ကိုယ်ဝန်ဆောင်ချိန်ကို ကိုယ်ခံစွမ်းအားအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါဘယတွေ ကင်းဝေးပြီး ကိုယ်ခံအားပြည့်ဝနေဖို့က အင်မတန် အရေးကြီးတယ်ဆိုတာ လူတိုင်းလည်းအသိပါပဲ။ ဒီလိုကိုယ်ခံအားကောင်းနေဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်နော်။
၁။ ကိုယ်ခန္ဓာကို အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ၊ ရေဓာတ်တွေနဲ့ ဖြည့်တင်းပါ။
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းအသားတွေ၊ အစေ့အဆံတွေနဲ့ ပဲအမျိုးမျိုးကို စားသောက်ပေးပါ။ သကြားဟာ ကိုယ်ခံအားကိုကျစေတာကြောင့် အချိုကိုချဉ်ခြင်းတက်ရင် အသီးမှည့်၊ ချော့ကလက်အခါး၊ ပျားရည်တို့ကို စားပေးပါ။ အသားကို သေချာကျက်အောင်ချက်စားပြီး အသားစိမ်း၊ ငါးစိမ်းတွေ၊ ပိုးမသတ်ထားတဲ့နွားနို့တွေကို ရှောင်ပါ။
၂။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
လက်ကို ဆပ်ပြာနဲ့ရေနဲ့ အမြဲဆေးကြောတာ၊ ဖျားနာနေသူရှိရင် တတ်နိုင်သလောက် ဝေးဝေးနေတာ၊ ကြောင်မွေးထားရင် ကြောင်မစင်သန့်ရှင်းရေးကို တခြားသူကို အကူအညီတောင်းတာ စတာတွေ သတိထားလုပ်ပေးပါ။
Obimin 2022 IA 1

၃။ သံဓာတ်ပါဝင်တဲ့ အစားအစာတွေ များများစားပါ။
သံဓာတ်ဟာ သွေးနီဥထုတ်လုပ်ပြီး ကိုယ်ခန္ဓာမှာ အောက်စီဂျင်ပို့ဆောင်ရေးအတွက်တင်မက ရောဂါပိုးမွှားတွေနဲ့ ဖိစီးမှုတွေကို ခံနိုင်ရည်စွမ်းအင်ကိုပါ တိုးစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ၂ ဆ နီးပါးလောက် ပိုလိုအပ်ပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်အရွက်တွေ၊ အရောင်မချွတ်ထားတဲ့ အစေ့အဆံတွေ၊ အဆီနည်းအနီရောင်အသားတွေကို စားပေးပြီး သံဓာတ်အားဆေးကို ကိုယ်ဝန်မဆောင်မီကနေ နို့တိုက်နေချိန်ထိ သောက်ပေးသင့်ပါတယ်။
၄။ ဗီတာမင်ဒီရအောင် လုပ်ပါ။
မနက်ခင်းနေရောင်ခြည်ကို ခံယူပါ။ နေရောင်ကောင်းကောင်းမရနိုင်ရင် အဆီများငါးတို့၊ ဥအမျိုးမျိုးတို့ကို စားပေးပါ။ ဗီတာမင် ဒီ ပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေကို သောက်ပါ။
၅။ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေ များများစားပါ။
DNA တွေ ကောင်းကောင်းထုတ်လုပ်နိုင်၊ ပြုပြင်နိုင်၊ အလုပ်လုပ်နိုင်ဖို့ ဇင့်ဓာတ် လိုအပ်ပါတယ်။ ဒါကြောင့် နေကြာစေ့၊ ဖရုံစေ့ စတာတွေ စားပေးပါ။ ကမာကောင်ကတော့ ကိုယ်ဝန်ဆောင်ချိန် မသင့်တော်ပါဘူး။
Obimin 2022 IA 2

၆။ အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူပါ။
ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ဖို့ တစ်နေ့ကို ၇-၉ နာရီလောက်အိပ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုနည်းအောင်နေပြီး ရုပ်ရှင်ကြည့် ရယ်မောတာမျိုး ပြုလုပ်ပေးပါ။
၇။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေပါတယ်။ တစ်နေ့ကို မိနစ် ၂၀ ခန့်နဲ့ တစ်ပတ်ကို ၃-၄ ရက်လောက် လုပ်ပေးပါ။ သင့်တော်တဲ့လေ့ကျင့်ခန်းကို ဆရာဝန်နဲ့တိုင်ပင်ပါ။
၈။ ဝမ်းဗိုက်ကျန်းမာရေးကောင်းစေဖို့ ပရိုဘိုင်အိုတစ်ပါဝင်တဲ့ အစားအသောက်တွေ စားပေးပါ။
ပရိုဘိုင်အိုတစ်ဆိုတာ ကိုယ်ခံအားအတွက် အရေးပါတဲ့အကျိုးပြုပိုးမွှားတွေဖြစ်ပြီး မီဆို၊ ကင်မ်ချီ၊ မုန်လာချဉ် စတာတွေကနေ ရရှိနိုင်ပါတယ်။
၉။ ကာကွယ်ဆေးထိုးပါ။
ကိုယ်ဝန်ဆောင်ချိန် လိုအပ်တဲ့ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























