/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးပြီး-အချိန်ဘယ်လောက်ကြာမှ-အမျိုးသားနဲ့-အတူနေသင့်သလဲ

ကလေးမွေးပြီး အချိန်ဘယ်လောက်ကြာမှ အမျိုးသားနဲ့ အတူနေသင့်သလဲ ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ယေဘုယျအားဖြင့် ကလေးမွေးဖွားပြီး 45 ရက်အကြာမှ အမျိုးသားနှင့် အတူနေသင့်ပါတယ်။ ကလေးမွေးပြီးချိန်မှာ သွေးတိတ်ဖို့၊ အနာကျက်ဖို့၊ သားအိမ်ခေါင်းပြန်ပိတ်ဖို့အတွက်အချိန်ယူရတာကြောင့် ကလေးမီးဖွားပြီး နှစ်ပတ်အတွင်း အမျိုးသားနှင့်အတူနေပါက သွေးသွန်ခြင်းနဲ့ သားအိမ်တွင်းပိုး၀င်ခြင်း တို့ကို ဖြစ်စေနိုင်တာကြောင့် 6 ပတ်ကျော်ပြီး စိတ်ချရတဲ့အနေအထားရောက်မှသာ အတူနေသင့်ပါတယ်။ ဗိုက်ခွဲမွေးထားသူများ၊ ကလေးမွေးဖွားစဉ် မိန်းမကိုယ်နှင့် စအို၀အကြားတွင် ဒဏ်ရာရရှိသူများ၊ မွေး လမ်းကြောင်းချဲ့ထားသူများအနေဖြင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်း အထူးဂရုစိုက်လိုက်နာသင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)