၊ ပင်ပန်းနေတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။ နောက်တစ်မျိုးကတော့ အားလုံးကို ပုံမှန်လုပ်နိုင်နေပေမယ့် ကလေးကို သံယောဇဉ်မရှိတာမျိုးတွေပေါ့။
●  ကလေးမွေးပြီးမှဖြစ်တဲ့ စိတ်ကျရောဂါထဲမှာ စိတ်ဓာတ်ကျတာ၊ စိတ်တွေရှုပ်ထွေးနေတာ၊ စိတ်လှုပ်ရှားပြီဆိုရင် အသက်ရှူမရ၊ ချွေးစေးတွေပြန်လာတာ၊ တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်မိနေတာ၊ အဲလိုလုပ်ချင်စိတ်ကိုလည်း ထိန်းမရဖြစ်နေတာ စတာတွေ ပါပါတယ်။
●  စိတ်ကျရောဂါဟာ ကလေးမွေးခါစမှာ အဖြစ်များတဲ့ သာမန်စိတ်အတက်အကျ (baby blues) ဖြစ်တာနဲ့ မတူပါဘူး။ ပုံမှန်အားဖြင့် မေမေအသစ်တွေမှာ စိတ်အပြောင်းအလဲ အတက်အကျဖြစ်တာက မွေးပြီး ၆ ပတ်အတွင်းမှာ ဖြစ်တတ်ပြီး ၅၀-၈၅ % လောက်အမေတွေမှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ အိပ်ရေးပျက်တာတွေကြောင့် ဖြစ်တတ်ပြီး ကုသမှု မလိုပါဘူး။
●  စိတ်ကျရောဂါလိုမျိုးကျတော့ မွေးပြီးပြီးချင်းမှာ မဖြစ်တတ်ပါဘူး။ တချို့ကလည်း ရက်အနည်းငယ်၊ တချို့က တော်တော်ကြာမှ လက္ခဏာ စပေါ်ပါတယ်။ အဖြစ်များဆုံးကတော့ ၃ လအတွင်းပါ။

Obimin 1

●  ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါနဲ့ သာမန်စိတ်ကျရောဂါမှာ တူညီတာတွေရှိသလို ထပ်တိုးလာတဲ့ လက္ခဏာတွေလည်း ရှိပါတယ်။ ဝမ်းနည်းတာ၊ အိပ်မပျော်တာ၊ မပျော်တော့တာ၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်တာတွေအပြင် ကလေးနဲ့ နှစ်ယောက်ထဲ ကျန်ခဲ့ရမှာကြောက်တာ၊ ကိုယ့်ကိုယ်ကို မိခင်ကောင်းမဟုတ်ဘူးလို့ ခံစားရတာ၊ ကလေးကို နာကျင်အောင် လုပ်ချင်တာ၊ ကလေး အိပ်နေရင် အိပ်လို့မရတာ စတာတွေ ဖြစ်ပါတယ်။
●  အဓိကအားဖြင့် စိတ်ရောဂါကျွမ်းကျင်ပညာရှင်တွေနဲ့ စကားပြောပေးတာ၊ အမေ့ကို နားလည်ပေးတာ၊ အားပေးတာ၊ သူ့အပြစ်မဟုတ်ဘူးလို့ ပြောပေးတာတွေနဲ့ ကုသပေးရပါမယ်။ စိတ်ရောဂါဆရာဝန်က လိုအပ်ရင် ဆေးပေးပါလိမ့်မယ်။
●  အရေးကြီးတာကတော့ ဒီလိုတွေဖြစ်နေပေမယ့် သင်က မိခင်ဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာ သိထားရပါမယ်။ ဒါဟာ ရောဂါတစ်ခုဆိုတာ နားလည်ထားပြီး လိုအပ်ရင် မိသားစု၊ သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြ၊ ဆေးကုသမှုကို ခံယူရပါမယ်။

Dr. Htar (www.drmyanmar.com)

Obimin 2

(Zawgyi)

ကေလးေလးတစ္ေယာက္ ေမြးဖြားလာတာဟာ ေပ်ာ္စရာကိစၥတစ္ခုဆိုေပမယ့္ တခ်ိဳ႕အေမေတြအတြက္ ဝမ္းနည္းတာ၊ စိတ္ရႈပ္တာ စတာေတြကို ရက္အေတာ္ၾကာ၊ လအေတာ္ၾကာ ခံစားရတတ္ပါတယ္။ တခ်ိဳ႕ေတြကေတာ့ ပ်ိဳ႕ခ်င္၊ အန္ခ်င္တာ၊ ပင္ပန္းေနတာ စတဲ့ ႐ုပ္ပိုင္းဆိုင္ရာလကၡဏာေတြကို ခံစားရေလ့ရွိပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ အားလုံးကို ပုံမွန္လုပ္ႏိုင္ေနေပမယ့္ ကေလးကို သံေယာဇဥ္မရွိတာမ်ိဳးေတြေပါ့။
●  ကေလးေမြးၿပီးမွျဖစ္တဲ့ စိတ္က်ေရာဂါထဲမွာ စိတ္ဓာတ္က်တာ၊ စိတ္ေတြရႈပ္ေထြးေနတာ၊ စိတ္လႈပ္ရွားၿပီဆိုရင္ အသက္ရႉမရ၊ ေခြၽးေစးေတြျပန္လာတာ၊ တစ္ခုခုကို ထပ္ခါထပ္ခါ လုပ္မိေနတာ၊ အဲလိုလုပ္ခ်င္စိတ္ကိုလည္း ထိန္းမရျဖစ္ေနတာ စတာေတြ ပါပါတယ္။
●  စိတ္က်ေရာဂါဟာ ကေလးေမြးခါစမွာ အျဖစ္မ်ားတဲ့ သာမန္စိတ္အတက္အက် (baby blues) ျဖစ္တာနဲ႔ မတူပါဘူး။ ပုံမွန္အားျဖင့္ ေမေမအသစ္ေတြမွာ စိတ္အေျပာင္းအလဲ အတက္အက်ျဖစ္တာက ေမြးၿပီး ၆ ပတ္အတြင္းမွာ ျဖစ္တတ္ၿပီး ၅၀-၈၅ % ေလာက္အေမေတြမွာ ျဖစ္တတ္ပါတယ္။ ေဟာ္မုန္းအေျပာင္းအလဲ၊ အိပ္ေရးပ်က္တာေတြေၾကာင့္ ျဖစ္တတ္ၿပီး ကုသမႈ မလိုပါဘူး။
●  စိတ္က်ေရာဂါလိုမ်ိဳးက်ေတာ့ ေမြးၿပီးၿပီးခ်င္းမွာ မျဖစ္တတ္ပါဘူး။ တခ်ိဳ႕ကလည္း ရက္အနည္းငယ္၊ တခ်ိဳ႕က ေတာ္ေတာ္ၾကာမွ လကၡဏာ စေပၚပါတယ္။ အျဖစ္မ်ားဆုံးကေတာ့ ၃ လအတြင္းပါ။
●  ကေလးေမြးၿပီးျဖစ္တဲ့ စိတ္က်ေရာဂါနဲ႔ သာမန္စိတ္က်ေရာဂါမွာ တူညီတာေတြရွိသလို ထပ္တိုးလာတဲ့ လကၡဏာေတြလည္း ရွိပါတယ္။ ဝမ္းနည္းတာ၊ အိပ္မေပ်ာ္တာ၊ မေပ်ာ္ေတာ့တာ၊ ကိုယ့္ကိုယ္ကို ထိခိုက္ေအာင္လုပ္တာေတြအျပင္ ကေလးနဲ႔ ႏွစ္ေယာက္ထဲ က်န္ခဲ့ရမွာေၾကာက္တာ၊ ကိုယ့္ကိုယ္ကို မိခင္ေကာင္းမဟုတ္ဘူးလို႔ ခံစားရတာ၊ ကေလးကို နာက်င္ေအာင္ လုပ္ခ်င္တာ၊ ကေလး အိပ္ေနရင္ အိပ္လို႔မရတာ စတာေတြ ျဖစ္ပါတယ္။
●  အဓိကအားျဖင့္ စိတ္ေရာဂါကြၽမ္းက်င္ပညာရွင္ေတြနဲ႔ စကားေျပာေပးတာ၊ အေမ့ကို နားလည္ေပးတာ၊ အားေပးတာ၊ သူ႔အျပစ္မဟုတ္ဘူးလို႔ ေျပာေပးတာေတြနဲ႔ ကုသေပးရပါမယ္။ စိတ္ေရာဂါဆရာဝန္က လိုအပ္ရင္ ေဆးေပးပါလိမ့္မယ္။
●  အေရးႀကီးတာကေတာ့ ဒီလိုေတြျဖစ္ေနေပမယ့္ သင္က မိခင္ဆိုးတစ္ေယာက္ မဟုတ္ဘူးဆိုတာ သိထားရပါမယ္။ ဒါဟာ ေရာဂါတစ္ခုဆိုတာ နားလည္ထားၿပီး လိုအပ္ရင္ မိသားစု၊ သူငယ္ခ်င္းေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပ၊ ေဆးကုသမႈကို ခံယူရပါမယ္။

Dr. Htar (www.drmyanmar.com)