ကိုယ်ဝန်ဆောင်ချိန် ဖောလစ်အက်ဆစ်ချို့တဲ့ခြင်း
ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ပထမဆုံးကြားရလေ့ရှိတာကတော့ ဖောလစ်အက်ဆစ် သောက်ရမယ်ဆိုတဲ့စကားပါပဲ။
တကယ်တော့ ဖောလစ်အက်ဆစ်ကို ကိုယ်ဝန်မရခင် ကိုယ်ဝန်ဆောင်မယ် ကြံရွယ်စဉ်ကတည်းကကို သောက်သင့်ပါတယ်။ ဒါမှ ကိုယ်ဝန်ရလာချိန်မှာ ကိုယ်ခန္ဓာမှာ ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့် သန္ဓေသားလေးကို ထိခိုက်တာမျိုးမရှိမှာ ဖြစ်ပါတယ်။
Obimin 1

ဖောလစ်အက်ဆစ်ဟာ ကိုယ်ခန္ဓာမှာ သွေးနီဥတည်ဆောက်တာလိုမျိုး အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးတာမို့ ဖောလစ်အက်ဆစ်ချို့တဲ့တဲ့အခါ သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။
ဖောလစ်အက်ဆစ်ဟာ ဆဲလ်ပွားမှုနဲ့ကြီးထွားမှုမှာ မရှိမဖြစ်အရေးပါတာမို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်အစောပိုင်းအချိန်မှာ အရေးအပါဆုံးဗီတာမင်တစ်မျိုး ဖြစ်နေတာပါ။
ဒီကာလမှာ ဖောလစ်အက်ဆစ် ချို့တဲ့တဲ့အခါ သန္ဓေသားလေးမှာ ဦးခေါင်းခွံနဲ့ကျောရိုးအာရုံကြောမကြီး ကောင်းကောင်းမဖွံ့ဖြိုးနိုင်တဲ့ Neural tube defect ဆိုတဲ့ ရောဂါနဲ့ မွေးဖွားလာတတ်ကြပါတယ်။
Obimin 2

ဒါကြောင့် ဖောလစ်အက်ဆစ်ချို့တဲ့မှုမရှိမှသာ ကလေးမှာ Neural tube defect နဲ့ မွေးဖွားလာတာ၊ ဆီးလမ်းကြောင်းပြဿနာတွေ၊ ခြေလက်ချို့ယွင်းမှုတွေအပြင် တခြားမွေးရာပါချို့ယွင်းမှုတွေဖြစ်တဲ့ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲတွေ၊ နှလုံးချို့ယွင်းမှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကလေးယူတော့မယ်ဆိုရင် ဆရာဝန်တွေက အစိမ်းရင့်ရောင်အသီးအရွက်တွေလိုမျိုး ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့အစားအစာတွေ၊ ဖောလစ်အက်ဆစ် ပါဝင်တဲ့ အားဆေးတွေ စားဖို့၊သောက်ဖို့ မှာကြားလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက်ကို ဖောလစ်အက်ဆစ် ပိုလိုအပ်တတ်တာမို့ တစ်နေ့ကို ၆၀၀-၈၀၀ မိုင်ခရိုဂရမ်လောက် သောက်ပေးသင့်တယ်လို့ ဆိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























