/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ကြွက်တက်တာ-ပုံမှန်ပဲလား

ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တာ ပုံမှန်ပဲလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တစ်ဝက်လောက် ခံစားရလေ့ရှိတဲ့ ဝေဒနာတစ်ခုပါပဲ။ ကြွက်တက်တယ်ဆိုတာ ကြွက်သားတွေ အလိုအလျောက် ရုတ်တရက် ညှစ်လိုက်တာကြောင့် တင်းပြီး နာကျင်မှုခံစားရတာကို ဆိုလိုပါတယ်။ ညဘက်မှာ ဖြစ်လေ့ရှိပြီး များသောအားဖြင့် ခြေသလုံးကြွက်သားတွေမှာ အဓိကခံစားရတတ်ပေမယ့် ကျောနဲ့ဝမ်းဗိုက်ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။

>> ဘာတွေကြောင့် ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တတ်တာလဲ?
● ကြွက်သားအသုံးပြုမှုများခြင်း
● ရေဓာတ်ခမ်းခြောက်ခြင်း
● သွေးလည်ပတ်မှုပုံစံပြောင်းလဲခြင်း
● လေ့ကျင့်ခန်းမပြုလုပ်မီ အကြောမလျှော့ခြင်း
● အာရုံကြောဖိမိခြင်း
● ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်ဓာတ်များ ချို့တဲ့ခြင်း
မကြာမကြာ ကြွက်တက်တတ်ရင် အပေါ်က အကြောင်းအရာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

Obimin 2022 IA 1

>> ကိုယ်ဝန်ဆောင်ချိန် ကြွက်မတက်အောင် ဘယ်လိုကာကွယ်ကြမလဲ?
● ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပါ။
● လေ့ကျင့်ခန်းမပြုလုပ်မီ အကြောလျှော့ပါ။
● လိုအပ်တဲ့အာဟာရနဲ့သတ္တုဓာတ်တွေရာှ်နိုင်အောင် ပြည့်စုံမျှတစွာစားပေးပါ။
● ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်တွေပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပါ။

Obimin 2022 IA 2

>> ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခဲ့ရင် ဘယ်လိုကုသကြမလဲ?
● ကြွက်တက်နေတဲ့ကြွက်သားတွေကို ပြေလျော့သွားအောင် နှိပ်နယ်ပေးပါ။
● အကြောလျှော့လိုက်ပါ။
● အပူအိတ်ကပ်ပေးပါ။
● ဆားခါးရေပူပူလေးနဲ့ ရေချိုးပေးပါ။
● နာကျင်တာ သက်သာအောင် ရေခဲကပ်ပေးပါ။

ကြွက်သားတွေကို နှိပ်နယ်ပေးပြီး အပူ (သို့) အအေးကပ်ပေးခြင်းဖြင့် နာကျင်မှုကို အတော်သက်သာစေနိုင်ပါတယ်။ အကယ်၍ မကြာမကြာ ကြွက်တက်နေတယ်၊ အပေါ်ကနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)