/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ဘယ်လိုလေ့ကျင့်ခန်းတွေကို-ရှောင်ကြဉ်ရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုလေ့ကျင့်ခန်းတွေကို ရှောင်ကြဉ်ရမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

လေ့ကျင့်ခန်းအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်လို့ရပေမယ့် တချို့ရှောင်ကြဉ်ရမယ့် လေ့ကျင့်ခန်းတွေကတော့ -
●  ပြုတ်ကျနိုင်ခြေရှိတဲ့၊ ဗိုက်ကို ထိခိုက်စေနိုင်တဲ့ အားကစားများ : ဂျွမ်းဘား၊ တောင်စောင်းလျှောစီးခြင်း၊ နှင်းလျောစီးခြင်း၊ ကြက်တောင်၊ တင်းနစ်၊ မြင်းစီးခြင်း၊ အပြင်မှာ စက်ဘီးစီးခြင်း၊ ရေခဲပြင်ဟော်ကီ၊ ဘောလုံးကန်၊ ဘတ်စကတ်ဘောစတဲ့ ထိခိုက်စေနိုင်တဲ့ အားကစားများ၊ ဒိုင်ဗင်ပစ်ခြင်း၊ ခုန်ခြင်း၊ စကိတ်စီးခြင်း။
●  အမြင့်ပေပြောင်းလဲမှုရှိစေတဲ့ အားကစားများ : အမြင့်မှာနေနေတဲ့လူကလွဲရင် ကျန်တဲ့ကိုယ်ဝန်ဆောင်တွေဟာ အမြင့်ပေ ၆၀၀၀ ထက် ပိုပြီးမတက်သင့်ပါဘူး။ ဒါ့အပြင် ရေအောက်ငုပ်ခြင်းဟာလည်း ကလေးမှာ ဖိအားများစေတဲအတွက် ကလေးမွေးပြီးသည်အထိ ရှောင်ရပါမယ်။
●  ပက်လက်အကြာကြီးလှဲရတဲ့ အားကစားများ : ကိုယ်ဝန် ၄ လ ကျော်လာတဲ့အခါ အကြာကြီး ပက်လက်မလှဲသင့်ပါဘူး။ ကြီးထွားလာတဲ့ သားအိမ်ဟာ ပင်မသွေးကြောတွေကို ဖိလိုက်ပြိး ကလေးဆီရော၊ အမေဆီပါ သွေးအရောက် နည်းသွားနိုင်ပါတယ်။ အမေမှာလည်း ပျို့ချင်၊ အန်ချင်ပြီး မူးဝေ အသက်ရှူကြပ်စေနိုင်ပါတယ်။
●  ဗိုက်လေ့ကျင့်ခန်းပြင်းပြင်းများ : အိပ်ထမတင် အပြည့်လုပ်တာ၊ ခြေနှစ်ချောင်း ပြိုင်မြှောက်တာမျိုးကို ရှောင်ပါ။ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ ဗိုက်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။
●  ပူပြင်းတဲ့ရာသီဥတုမှာ ခန္ဓာကိုယ်ကို ပူနွေးစေတဲ့ ယောဂကျင့်စဉ်များ၊ လေ့ကျင့်ခန်းများ : ကိုယ်ခန္ဓာအပူချိန်ကို 1.5°F ထက် ပိုများစေတဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ကြဉ်ရပါမယ်။ ကိုယ်ခန္ဓာပူနွေးလာတဲ့အခါ အရေပြားကို အေးသွားအောင် သွေးတွေဟာ အရေပြားဆီကို အသွားများလာတဲ့အတွက် သားအိမ်ဆီကိုလာတဲ့ သွေးပမာဏ နည်းပါးသွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချွေးထုတ်ခန်းတွေသွားတာ၊ ရေနွေးပူပူနဲ့ ရေချိုးတာတွေကို ရှောင်ရပါမယ်။

Obimin 1

●  အကွေးအဆန့်များတဲ့ အားကစားများ : အဆစ်တွေကို အကွေးအဆန့် တအားလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ဒဏ်ရာအနာတရတွေ ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကြဉ်ရပါမယ်။
●  ခုန်ပေါက်ပြီး ဆတ်ခနဲလှုပ်ရှားမှုများတဲ့ လေ့ကျင့်ခန်းများ : ဒီလိုလေ့ကျင့်ခန်းမျိုးကို ရှောင်ကြဉ်ရပါမယ်။ အခြား ပေါ့ပေါ့ပါးပါး အေရိုးဗစ်လေ့ကျင့်ခန်းတွေကိုတော့ လုပ်နိုင်ပါတယ်။
●  အကြောတွေကို ဆွဲဆန့်ခြင်း : ကိုယ်ဝန်ဆောင်ချိန်မှာ အရွတ်တွေဟာ နဂိုလျော့နေပြီးသားမို့ ယောဂကျင့်ရင်း အကြောဆွဲဆန့်တာ၊ ပေါင်ဖြဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ နာလာတာနဲ့ ချက်ချင်း ရပ်လိုက်သင့်ပါတယ်။
●  အသက်ရှူအောင့်ခြင်း : ကိုယ်ဝန်ဆောင်ချိန်မှာ အမေရော၊ ကလေးပါ အောက်ဆီဂျင်ဓာတ် တောက်လျှောက်ပိုလိုပါတယ်။

>>  ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လေ့ကျင့်ခန်းတွေကို သတိထားရမလဲ?
ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကိုယ်ဟန်အနေအထားထိန်းရမယ့် လေ့ကျင့်ခန်းမျိုးကို တတ်နိုင်သလောက် ရှောင်ရပါမယ်။ အနီးအနားမှာ နံရံ သို့မဟုတ် ခုံတစ်ခုခု ထားပြီးလုပ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခြေဖျားထောက်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်တက်စေနိုင်ပါတယ်။ ဒီလို ကြွက်တက်တတ်တယ်ဆိုရင် ခြေဖျားကို အတွင်းကုပ်ထားပြီး ထောက်နိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)

Obimin 2

(Zawgyi)

ေလ့က်င့္ခန္းအမ်ားစုဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လုပ္လို႔ရေပမယ့္ တခ်ိဳ႕ေရွာင္ၾကဥ္ရမယ့္ ေလ့က်င့္ခန္းေတြကေတာ့ -
●  ျပဳတ္က်ႏိုင္ေျခရွိတဲ့၊ ဗိုက္ကို ထိခိုက္ေစႏိုင္တဲ့ အားကစားမ်ား : ဂြၽမ္းဘား၊ ေတာင္ေစာင္းေလွ်ာစီးျခင္း၊ ႏွင္းေလ်ာစီးျခင္း၊ ၾကက္ေတာင္၊ တင္းနစ္၊ ျမင္းစီးျခင္း၊ အျပင္မွာ စက္ဘီးစီးျခင္း၊ ေရခဲျပင္ေဟာ္ကီ၊ ေဘာလုံးကန္၊ ဘတ္စကတ္ေဘာစတဲ့ ထိခိုက္ေစႏိုင္တဲ့ အားကစားမ်ား၊ ဒိုင္ဗင္ပစ္ျခင္း၊ ခုန္ျခင္း၊ စကိတ္စီးျခင္း။
●  အျမင့္ေပေျပာင္းလဲမႈရွိေစတဲ့ အားကစားမ်ား : အျမင့္မွာေနေနတဲ့လူကလြဲရင္ က်န္တဲ့ကိုယ္ဝန္ေဆာင္ေတြဟာ အျမင့္ေပ ၆၀၀၀ ထက္ ပိုၿပီးမတက္သင့္ပါဘူး။ ဒါ့အျပင္ ေရေအာက္ငုပ္ျခင္းဟာလည္း ကေလးမွာ ဖိအားမ်ားေစတဲအတြက္ ကေလးေမြးၿပီးသည္အထိ ေရွာင္ရပါမယ္။
●  ပက္လက္အၾကာႀကီးလွဲရတဲ့ အားကစားမ်ား : ကိုယ္ဝန္ ၄ လ ေက်ာ္လာတဲ့အခါ အၾကာႀကီး ပက္လက္မလွဲသင့္ပါဘူး။ ႀကီးထြားလာတဲ့ သားအိမ္ဟာ ပင္မေသြးေၾကာေတြကို ဖိလိုက္ၿပိး ကေလးဆီေရာ၊ အေမဆီပါ ေသြးအေရာက္ နည္းသြားႏိုင္ပါတယ္။ အေမမွာလည္း ပ်ိဳ႕ခ်င္၊ အန္ခ်င္ၿပီး မူးေဝ အသက္႐ွဴၾကပ္ေစႏိုင္ပါတယ္။
●  ဗိုက္ေလ့က်င့္ခန္းျပင္းျပင္းမ်ား : အိပ္ထမတင္ အျပည့္လုပ္တာ၊ ေျခႏွစ္ေခ်ာင္း ၿပိဳင္ေျမႇာက္တာမ်ိဳးကို ေရွာင္ပါ။ ကိုယ္ဝန္ေဆာင္ေတြအတြက္ သင့္ေတာ္တဲ့ ဗိုက္ေလ့က်င့္ခန္းေတြကို ျပဳလုပ္ပါ။
●  ပူျပင္းတဲ့ရာသီဥတုမွာ ခႏၶာကိုယ္ကို ပူေႏြးေစတဲ့ ေယာဂက်င့္စဥ္မ်ား၊ ေလ့က်င့္ခန္းမ်ား : ကိုယ္ခႏၶာအပူခ်ိန္ကို 1.5°F ထက္ ပိုမ်ားေစတဲ့ ေလ့က်င့္ခန္းေတြကို ေရွာင္ၾကဥ္ရပါမယ္။ ကိုယ္ခႏၶာပူေႏြးလာတဲ့အခါ အေရျပားကို ေအးသြားေအာင္ ေသြးေတြဟာ အေရျပားဆီကို အသြားမ်ားလာတဲ့အတြက္ သားအိမ္ဆီကိုလာတဲ့ ေသြးပမာဏ နည္းပါးသြားပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေခြၽးထုတ္ခန္းေတြသြားတာ၊ ေရေႏြးပူပူနဲ႔ ေရခ်ိဳးတာေတြကို ေရွာင္ရပါမယ္။
●  အေကြးအဆန႔္မ်ားတဲ့ အားကစားမ်ား : အဆစ္ေတြကို အေကြးအဆန႔္ တအားလုပ္ရတဲ့ ေလ့က်င့္ခန္းေတြဟာ ဒဏ္ရာအနာတရေတြ ျဖစ္ေစႏိုင္တဲ့အတြက္ ေရွာင္ၾကဥ္ရပါမယ္။
●  ခုန္ေပါက္ၿပီး ဆတ္ခနဲလႈပ္ရွားမႈမ်ားတဲ့ ေလ့က်င့္ခန္းမ်ား : ဒီလိုေလ့က်င့္ခန္းမ်ိဳးကို ေရွာင္ၾကဥ္ရပါမယ္။ အျခား ေပါ့ေပါ့ပါးပါး ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြကိုေတာ့ လုပ္ႏိုင္ပါတယ္။
●  အေၾကာေတြကို ဆြဲဆန႔္ျခင္း : ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အ႐ြတ္ေတြဟာ နဂိုေလ်ာ့ေနၿပီးသားမို႔ ေယာဂက်င့္ရင္း အေၾကာဆြဲဆန႔္တာ၊ ေပါင္ၿဖဲတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ နာလာတာနဲ႔ ခ်က္ခ်င္း ရပ္လိုက္သင့္ပါတယ္။
●  အသက္႐ွဴေအာင့္ျခင္း : ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အေမေရာ၊ ကေလးပါ ေအာက္ဆီဂ်င္ဓာတ္ ေတာက္ေလွ်ာက္ပိုလိုပါတယ္။

>>  ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဘယ္ေလ့က်င့္ခန္းေတြကို သတိထားရမလဲ?
ကိုယ္ဝန္ရင့္လာတာနဲ႔အမွ် ကိုယ္ဟန္အေနအထားထိန္းရမယ့္ ေလ့က်င့္ခန္းမ်ိဳးကို တတ္ႏိုင္သေလာက္ ေရွာင္ရပါမယ္။ အနီးအနားမွာ နံရံ သို႔မဟုတ္ ခုံတစ္ခုခု ထားၿပီးလုပ္သင့္ပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေျခဖ်ားေထာက္ရတဲ့ ေလ့က်င့္ခန္းေတြဟာ ႂကြက္တက္ေစႏိုင္ပါတယ္။ ဒီလို ႂကြက္တက္တတ္တယ္ဆိုရင္ ေျခဖ်ားကို အတြင္းကုပ္ထားၿပီး ေထာက္ႏိုင္ပါတယ္။

Dr. Emerald (www.drmyanmar.com)