/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ကြာကြာမတ်တတ်ရပ်ခြင်းဟာ-မိခင်နဲ့ကလေးကို

ကိုယ်ဝန်ဆောင်ချိန် ကြာကြာမတ်တတ်ရပ်ခြင်းဟာ မိခင်နဲ့ကလေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါသလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

၁။  ဖောရောင်လာခြင်း
ခြေထောက်ဖောရောင်ခြင်းဟာ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များပါတယ်။ ကြာကြာမတ်တတ်ရပ်တဲ့အခါ အရည်တွေ ခြေထောက်မှာ ပိုစုလာပြီး ပိုဆိုးစေနိုင်ပါတယ်။

၂။  ဆီးခုံနာခြင်း
တချို့အမျိုးသမီးတွေမှာ ဆီးခုံပုံမမှန်ခြင်းရှိတတ်ပြီး ကြာကြာမတ်တတ်ရပ်ခြင်းက ဒါကိုပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် ခြေတစ်ဖက်ထောက်ရပ်တတ်ရင်ပေါ့။

၃။  သွေးပေါင်ပြောင်းလဲခြင်း
သွေးပေါင်ကျတာ၊ တက်တာ ဖြစ်တတ်ပါတယ်။ သွေးပေါင်ကျခဲ့ရင် မူးဝေဝေခံစားရမှာပါ။

Obimin 1

၄။  ခါးအောက်ပိုင်းအောင့်ခြင်း
ကြာကြာမတ်တတ်ရပ်ခြင်းဟာ ခါးအောက်ပိုင်းကို အောင့်စေတတ်ပါတယ်။ ခြေထောက်တို့၊ ခြေဖဝါးတို့ထိပါ ပျံ့နှံ့နာကျင်တတ်ပါတယ်။

၅။  လမစေ့ဘဲစောမွေးခြင်း
ကြာကြာမတ်တတ်ရပ်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ စောမွေးခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

>>  ဒီလိုပြဿနာတွေကို ဘယ်လိုကျော်လွှားကြမလဲ?
ဟိုဟိုဒီဒီ လမ်းလျှောက်နိုင်တယ်ဆိုရင် မတ်တတ်ရပ်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အလုပ်အကိုင်ကြောင့် ကြာကြာမတ်တတ်ရပ်ရမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်နာပေးဖို့လိုပါတယ်။

●  ဖိနပ်မှာ အခုံးပါပြီး ခြေဖနောင့်ကို ကောင်းကောင်း ထောက်မတ်ပေးနိုင်တဲ့ ဖိနပ်ကောင်းကောင်းကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။
●  သွေးလည်ပတ်မှုကိုကောင်းစေပြီး ခြေထောက်ရောင်တာ၊ သွေးခဲတာတွေကို ကာကွယ်ပေးဖိူ့ ခြေသလုံးကို ညှစ်ပေးထားနိုင်မယ့် ခြေအိတ်မျိုး compression stocking ဝတ်ဆင်ပေးပါ။
●  ကိုယ်ဝန်ဆောင် ဒုတိယကာလနှောင်းပိုင်းနဲ့ တတိယကာလကို ရောက်လာတဲ့အခါ ကိုယ်ဝန်ဆောင်ခါးပတ်ကို ဝတ်ပေးခြင်းဖြင့် ကိုယ်ဝန်ကို ထောက်မတ်ပေးနိုင်တဲ့အပြင် ခါးနာခြင်းကိုလည်း သက်သာစေနိုင်မှာပါ။

Obimin 2

●  ဟိုဟိုဒီဒီ လမ်းလေးလျှောက်ပေးပါ။ ဒါမှ သွေးလည်ပတ်မှုကောင်းပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်တဲ့အပြင် ကလေးမွေးတဲ့အခါလည်း လျောလျောလျူလျူ ဖြစ်စေပါတယ်။
●  ရေဓာတ်ပြည့်ဝအောင် ရေနဲ့ လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ သောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ ကဖိန်းပါတဲ့အရည်တွေကို ရှောင်ရှားပေးပါ။
●  ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ စကားပြောကြည့်ပြီး ကြာကြာမတ်တတ်ရပ်စရာ မလိုတဲ့နေရာကို ခေတ္တခဏ ရွှေ့ပြောင်းကြည့်ပါ။ မဖြစ်နိုင်ရင်တော့ မကြာမကြာ အနားယူပေးပြီး ခြေတစ်ဖက်ကို ထောက်ထားပေးမယ့် ခုံပုလေးဆောင်ထားပါ။
●  စိတ်ဖိစီးမှု လျော့ကျအောင် အသက်ရှူလေ့ကျင့်ခန်းတို့၊ တရားထိုင်တာတို့ လုပ်ပေးပါ။
●  ဘယ်ဘက်စောင်းပြီး အိပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

>>  အနားယူဖို့ မတွန့်ဆုတ်ပါနဲ့။
အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အလုပ်လုပ်ရင်း ခဏထိုင်နားဖို့ကို မတွန့်ဆုတ်ပါနဲ့။ ကိုယ်ဝန်ရှိနေလို့ နားနားပေးဖို့လိုကြောင်းလည်း ပတ်ဝန်းကျင်ကို ပြောပြပေးထားပါ။ ဘာမှရှက်စရာမလိုပါဘူးနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)