/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်တွင်-စားသောက်ပေးသင့်သော-သံဓာတ်ကြွယ်ဝတဲ့

ကိုယ်ဝန်ဆောင်ချိန်တွင် စားသောက်ပေးသင့်သော သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ခန္ဓာကိုယ်က ပုံမှန်ထက် သံဓာတ်ကို နှစ်ဆ ပိုလိုအပ်လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါ မဖြစ်အောင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဂရုတစိုက် ရွေးချယ်စားသောက်ပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်ချို့နဲ့ သူတို့တွေမှာပါဝင်တဲ့ သံဓာတ်ပမာဏကို ဖော်ပြပေးချင်ပါတယ်။

Obimin 2022 IA 1

၁။ ချက်ပြုတ်ပြီးသား ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းရွက်တွေရဲ့ ခွက်တစ်ဝက်မှာ သံဓာတ် ၃ မီလီဂရမ် (3 mg) ပါဝင်ပါတယ်။

၂။ ဆီးသီးခြောက်၊ သဖန်းသီးခြောက်တို့လို အသီးခြောက် တစ်ခွက်ရဲ့ လေးပုံတစ်ပုံမှာ သံဓာတ် တစ်မီလီဂရမ် (1 mg) ပါဝင်ပါတယ်။

၃။ အမဲသားတစ်ခွက်မှာ သံဓာတ် ၁ မီလီဂရမ် (1 mg) ပါဝင်ပါတယ်။

၄။ လှီးဖြတ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းတစ်ခွက်မှာ သံဓာတ် ၀.၇ မီလီဂရမ် (0.7 mgp ပါဝင်ပါတယ်။

၅။ အတုံးတုံးထားတဲ့ အာလူးတစ်ခွက်မှာ သံဓာတ် ၁.၂ မီလီဂရမ် (1.2 mg) ပါဝင်ပါတယ်။

၆။ ပဲအမျိုးမျိုးဟာ တစ်ခွက်မှာ သံဓာတ် ၄-၆ မီလီဂရမ် (4-6 mg) ပါဝင်ပါတယ်။

Obimin 2022 IA 2

၇။ ဥအမျိုးမျိုး အထူးသဖြင့် ဥအနှစ်ဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ကြက်ဥအကြီးတစ်လုံးမှာဆိုရင် သံဓာတ် ၁ မီလီဂရမ် (1 mg) ပါဝင်ပါတယ်။

၈။ အသည်း၊ ဝက်သား၊ ကြက်သား၊ သိုးသားတို့ရဲ့ သုံးအောင်စမှာ သံဓာတ် ၂-၃ မီလီဂရမ် (2-3 mg)  ပါဝင်ပါတယ်။

ဒါဆိုရင်တော့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ဖြည့်စွက်ပေးဖို့ ဘယ်လိုအစားအစာတွေကို စားပေးသင့်သလဲဆိုတာ ဗဟုသုတရသွားလိမ့်မယ် ထင်ပါတယ်။ ဖော်ပြခဲ့တဲ့ အစားအစာတွေကို နေ့စဥ်ပါဝင်အောင် စားပေးတဲ့အပြင် သံဓာတ်ဖြည့်စွက်အားဆေး သောက်သုံးပေးဖို့ကိုလည်း မမေ့ကြပါနဲ့နော်။

www.drmyanmar.com