ကိုယ်ဝန်ဆောင်ကာလမှာ မတော်တဆ လဲပြိုရင်၊ ချော်လဲရင် စိုးရိမ်ရလား
အဖြေကတော့ ရိုးရှင်းပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လဲပြိုတာတွေအတွက် ခန္ဓာကိုယ်က ကလေးကို ကာကွယ်ဖို့ ပုံစံဝင်ထားပြီးသားပါတဲ့။ လဲပြိုရုံလောက်နဲ့ ကလေးကို ထိခိုက်မိစေဖို့အတွက် လွန်စွာပြင်းထန်တဲ့အားတစ်ခု လိုပါတယ်။
● သားအိမ်ကြွက်သားက ထူတယ်။
● ရေမြွှာရည်တွေကလည်း ကူရှင်လို ခံထားပေးတယ်။
● ကိုယ်ဝန်စောစောပတ်တွေဆို သားအိမ်လေးက တင်ပါးဆုံရိုးကွင်းထဲမှာ ကွက်တိဝင်နေတော့ တော်ရုံထိခိုက်ဖို့ မလွယ်ဘူး။
>> သတိထားနေပါလျက်နဲ့ လဲပြိုကျခဲ့ရင် ချော်လဲရင် စိုးရိမ်စရာ အကြောင်းတွေကတော့ ဒီမှာပါ။
● သိပ်နာမယ်။
● သွေးဆင်းမယ်။
● ဗိုက်ကို တိုက်ရိုက် ထိခိုက်မိမယ်။
● ရေမြွှာရည်တွေ ဆင်းလာမယ်။
● ဗိုက်ကို ဖိမိရင် နာမယ်။
● ဗိုက်တွေ လှိမ့်နာမယ်။
● ကလေး မလှုပ်တော့ရင်
● အလှုပ်နည်းသွားရင်
ဒီလိုတွေ ခံစားရရင်တော့ ဆေးရုံကို အမြန်ဆုံး ပြေးပါတော့လို့ အကြံပြုပါရစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























