/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်တွင်-ရင်ပူခြင်း-သက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်တွင် ရင်ပူခြင်း သက်သာစေဖို့.....

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲများကြောင့် အစာခြေစနစ်ကို နှောင့်နှေးစေပြီး စားချဉ်ပြန် ခြင်းနဲ့ ရင်ပူခြင်းကိုဖြစ်စေပါတယ်။ ရင်ပူတာကို သက်သာစေရန် -

1. အစာကို နည်းနည်းနဲ့ ခဏခဏစားပေးပါ။

2. အစားကို ဖြေးဖြေးချင်းစားပါ။

3. ပူနွေးသောအရည်များ (ဥပမာ- နွားနို့ပူပူ)သောက်ပါ။

4. အပူအစပ်နဲ့ အရက်သေစာများ ရှောင်ရှားပါ။

5. အစာစားပြီးပြီးချင်း လှဲမအိပ်ပါနှင့်။

6. အဆီများတဲ့ အစားအစာများနဲ့ အချိုစာများကို တပြိုင်နက်တည်းမစားပါနှင့်။

7. ဆရာ၀န်နှင့်တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးများမှီ၀ဲပါ။

 

Dr. Htet Htet Aung (www.drmyanmar.com)