ကိုယ်ဝန်ဆောင်ချိန်တွင် ကောင်းမွန်စွာအိပ်စက်နိုင်စေရန် နည်းလမ်းများ
ကိုယ်၀န်ဆောင်ချိန်မှာ ကောင်းစွာအိပ်စက်နိုင်အောင် အောက်ပါတို့ကိုပြုလုပ်ပေးနိုင်ပါတယ်။
- ညနေစောင်းမှာ ပန်းခြံထဲ လမ်းလျှောက်ပါ။
- စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျှော့ချပါ။
- ကိုယ်၀န် ၃ လခွဲမှ ၇ လကြားတွင် ယောဂလေ့ကျင့်ခန်း အပျော့စားများ ပြုလုပ်ပေးပါ။
- အိပ်ရာ၀င်ချိန်တိုင်း နွားနို့ပူပူသောက်ပေးပါ။
- ရေနွေးဖြင့် ရေချိုးပါ။
- ခြေထောက်နှစ်ဖက်ကြားမှာ ခွခေါင်းအုံးခံပြီး ဘေးတစောင်းအိပ်စက်ပေးပါ။