ကလေးမွေးပြီးနောက် မေမေဝတုတ် မဖြစ်စေဖို့ နည်းလမ်းကောင်းများ
ကလေးမွေးပြီးစမိခင်များအနေနှင့် ကိုယ်အလေးချိန်တိုးလာခြင်းကြောင့် စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်မပူပါနှင့်။ ကလေးမွေးပြီးမိခင်တွေ ကိုယ်အလေးချိန် မြန်မြန်ကျစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။
(၁) အကောင်းမြင်ပါ
မေမေတို့အနေနှင့် ကလေးမွေးပြီးသုံးလလောက်မှာမှ ဝိတ်စချသင့်ပါတယ်။ ဒါကြောင့် ကလေးမွေးပြီးပြီးချင်း ဝဖြိုးနေပေမယ့်လည်း စိတ်ဓာတ်မကျဘဲ အကောင်းဘက်က မြင်သင့်ပါတယ်။
ဒီအချိန်မှာ ကလေးကော မိခင်ပါ ကျန်းမာနေဖို့ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့က ပိုအရေးကြီးတယ် မဟုတ်ပါလား။
Obimin 1

(၂) Diet plan ဝင်ကြမယ် (အစားရှောင်ကြမယ်)
နို့တိုက်မိခင်တွေအနေနှင့် အရမ်းတင်းကျပ်တဲ့ diet မျိူး မပြုလုပ်သင့်ပါဘူး။ ကလေးငယ်အတွက်ရော မိခင်ကျန်းမာရေးအတွက်ရော အာဟာရပြည့်ဝဖို့က အရေးကြီးတဲ့အတွက် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ သစ်သီးများနှင့် အရည်များများသောက်တာမျိုး ပြုလုပ်သင့်ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း
ယခုအခါမှာ ကလေးတစ်ဖက်နှင့် အလွယ်တကူပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းများစွာကို internet/ facebook/ youtube စသည်တို့ကနေကြည့်ပြီး ပြုလုပ်နိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သင့်ပါတယ်။
Obimin 2

(၄) ဟော်မုန်းပြောင်းလဲမှုများ ပြုလုပ်ခြင်း
ကလေးမွေးပြီးစအချိန် ကိုယ်အလေးချိန်တိုးခြင်းဟာ သိုင်းရွိုက်ဟော်မုန်းမမျှတခြင်းကဲ့သို့ ဟော်မုန်းအပြောင်းအလဲများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဆရာဝန်နှင့်ပြသပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။
(၅) စိတ်ဖိစီးမှုကင်းဝေးအောင် ကြိုးစားပြီး ပျော်ပျော်နေပါ
မီးဖွားပြီးခါစမေမေတိုင်းလိုလိုဟာ မှန်ကြည့်တိုင်း စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ရင်ဆိုင်ရပါတယ်။ ဒီအခါမှာ စိတ်ဖိစီးမှုများလာတဲ့အတွက် ပိုပြီးတောင် ဝဖြိုးလာစေပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုပေးတဲ့အရာမှန်သမျှကို တတ်နိုင်သမျှမတွေးဘဲ ပျော်ပျော်နေပါ။
မိခင်ဘဝဟာ အလွန်တန်ဖိုးရှိတဲ့ ဆုလာဒ်တစ်ခု ဖြစ်ပါတယ်။ မီးဖွားပြီးခါစမှာ ဝဖြိုးနေခြင်း၊ ပုံပျက်ပန်းပျက်ဖြစ်နေခြင်းဟာ စနစ်တကျ ပြန်လည်ကြိုးစားခြင်းဖြင့် ပင်ကိုယ်အတိုင်း ပြန်လည်လှပနိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























