ကိုယ်ဝန်ဆိပ်တက်နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးခြင်း၊ ဆီးထဲ အသားဓာတ်ပါခြင်းနဲ့ ဖောရောင်ခြင်းတို့ဖြစ်ရင် ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်ပါတယ်။ ပိုဆိုးခဲ့ရင် တက်တာ၊ သတိလစ်တာနဲ့ အမေရောကလေးပါ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ၇% ကနေ ၁၀% လောက် ကိုယ်ဝန်ဆိပ်တက်တာကို ခံစားရနိုင်ပါတယ်။
>> ဖြစ်နိုင်ချေရှိတဲ့ ကိုယ်ဝန်ဆောင်အုပ်စုတွေကတော့ -
1. သားဦးကိုယ်ဝန်
2. အမြွှာကိုယ်ဝန်
3. ဆယ်ကျော်သက်အရွယ်
4. အသက် (၄၀) ကျော် ကိုယ်ဝန်ဆောင်တွေနဲ့
5. သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်တွေပဲ ဖြစ်ပါတယ်။
Obimin 1

>> ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာတွေကတော့ -
1. မျက်နှာနဲ့ခြေလက်တွေ ဖောရောင်ခြင်း
2. သွေးပေါင်တက်ခြင်း
3. ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
4. ဆီးနည်းသွားခြင်း
5. ဗိုက်အောင့်ခြင်း
6. အမြင်ဝေဝါးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဆရာဝန်နဲ့ သွားပြတဲ့အခါ ဆရာဝန်က ရောဂါလက္ခဏာတွေအကြောင်းကို နားထောင်ပြီး အရင်က ဖြစ်ဖူးသမျှရောဂါတွေအကြောင်းကို မေးမြန်းတာ၊ စမ်းသပ်စစ်ဆေးတာတွေ လုပ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆိပ်တက်တာကို သိဖို့အတွက် သွေးပေါင်တိုင်းတာ၊ ဆီးစစ်တာတွေ လုပ်ရပါမယ်။
Obimin 2

သွေးတက်နေတယ်၊ ဆီးထဲ အသားဓာတ်ပါနေတယ်ဆိုရင် သွေးပေါင်ချမယ့်ဆေးနဲ့ အခြားလိုအပ်မယ့် ဆေးဝါးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။။ ဒါတွေနဲ့မှ မသက်သာရင် ဦးနှောက်ဓာတ်မှန်တွေရိုက်ဖို့ လိုအပ်ပါလိမ့်မယ်။
စိတ်ချရအောင်လို့ ဆရာဝန်က ဦးနှောက်ဓာတ်မှန် ရိုက်ခိုင်းတယ်ဆိုပေမယ့် လူတိုင်းတော့မဟုတ်ဘဲ ခေါင်းကိုက်တာအပြင်မှာ စိုးရိမ်ရတဲ့လက္ခဏာရှိသူတွေကို အဓိကရိုက်စေမှာပါ။ ဥပမာအားဖြင့် အာရုံကြောလက္ခဏာတွေဖြစ်တဲ့ အမြင်ဝေဝါးတာ၊ လမ်းလျှောက်ရခက်တာ၊ အားနည်းတာ၊ ထုံကျင်တာ စတာတွေဟာ ဦးနှောက်ထဲသွေးခဲပိတ်တာ၊ သွေးကြောပေါက်တာတွေရဲ့ လက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။
ဒီလိုအသက်အန္တရာယ်ရှိစေနိုင်တဲ့ အခြေအနေတွေကို ရှာဖွေဖို့အတွက် CT ကွန်ပျူတာဓာတ်မှန်၊ MRI သံလိုက်ဓာတ်မှန်တွေ ရိုက်ရပါတယ်။ တစ်ခါတလေ ခါးဆစ်ရိုးအရည်ကြည်ယူရတာမျိုးလည်း ရှိနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























