/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ဝမ်းပျော့ဆေးကို-အန္တရာယ်ကင်းအောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျော့ဆေးကို အန္တရာယ်ကင်းအောင် ဘယ်လိုသုံးစွဲကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ အဖြစ်များတဲ့အတွက် ဝမ်းပျော့ဆေး သုံးတာနဲ့ ပတ်သက်ပြီး သိလိုကြပါတယ်။ ဝမ်းချုပ်ခြင်း ခံစားနေရပါက အမျှင်ဓာတ် မြင့်မားစွာ ပါဝင်တဲ့ အစားအစာများ စားသုံးခြင်း၊ ရေများများ သောက်ခြင်း စတဲ့ သဘာဝနည်းလမ်းတွေကို ရှာဖွေကြည့်ပေမယ့် အဆင်မပြေဘူးဆိုရင် မသက်မသာ ဖြစ်တာကို လျော့နည်းစေဖို့အတွက် ဝမ်းပျော့ဆေး သောက်လိုကြမှာပါ။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဝမ်းပျော့ဆေး မသုံးခင်မှာ ဆရာဝန်နဲ့ သေချာမေးမြန်း ဆွေးနွေးပြီးမှ သုံးစေလိုပါတယ်။

>>    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျော့ဆေး သုံးတာက စိတ်ချရပါသလား?

          ဆေးမသောက်ခင်မှာ သဘာဝနည်းလမ်းတွေကို သုံးပြီး ကြိုးစားကြည့်တာကတော့ အကောင်းဆုံးပါပဲ။ ဒီနည်းလမ်းတွေနဲ့ အဆင်မပြေတော့ဘူး ဆိုမှသာပဲ ဆရာဝန်က ဝမ်းပျော့ဆေး အပျော့စားတွေကို သုံးဖို့ အကြံပြုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ကင်းတဲ့ ဝမ်းပျော့ဆေးတစ်မျိုးကတော့ MOM (milk of magnesia) ဆေးပဲ ဖြစ်ပါတယ်။

          ဒီဝမ်းပျော့ဆေး အပျော့စားတွေနဲ့ အဆင်မပြေဘူးဆိုရင် ပိုပြင်းတဲ့ဆေးကို စဉ်းစားရပါတော့မယ်။ ပြင်းအားများတဲ့ဆေးတွေ မသောက်ခင်မှာ ဆရာဝန်နဲ့ အမြဲတိုင်ပင်ပါ။ ဒါ့အပြင် ဝမ်းပျော့ဆေး အသုံးများရင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့အတွက် အသုံးမများဖို့လည်း အရေးကြီးပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားခြင်း၊ ရေများများ သောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း စတာတွေ ပြုလုပ်ပြီး ဝမ်းမချုပ်အောင် ထိန်းထားနိုင်တာကတော့ ပိုကောင်းပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)



Dr. Mya Myo Myo Swe (www.drmyanmar.com)