ကိုယ်ဝန်ဆောင်ကာလတွင် မိန်းမကိုယ်အနံ့ နံခြင်း
ကိုယ်ဝန်ဆောင်စဉ် ဆီးအနံ့ပြောင်းခြင်းကြောင့် မိန်းမကိုယ်အနံ့ပါ ပြောင်းလာခြင်း ဖြစ်နိုင်ပါတယ်။ ငါးညှီနံ့၊ အမိုးနီးယားနံ့ (AMMONIA) တို့ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ အဖြူဆင်းခြင်းနဲ့လည်း တွဲနိုင်ပါတယ်။
>> မိန်းမကိုယ်အနံ့နံစေတဲ့ အကြောင်းရင်းများ
(၁) ဘက်တီးရီးယားကြောင့် နံခြင်း (Bacterial vaginosis)
မိန်းမကိုယ် ယားယံခြင်းနဲ့ တွဲတတ်ပါတယ်။
(၂) မှိုကြောင့်နံခြင်း(Monilia yeast infection)
ဟော်မုန်းပြောင်းလဲခြင်း၊ အိပ်ရေးပျက်ခြင်း၊ အတွင်းခံအကြပ်များဝတ်ခြင်း၊ အစားအသောက် မမှန်ခြင်း၊ အချို့ဆေးဝါးများနဲ့ ဆီးချိုကြောင့် ဖြစ်တတ်ပါတယ်။
(၃) တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်နံခြင်း
အတွင်းခံအကြပ်များ၊ ဓာတုပစ္စည်းတွေပါဝင်တဲ့ တစ်ကိုယ်ရေ အသုံးအဆောင်များနဲ့ ရေမှန်မှန်မချိုးခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။
Obimin 1

>> ဘယ်လိုကာကွယ်ကုသမလဲ?
(၁) ချွေးစုပ်နိုင်တဲ့ ချည်သားဘောင်းဘီများ ဝတ်ဆင်ပါ။ အတွင်းခံကို မကြာခဏလဲပေးပါ။
(၂) အချိုနဲ့ အနံ့ပြင်းသောအစားအစာများကို ရှောင်ပါ။ အသီးအနှံနဲ့ ရေများများသောက်ပါ။
(၃) ဓာတုပစ္စည်းပါတဲ့ သန့်စင်ဆေးများသုံးခြင်းက မိန်းမကိုယ်ထဲသို့ ပိုးဝင်ဖို့ အခွင့်အလမ်း များစေသောကြောင့် အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
(၄) မိန်းမကိုယ်တစ်ဝိုက်ကို အမွှေးနံ့ပါတဲ့ ဆပ်ပြာ၊ တစ်ရှူးများနဲ့ စပရေး (spray) ဖြန်းခြင်းများ မပြုလုပ်ပါနဲ့။
(၅) မိန်းမကိုယ်အတွင်းထဲထိ ဆေးကြောခြင်းကို ရှောင်ကြဉ်ပါ။ နေ့စဉ်သုံး ကပ်ခွာအပါးလေးများကို တစ်ခုလျှင် အများဆုံး (၄) နာရီကြာအောင် သုံးပေးနိုင်ပါတယ်။
Obimin 2

>> ဆရာဝန်နဲ့ ဘယ်အချိန်မှာပြသရမလဲ?
(၁) ဖော်ပြပါနည်းလမ်းများနဲ့ အဆင်မပြေလျှင်
(၂) အချိန်ကြာမြင့်စွာ အနံ့ရှိနေလျှင်
(၃) မိန်းမကိုယ်တစ်ဝိုက် နီရဲရောင်ရမ်းခြင်း၊ ယားခြင်း၊ နာခြင်းနဲ့ နေရခက်လာလျှင် ပြသသင့်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)






























