ကိုယ်ဝန်ဆောင်ချိန်တွင် အဖြူဆင်းခြင်း
ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲနဲ့ သွေးလှည့်ပတ်မှုများပြားတာကြောင့် အဖြူဆင်းလေ့ရှိပါတယ်။ အဖြူဆင်းနေတယ်ဆိုပါက -
- ချည်သားဖြင့် လုပ်ထားတဲ့ အတွင်းခံတွေကိုသာ ရွေးချယ်၀တ်ဆင်ပါ။
- တင်းကျပ်တဲ့ ဘောင်းဘီများ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။
- မိန်းမကိုယ်ကို ဆေးကြောရာတွင် အရှေ့မှအနောက်သို့ ဆေးကြောပေးပါ။
- အနံ့အသက်မကောင်းခြင်း၊ ယားယံခြင်း၊ သွေးစီးခြင်းတို့ ဖြစ်ပါက ဆရာ၀န်နှင့်တိုင်ပင်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)