/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-တင်ပါးဆုံအရိုးကွင်းနာတာကိုခံစားနေရရင်

ကိုယ်ဝန်ဆောင်ချိန်မှာ တင်ပါးဆုံအရိုးကွင်းနာတာကိုခံစားနေရရင် ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

•        အနာခံနိုင်တဲ့အတွင်းမှာ လှုပ်လှုပ်ရှားရှားနေပါ။ နာကျင်မှုကိုပိုဆိုးစေမယ့် ပြင်းထန်သော လှုပ်ရှားမှုတွေကိုရှောင်ပါ။

•        နားလို့ရတဲ့အချိန်မှာနားပါ။

•        ကိုယ့်ရဲ့အမျိုးသား၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို အိမ်အလုပ်တွေကူလုပ်ပေးဖို့ အကူအညီတောင်းပါ။

•        အောက်ခံအသားပျော့တဲ့ဖိနပ်အပါးတွေစီးပါ။

•        အဝတ်ဝတ်တဲ့အခါမှာလိုအပ်ရင်ထိုင်ပြီးဝတ်ပါ။ (ဉပမာ- ဘောင်းဘီဝတ်တဲ့အခါမှာခြေတစ်ဖက်တည်းထောက်ပြီးဝတ်တာမျိုးမလုပ်ပါနဲ့။)

•        ကားထဲဝင်တဲ့အခါ ထွက်တဲ့အခါတွေမှာ ဒူးနှစ်ဖက်ကို ကပ်ပြီးတော့ထွက်ပါ။

•        သက်တောင့်သက်သာအနေအထားနဲ့အိပ်ပါ (ဉပမာ- ဘေးစောင်းပြီးတော့ ဒူးနှစ်ဖက်ကြားမှာ ဖက်လုံးညှပ်အိပ်ပါ၊)

•        အိပ်ရာထဲမှာဟိုဘက်ဒီဘက်လှည့်ရင် ဘယ်လိုလှည့်ရင်မနာလည်းဆိုတာကို လုပ်ကြည့်ပါ။

•        တစ်ကြိမ်ကိုလှေကားတစ်ထစ်ပဲတက်ပါ။

•        ရေခဲအိတ်ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀-၁၅ မိနစ်လောက်နဲ့ အကြိမ်ကြိမ်ကပ်ပေးပါ။

•        အမျိုးသားနဲ့အတူနေတဲ့အခါမှာလည်း ပုံစံအမျိုးမျိုးပြောင်းကြည့်ပါ။

အောက်ပါအချက်တွေကိုလည်းရှောင်ရှားသင့်ပါတယ်။

 

•        ခြေထောက်တစ်ဖက်တည်းပေါ်မှာမတ်တပ်ရပ်ခြင်း

•        ကလေးကို ကုန်းပြီး (သို့) လိန်ပြီးတော့ချီခြင်း

•        ခြေချိတ်ထိုင်ခြင်း၊ ရပ်ခြင်း

•        ကြမ်းပြင်ပေါ်မှာထိုင်ခြင်း၊ ခန္ဓာကိုယ်လိန်ပြီးထိုင်ခြင်း

•        အချိန်အကြာကြီးထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း

•        ဈေးဝယ်အိတ်၊ ရေစိုဝတ်၊ ကလေးငယ် စတဲ့ လေးလံတဲ့အရာတွေကို မခြင်း

•        ဖုန်စုပ်စက်နဲ့ဖုန်စုပ်ခြင်း

•        လေးတဲ့အရာတွေကိုတွန်းခြင်း

•        ပစ္စည်းတွေကို လက်တစ်ဖက်တည်းနဲ့သယ်ခြင်း

 

Dr. Mya Myo Myo Swe (www.drmyanmar.com)

•        အနာခံႏိုင္တဲ့အတြင္းမွာ လႈပ္လႈပ္ရွားရွားေနပါ။ နာက်င္မႈကိုပိုဆိုးေစမယ့္ ျပင္းထန္ေသာ လႈပ္ရွားမႈေတြကိုေရွာင္ပါ။

•        နားလို႔ရတဲ့အခ်ိန္မွာနားပါ။

•        ကိုယ့္ရဲ႕အမ်ိဳးသား၊ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြေတြကို အိမ္အလုပ္ေတြကူလုပ္ေပးဖို႔ အကူအညီေတာင္းပါ။

•        ေအာက္ခံအသားေပ်ာ့တဲ့ဖိနပ္အပါးေတြစီးပါ။

•        အဝတ္ဝတ္တဲ့အခါမွာလိုအပ္ရင္ထိုင္ၿပီးဝတ္ပါ။ (ဉပမာ- ေဘာင္းဘီဝတ္တဲ့အခါမွာေျခတစ္ဖက္တည္းေထာက္ၿပီးဝတ္တာမ်ိဳးမလုပ္ပါနဲ႔။)

•        ကားထဲဝင္တဲ့အခါ ထြက္တဲ့အခါေတြမွာ ဒူးႏွစ္ဖက္ကို ကပ္ၿပီးေတာ့ထြက္ပါ။

•        သက္ေတာင့္သက္သာအေနအထားနဲ႔အိပ္ပါ (ဉပမာ- ေဘးေစာင္းၿပီးေတာ့ ဒူးႏွစ္ဖက္ၾကားမွာ ဖက္လုံးညႇပ္အိပ္ပါ၊)

•        အိပ္ရာထဲမွာဟိုဘက္ဒီဘက္လွည့္ရင္ ဘယ္လိုလွည့္ရင္မနာလည္းဆိုတာကို လုပ္ၾကည့္ပါ။

•        တစ္ႀကိမ္ကိုေလွကားတစ္ထစ္ပဲတက္ပါ။

•        ေရခဲအိတ္ကပ္ေပးပါ။ တစ္ခါကပ္ရင္ ၁၀-၁၅ မိနစ္ေလာက္နဲ႔ အႀကိမ္ႀကိိမ္ကပ္ေပးပါ။

•        အမ်ိဳးသားနဲ႔အတူေနတဲ့အခါမွာလည္း ပုံစံအမ်ိဳးမ်ိဳးေျပာင္းၾကည့္ပါ။

 

ေအာက္ပါအခ်က္ေတြကိုလည္းေရွာင္ရွားသင့္ပါတယ္။

 

•        ေျခေထာက္တစ္ဖက္တည္းေပၚမွာမတ္တပ္ရပ္ျခင္း

•        ကေလးကို ကုန္းၿပီး (သို႔) လိန္ၿပီးေတာ့ခ်ီျခင္း

•        ေျခခ်ိတ္ထိုင္ျခင္း၊ ရပ္ျခင္း

•        ၾကမ္းျပင္ေပၚမွာထိုင္ျခင္း၊ ခႏၶာကိုယ္လိန္ၿပီးထိုင္ျခင္း

•        အခ်ိန္အၾကာႀကီးထိုင္ျခင္း၊ မတ္တပ္ရပ္ျခင္း

•        ေဈးဝယ္အိတ္၊ ေရစိုဝတ္၊ ကေလးငယ္ စတဲ့ ေလးလံတဲ့အရာေတြကို မျခင္း

•        ဖုန္စုပ္စက္နဲ႔ဖုန္စုပ္ျခင္း

•        ေလးတဲ့အရာေတြကိုတြန္းျခင္း

•        ပစၥည္းေတြကို လက္တစ္ဖက္တည္းနဲ႔သယ္ျခင္း

 

Dr. Mya Myo Myo Swe (www.drmyanmar.com)