/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-လိုအပ်တဲ့ကယ်လ်စီယမ်ဓာတ်

ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ကယ်လ်စီယမ်ဓာတ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကိုယ်ခန္ဓာက ကလေးလေးကို စောင့်ရှောက်နိုင်ဖို့ မိခင်အသုံးပြုမယ့် အာဟာရဓာတ်တွေကို ထုတ်ယူသုံးစွဲပါတော့တယ်။ အရိုးတွေ၊ သွားတွေကနေ ကယ်လ်စီယမ်ကို ထုတ်ယူပြီး ကလေးဆီကို ပို့ဆောင်ပေးတော့တာပေါ့။

ဒါကြောင့်မို့ ကလေးရော၊ မိခင်ကိုယ်တိုင်မှာပါ သွားတွေ၊ အရိုးတွေ သန်မာကြံ့ခိုင်နေစေဖို့ ကယ်လ်စီယမ်ဓာတ်တွေ ပိုမိုရယူဖို့ လိုအပ်လာပါတယ်။

Obimin 2022 IA 1

>>  ကယ်လ်စီယမ်က ဘာလုပ်ပေးလဲ?
လူတိုင်းလူတိုင်း ကယ်လ်စီယမ်ဓာတ်ကို နေ့စဉ်နေ့တိုင်း လိုအပ်ပါတယ်။ သွားနဲ့အရိုးတွေ သန်မာစေဖို့အပြင် သွေးနဲ့ကြွက်သားတွေ လှုပ်ရှားနေနိုင်ဖို့နဲ့ အာရုံကြောတွေကနေ ဦးနှောက်ဆီကို သတင်းပို့နိုင်ဖို့ ကယ်လ်စီယမ်က လုပ်ဆောင်ပေးပါတယ်။

ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ...
နို့၊ ချိစ်၊ ဒိန်ချဉ် စတဲ့ အစားအစာတွေဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတချို့ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေမှာလည်း ကယ်လ်စီယမ်ကြွယ်ဝပေမယ့် အပေါ်က အစားအစာတွေထက်တော့ ပါဝင်တဲ့ ပမာဏနည်းပါတယ်။

Obimin 2022 IA 2

>>  ကိုယ်ဝန်ဆောင်ချိန် ကယ်လ်စီယမ်လိုအပ်ချက်

ကိုယ်ခန္ဓာက ကယ်လ်စီယမ်ဓာတ်ကို မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစားအသောက်နဲ့ ပြင်ပဖြည့်စွက်အာဟာရတွေကနေ ရယူဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာဆိုရင် တစ်ရက်ကို ကယ်လ်စီယမ် အနည်းဆုံး ၁၀၀၀ မီလီဂရမ် လိုအပ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)