ကိုယ်ဝန်ဆောင်ချိန် ပိုးသတ်ဆေးတွေသောက်တာ ဘေးကင်းရဲ့လား
ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် မိမိကိုယ်တိုင်ရော ရင်သွေးအတွက်ပါ အဖက်ဖက်က ဂရုစိုက်ကြရပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ပိုးသတ်ဆေးတွေသောက်ခြင်းက ဘေးကင်းရဲ့လားဆိုတာလည်း စိတ်ပူကြပါလိမ့်မယ်။
>> ပိုးသတ်ဆေး (Antibiotics) တွေဆိုတာ ဘာလဲ?
အစွမ်းထက်သောဆေးဝါးများဖြစ်ပြီး မှန်ကန်တိကျစွာ သောက်သုံးမယ်ဆိုပါက ရောဂါပိုးဝင်ခြင်းများကို တိုက်ဖျက်နိုင်ပါတယ်။ ပိုးသတ်ဆေးတွေမှာ ရောဂါပိုးများ ထပ်မံမပွားများအောင် ကာကွယ်သောဆေးများနှင့် ရောဂါပိုးတွေကို အပြီးသေစေသောဆေးများဆိုပြီး ၂ မျိုး ရှိပါတယ်။
Obimin 1

>> ပိုးသတ်ဆေးတွေကို မှန်ကန်စွာမသောက်သုံးဘူး ဆိုရင်တော့ -
ကိုယ်ထဲမှာရှိနေတဲ့ ပိုးမွှားတွေက ဒီပိုးသတ်ဆေးကို ယဉ်ပါးလာပြီး ဆေးမတိုးတာမျိုး ကြုံရနိုင်ပါတယ်။
>> ပိုးသတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ -
● အစာစားချင်စိတ်မရှိခြင်း
● ပျို့အန်ခြင်း
● ဗိုက်နာခြင်း
● လျှာပေါ်တွင် အဖြူကွက်များပေါ်လာခြင်း
အချို့သောသူများတွင် ဓာတ်မတည့်ခြင်းကြောင့် နှုတ်ခမ်းနှင့်မျက်နှာအမ်းခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ပိုးသတ်ဆေးတိုင်းကတော့ ကိုယ်ဝန်ကို မထိခိုက်နိုင်ပေမယ့် အချို့သောပိုးသတ်ဆေးများဟာ သန္ဓေသားဖွံ့ဖြိုးမှု၊ ကြီးထွားမှုကို ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်ပါက ပိုးသတ်ဆေး သောက်ရတတ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန် ရှောင်ကြဉ်ရမယ့် ပိုးသတ်ဆေးတွေကိုတော့ သိထားဖို့ လိုပါတယ်။
Obimin 2

>> ကိုယ်ဝန်ဆောင်ကာလမှာ ရှောင်သင့်သော ပိုးသတ်ဆေးတွေကတော့ -
● Macrolides အုပ်စု၊ Quinolones အုပ်စု၊ Tetracyclines အုပ်စု၊ Sulfonamides အုပ်စု၊ Metronidazole အုပ်စုတို့ဖြစ်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ချေကို မြင့်မားစေပါတယ်။
● Tetracycline ဆေးဟာ သန္ဓေသားရဲ့သွားတွေကို ဝါစေနိုင်တဲ့အတွက် ကိုယ်ဝန် ၁၅ ပတ်မတိုင်ခင် သောက်သုံးတာမျိုး ရှောင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် ကျန်းမာရေးအခြေအနေအရ ပိုးသတ်ဆေးသောက်ဖို့ လိုတာမျိုး ရှိနိုင်ပါတယ်။ ပိုးသတ်ဆေးတစ်မျိုးနှင့်တစ်မျိုး ဆိုးကျိုးခြင်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ် ပိုးသတ်ဆေးများကြောင့် ရနိုင်တဲ့ဆိုးကျိုးအများစုကတော့ -
● အသားဝါခြင်း
● သန္ဓေသားရဲ့ အရိုးဖွံ့ဖြိုးမှုကို ထိခိုက်ခြင်း
● သန္ဓေသားရဲ့သွားအရောင်ကို ထိခိုက်စေခြင်းတို့ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ပိုးသတ်ဆေးများ သောက်သုံးရပါက မွေးလာသောကလေးမှာ ပိုးဝင်ခြင်းကြောင့် ဆေးရုံတက်ရနိုင်ချေ ၂၀ ရာနှုန်း မြင့်မားနိုင်ပါတယ်။ ဒါကြောင့် မေမေတို့အနေနှင့် ဆရာဝန်နှင့် စနစ်တကျတိုင်ပင်ပြီးမှသာ ပိုးသတ်ဆေး သောက်သုံးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























