/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ခြေထောက်ကြွက်တက်တဲ့အခါ

ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ကြွက်တက်တဲ့အခါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်မှာ ခြေထောက် ကြွက်တက်တတ်ကြပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာ သေသေချာချာ ရေရေရာရာ မသိသေးပေမယ့် သွေးထဲမှာ ကယ်လ်စီယမ်နည်းတာ၊ ဖော့စ်ဖရပ်စ်များတာ စတာတွေကြောင့် ဖြစ်ဖို့များပါတယ်။
ကိုယ်ဝန်ဆောင် ဒုတိယကာလနဲ့ တတိယကာလတွေမှာ ဖြစ်တတ်ပြီးတော့ ညဘက်မှာ ဖြစ်တာများပါတယ်။

Obimin 1

>>  ခြေထောက်ကြွက်တက်တယ်ဆိုရင် -
●  ခြေထောက်ကို ဆန့်ထားပါ။
●  ခြေချင်းဝတ်ကို ကွေးလိုက်ပါ။ (ခြေချောင်းလေးတွေကို ခေါင်းဘက်ကို ဦးတည်လိုက်ပါ။)
●  ခြေသလုံးကို နှိပ်နယ်ပေးပါ။
●  ခြေသလုံးကြွက်သားတွေ ဆန့်သွားအောင် လမ်းပတ်လျှောက်ပေးပါ။
●  ဒီလိုလျှောက်တဲ့အခါမှာတော့ ခြေချောင်းတွေကို မဆန့်ထားပါနဲ့နော်။

Obimin 2

အဖြစ်နည်းပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန် ခြေသလုံးသွေးကြော သွေးခဲပိတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးခဲပိတ်တာဟာ အသက်အန္တရာယ်ရှိတတ်ပြီး ဆေးကုသမှုခံယူဖို့လိုပါတယ်။
>>  ခြေသလုံးသွေးကြောသွေးခဲပိတ်ခြင်းရဲ့လက္ခဏာရပ်တွေကတော့ -
1.  ခြေထောက်တစ်အားနာခြင်း၊
2.  ဖောရောင်ခြင်း
3.  ဖျားခြင်း စတာတွေနဲ့ လာတတ်ပါတယ်။
ခြေထောက်ဟာ ပြာနေ၊ ဖြူနေတတ်ပြီး ကိုင်ကြည့်လိုက်ရင် အေးနေ၊ ပူနေတတ်ပါတယ်။ အကယ်၍ ခြေထောက်နာတာ၊ ရောင်တာ ဆက်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)