ကိုယ်ဝန်ဆိပ်တက်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ကယ်လ်ဆီယမ်ဓာတ်
ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်တက်လို့ဖြစ်တဲ့ ရောဂါတစ်ခုပါ။ မိခင်ရော၊ ကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်လို့ အတတ်နိုင်ဆုံး ရောဂါမဖြစ်အောင် ကာကွယ်ပေးသင့်ပါတယ်။ ဒီလိုကာကွယ်ဖို့အတွက် ကယ်လ်ဆီယမ်ဓာတ်က ကူညီပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ဟာ သွေးကြောတွေမှာရှိတဲ့ ချောမွေ့ကြွက်သားတွေ ကျုံ့ခြင်း၊ ဆန့်ခြင်းကို ထိန်းညှိပေးတာကြောင့် ကယ်လ်ဆီယမ်ဓာတ်နည်းတဲ့အခါ ကြွက်သားပျော့ပြောင်းမှုမရှိဘဲ သွေးကြောကျဥ်းပြီး သွေးပေါင်ချိန် တက်လာရပါတယ်။ သွေးပေါင်ချိန်တက်လာတဲ့အခါ နောက်ဆက်တွဲ ကိုယ်ဝန်ဆိပ်တက်လာနိုင်လို့ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် ကယ်လ်ဆီယမ်ဓာတ် လုံလောက်စွာရရှိအောင် စားပေးသင့်ပါတယ်။
Obimin Calcium IA 1

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့…..
● နို့နဲ့နို့ထွက်ပစ္စည်းများ
● ဒိန်ချဥ်
● အရိုးပါစားလို့ရတဲ့ ငါးသေတ္တာငါး၊ ဆယ်လ်မွန်ငါးများ
● ဟင်းနုနွယ်၊ ကိုက်လန်၊ ထိုင်ဝမ်မုန်ညင်း၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီစိမ်း အစရှိတဲ့ အစိမ်းရင့်ရောင်
● ဟင်းသီးဟင်းရွက်များ
● ပဲအမျိုးမျိုး
● ဗာဒံစေ့
● သဖန်းသီး စတာတွေပဲ ဖြစ်ပါတယ်။
Obimin Calcium IA 2

ကယ်လ်ဆီယမ်ဓာတ်ဟာ အရေးပါတဲ့သတ္တုဓာတ်ဖြစ်ပေမယ့် ၅၀% သောလူတွေဟာ တစ်နေ့တာလိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို ပြည့်မီအောင် မစားသောက်နိုင်ကြတာများပါတယ်။ ကယ်လ်ဆီယမ်စားသုံးမှုနည်းသူတွေအနေနဲ့ ကယ်လ်ဆီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို မှီဝဲပေးသင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ ညွှန်ကြားချက်အရ ကယ်လ်ဆီယမ်စားသုံးမှုနည်းတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆိပ်တက်ခြင်းမဖြစ်စေဖို့ တစ်နေ့ကို ကယ်လ်ဆီယမ် (၁.၅) ဂရမ်ကနေ (၂) ဂရမ်ထိ မှီဝဲပေးရန်လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းမှ ကာကွယ်ဖို့အတွက် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပိုမိုစားသောက်ပြီး ကယ်လ်ဆီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို မှီဝဲပေးကြဖို့ အကြံပြုချင်ပါတယ်။