ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများ
● ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခြင်းနှင့် ရင်ဆိုင်ရတတ်ပါတယ်။
● ကြွက်တက်ခြင်းဟာ ခြေသလုံးမှာ အဖြစ်များတတ်သလို ကျော၊ ဗိုက်၊ ခြေဖဝါးနှင့် လက်တွေမှာလည်း ဖြစ်ပေါ်လေ့ရှိပါတယ်။
● ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်းကို သဘာဝနည်းလမ်းတွေနှင့် အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်။
၁။ အကြောဆန့်ပေးခြင်း
လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ အကြောဆန့်ပေးခြင်းဖြင့် အညောင်းအညာပြေစေပြီး ကြွက်တက်ခြင်းကို သက်သာစေပါတယ်။
၂။ နှိပ်ခြင်း
ကြွက်တက်နေသောနေရာနှင့် အနီးတစ်ဝိုက်ကို နှိပ်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေပါတယ်။
၃။ ရေနွေးအိတ်ကပ်ခြင်း
နာကျင်သောနေရာကို ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
၄။ ဆားခါး
ဆားခါးဖြင့် ရေချိုးခြင်းဟာ ကြွက်တက်ခြင်းနှင့် နာကျင်ခြင်းတွေကို ပြေလျော့စေပါတယ်။
၅။ ရေခဲကပ်ခြင်း
ကြွက်တက်ခြင်းကြောင့် နာကျင်မှုတွေကို ပြေလျော့စေပါတယ်။
၆။ နည်းလမ်းများပေါင်းစပ်ခြင်း
အကြောလျှော့ပြီးနောက် ရေခဲဖြင့် သို့မဟုတ် ရေနွေးအိတ်ကပ်ပြီး နှိပ်နယ်ခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် နာကျင်ခြင်းတွေကို သက်သာစေပါလိမ့်မယ်။
● အထက်ပါနည်းလမ်းတွေလုပ်ခြင်းဖြင့် မသက်သာဘဲ မကြာခဏ ကြွက်တက်နေပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။
● ကိုယ်ဝန်ဆောင်ကာလတွင် ကောင်းစွာအိပ်စက် အနားယူခြင်းနှင့်အတူ အာဟာရပြည့်ဝအောင် စားခြင်း၊ ဗီတာမင်အားဆေးများ မှီဝဲခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။
● ကယ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် ပါဝင်သော အစားအစာများ စားခြင်း၊ အားဆေးများ သောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























