ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်ပူစရာအခြေအနေလေးသွယ်
ကိုယ်ဝန်စဆာင်ပြီဆိုတာနဲ့ စိတ်ရောကိုယ်ပါခက်ခဲတဲ့ကာလကို ကိုးလတာ ဖြတ်သန်းကြရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အခက်အခဲတွေ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြသနာရှုပ်ထွေးမှုတွေကိုဖြေရှင်းပေးဖို့ ကျန်းမာရေးဗဟုသုတဆိုတာမိသားစုဝင်တိုင်းသိထားဖို့ လိုလေ့ရှိပါတယ်။
1. ပျို့သောအန်သောကိုယ်ဝန်ဆောင်လေးတွေ
ပျို့တာအန်တာကယေဘုယျအားဖြင့် မထူးဆန်းသလိုပါပဲ။ ဒါပေမယ့် အလွန်အကျွံ ဖြစ်လာတဲ့အခါ ကိုယ်ဝန်ကို အထူးထိခိုက်စေတာမို့ ဆေးရုံတက်ရောက်ကုသဖို့ လိုအပ်လာတတ်ပါတယ်။
တောက်လျှောက်အန်ပြီးမူးဝေမောဟိုက်လာတဲ့ ကိုယ်ဝန်ဆောင်လေးတွေဟာ ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုကြောင့် စိတ်ပူစရာအခြေအနေတရပ်ရောက်ရှိလာတတ်ပါတယိ။
သိပ်အန်လွန်းရင် ဆေးရုံဆေးခန်းတက်ရောက်ကုသရပါတယိ။ ဆလိုင်းချိတ်မယ်။ အစာခဏရပ်ထားမယိ။ သွေးပေါင်သွေးခုန်နှုန်းစောင့်ကြည့်မယ်။ ကလေးကောင်းမကောင်းအာထရာဆောင်းရိုက်ပါမယ်။
2. ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ
ကိုယ်ဝန်၂၄ ပတ်မတိုင်ခင် ဆရာဝန်က ဆီးချိုစစ်ဆေးပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပွားတတ်တဲ့ ဆီးချိုရောဂါဟာ ကလေးကို ထိခိုက်စေတတ်ပါတယ်။
ကိုယ်ဝန်ပျက်တာ၊ ကလေးခေါင်းကြီးတာ၊ ကလေးအဝလွန်တာ၊ မွေးပြီးချိန် ကလေးရဲ့သွေးတွင်းအချိုဓာတ်ထိုးကျတာတွေကို ကြုံတွေ့စေပါတယ်။
ဆီးချိုတခါမှ မဖြစ်ဖူးသူတွေရော ဖြစ်ဖူးသူတွေရောကိုယ်ဝန်ဆောင်ချိန်မှာဆီးချိုစစ်ပါ။ ဖြစ်ခဲ့ရင်လည်း ကာဗိုဟိုက်ဒရိတ်လျှော့စားခြင်း၊ အစားအစာထိန်းချုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းထားနိုင်ပါတယ်။
3. အချင်းရှေ့ရောက်ခြင်း
ရုတ်တရက် သွေးဆင်းလာမယ်၊ သွေးစတွေ စတွေ့လာမယ်ဆိုရင် အချင်းရှေ့ရောက်သလား သတိပြုကြဖို့ လိုပါတယ်။
အာထရာဆောင်းမှာ အချင်းက သားအိမ်အပေါ်လေးမှာမရှိဘဲ မွေးလမ်းကြောင်းနဲ့ ကပ်နေတာအောက်ကျနေတာတွေရှိရင် သားဖွားမီးယပ်အထူးကုဆရာဝန်ရဲ့ အကြံပြုချက်ရယူလိုက်နာပါ။
အခန့်မသင့်ရင် ကလေးဆုံးရှုံးနိုင်သလို ရိုးရိုးမွေးလမ်းကြောင်းကနေ မွေးလို့်မရဘဲ ခွဲမွေးရတဲ့အခြေအနေတွေဖြစ်လာနိုင်လို့ပါ။
4. ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးတာပဲ ဖြစ်ပါတယ်။
လက္ခဏာတွေကတော့ ခြေထောက်ရောင်ခြင်း၊ မျက်နှာအမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးဝါးခြင်းတို့ ဖြစ်ပါတယ်။
သွေးတိုးတာနဲ့အတူ ဒီလက္ခဏာတွေရှိနေရင်တော့ ကိုယ်ဝန်ဆိပ်တက်ရောဂါကြောင့် သေချာတာမို့ဆေးရုံပြသဖို့ လိုအပ်ပါတယ်။
ချက်ချင်းခွဲစိတ်ပြီး ကလေးကို အရေးပေါ်မွေးရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်အလွန်တက်ပြီဆိုရင် ကျောက်ကပ်၊ အာရုံကြော၊ သွေးဆိပ် အသည်းပေါင်းစုံထိခိုက်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်မှန်မှန်ချိန်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ရောဂါကို စောစောသိရှိကုသထားမှ ကလေးရောမိခင်မှာအန္တရာယ်ကင်းပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်လေးတွေ ကြုံတွေ့ရတတ်သမျှ ဖြစ်တတ်သမျှတွေကို ပြောပြထားတာမို့ သိပ်လည်းစိတ်ပူမသွားပါနဲ့။ သူများဖြစ်လို့ ကိုယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်ဝန်ကိုအမှန်တကယ် ဗဟုသုတရှိရှိစောင့်ရှောက်နိုင်ပြီး စောစောကုသစစ်ဆေးသူမိခင်လောင်းတွေဟာ အန္တရာယ်ကို ရှောင်နိုင်ကြပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
ကိုယ္ဝန္စဆာင္ၿပီဆိုတာနဲ႔ စိတ္ေရာကိုယ္ပါခက္ခဲတဲ့ကာလကို ကိုးလတာ ျဖတ္သန္းၾကရပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ အခက္အခဲေတြ ျဖစ္တတ္တဲ့ က်န္းမာေရး ျပသနာ႐ႈပ္ေထြးမႈေတြကိုေျဖ႐ွင္းေပးဖို႔ က်န္းမာေရးဗဟုသုတဆိုတာမိသားစုဝင္တိုင္းသိထားဖို႔ လိုေလ့႐ွိပါတယ္။
1. ပ်ိဳ႕ေသာအန္ေသာကိုယ္ဝန္ေဆာင္ေလးေတြ
ပ်ိဳ႕တာအန္တာကေယဘုယ်အားျဖင့္ မထူးဆန္းသလိုပါပဲ။ ဒါေပမယ့္ အလြန္အကြၽံ ျဖစ္လာတဲ့အခါ ကိုယ္ဝန္ကို အထူးထိခိုက္ေစတာမို႔ ေဆးရံုတက္ေရာက္ကုသဖို႔ လိုအပ္လာတတ္ပါတယ္။
ေတာက္ေလ်ွာက္အန္ၿပီးမူးေဝေမာဟိုက္လာတဲ့ ကိုယ္ဝန္ေဆာင္ေလးေတြဟာ ေရနဲ႔ဓာတ္ဆားဆံုး႐ႈံးမႈေၾကာင့္ စိတ္ပူစရာအေျခအေနတရပ္ေရာက္႐ွိလာတတ္ပါတယိ။
သိပ္အန္လြန္းရင္ ေဆးရံုေဆးခန္းတက္ေရာက္ကုသရပါတယိ။ ဆလိုင္းခ်ိတ္မယ္။ အစာခဏရပ္ထားမယိ။ ေသြးေပါင္ေသြးခုန္ႏႈန္းေစာင့္ၾကည့္မယ္။ ကေလးေကာင္းမေကာင္းအာထရာေဆာင္း႐ိုက္ပါမယ္။
2. ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါ
ကိုယ္ဝန္၂၄ ပတ္မတိုင္ခင္ ဆရာဝန္က ဆီးခ်ိဳစစ္ေဆးပါလိမ့္မယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္ပြားတတ္တဲ့ ဆီးခ်ိဳေရာဂါဟာ ကေလးကို ထိခိုက္ေစတတ္ပါတယ္။
ကိုယ္ဝန္ပ်က္တာ၊ ကေလးေခါင္းႀကီးတာ၊ ကေလးအဝလြန္တာ၊ ေမြးၿပီးခ်ိန္ ကေလးရဲ႕ေသြးတြင္းအခ်ိဳဓာတ္ထိုးက်တာေတြကို ႀကံဳေတြ႔ေစပါတယ္။
ဆီးခ်ိဳတခါမွ မျဖစ္ဖူးသူေတြေရာ ျဖစ္ဖူးသူေတြေရာကိုယ္ဝန္ေဆာင္ခ်ိန္မွာဆီးခ်ိဳစစ္ပါ။ ျဖစ္ခဲ့ရင္လည္း ကာဗိုဟိုက္ဒရိတ္ေလ်ွာ့စားျခင္း၊ အစားအစာထိန္းခ်ဳပ္ျခင္းျဖင့္ ဆီးခ်ိဳေရာဂါကို ထိန္းထားႏိုင္ပါတယ္။
3. အခ်င္းေ႐ွ႕ေရာက္ျခင္း
႐ုတ္တရက္ ေသြးဆင္းလာမယ္၊ ေသြးစေတြ စေတြ႔လာမယ္ဆိုရင္ အခ်င္းေ႐ွ႕ေရာက္သလား သတိျပဳၾကဖို႔ လိုပါတယ္။
အာထရာေဆာင္းမွာ အခ်င္းက သားအိမ္အေပၚေလးမွာမ႐ွိဘဲ ေမြးလမ္းေၾကာင္းနဲ႔ ကပ္ေနတာေအာက္က်ေနတာေတြ႐ွိရင္ သားဖြားမီးယပ္အထူးကုဆရာဝန္ရဲ႕ အႀကံျပဳခ်က္ရယူလိုက္နာပါ။
အခန္႔မသင့္ရင္ ကေလးဆံုး႐ႈံးႏိုင္သလို ႐ိုး႐ိုးေမြးလမ္းေၾကာင္းကေန ေမြးလို္႔မရဘဲ ခြဲေမြးရတဲ့အေျခအေနေတြျဖစ္လာႏိုင္လို႔ပါ။
4. ကိုယ္ဝန္ဆိပ္တက္ျခင္း
ကိုယ္ဝန္ဆိပ္တက္တယ္ဆိုတာ ကိုယ္၀န္ေဆာင္ခ်ိန္ေသြးတိုးတာပဲ ျဖစ္ပါတယ္။
လကၡဏာေတြကေတာ့ ေျခေထာက္ေရာင္ျခင္း၊ မ်က္ႏွာအမ္းျခင္း၊ ေခါင္းကိုက္ျခင္း၊ မ်က္လံုးဝါးျခင္းတို႔ ျဖစ္ပါတယ္။
ေသြးတိုးတာနဲ႔အတူ ဒီလကၡဏာေတြ႐ွိေနရင္ေတာ့ ကိုယ္ဝန္ဆိပ္တက္ေရာဂါေၾကာင့္ ေသခ်ာတာမို႔ေဆးရံုျပသဖို႔ လိုအပ္ပါတယ္။
ခ်က္ခ်င္းခြဲစိတ္ၿပီး ကေလးကို အေရးေပၚေမြးရတာမ်ိဳးလဲ ျဖစ္ႏိုင္ပါတယ္။
ကိုယ္၀န္ဆိပ္အလြန္တက္ၿပီဆိုရင္ ေက်ာက္ကပ္၊ အာရံုေၾကာ၊ ေသြးဆိပ္ အသည္းေပါင္းစံုထိခိုက္ၿပီး အသက္အႏၱရာယ္ကိုပါ ထိခိုက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ေသြးေပါင္မွန္မွန္ခ်ိန္ဖို႔လိုအပ္ပါတယ္။ ကိုယ္ဝန္ဆိပ္တက္ေရာဂါကို ေစာေစာသိ႐ွိကုသထားမွ ကေလးေရာမိခင္မွာအနၱရာယ္ကင္းပါလိမ့္မယ္။
ကိုယ္ဝန္ေဆာင္ေလးေတြ ႀကံဳေတြ႔ရတတ္သမ်ွ ျဖစ္တတ္သမ်ွေတြကို ေျပာျပထားတာမို႔ သိပ္လည္းစိတ္ပူမသြားပါနဲ႔။ သူမ်ားျဖစ္လို႔ ကိုယ္ျဖစ္ကိုျဖစ္ရမယ္ဆိုတာ မဟုတ္ပါဘူး။ မိမိရဲ႕ ကိုယ္ဝန္ကိုအမွန္တကယ္ ဗဟုသုတ႐ွိ႐ွိေစာင့္ေ႐ွာက္ႏိုင္ၿပီး ေစာေစာကုသစစ္ေဆးသူမိခင္ေလာင္းေတြဟာ အႏၱရာယ္ကို ေ႐ွာင္ႏိုင္ၾကပါတယ္ေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























