ကိုယ်ဝန်ဆောင်ချိန် မတ်တပ်ကြာကြာရပ်တဲ့အခါ
ကိုယ်ဝန်ရင့်လာတာနဲ့အမျှ နေ့စဉ်လှုပ်ရှားမှုတွေဖြစ်တဲ့ ထိုင်တာ၊ ထတာတွေဟာ မေမေတို့အတွက် ခက်ခဲလာပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဝန်ကြောင့် မေမေတို့ခန္ဓာကိုယ် နုနယ်လာတတ်တာမို့ အကြောအချင်ပြေအောင် မကြာမကြာ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ၊ ကိုယ်ဟန်အနေအထား ပြောင်းပေးတာမျိုးတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကြာကြာမတ်တပ်ရပ်တာမျိုးကိုတော့ ရှောင်ကြဉ်ဖို့ လိုတယ်နော်။
ဒါပေမဲ့ စားဝတ်နေရေးကြောင့် ကြာကြာမတ်တပ်ရပ်ဖို့ လိုလာပြီး ကျောတွေ၊ ခြေထောက်တွေ နာနေပြီဆိုရင်တော့ အန္တရာယ်ရှိနိုင်လားဆိုတာ သိဖို့လိုအပ်လာပြီပေါ့။
Obimin 1

>> ကိုယ်ဝန်ဆောင်ချိန် ကြာကြာမတ်တပ်ရပ်တာ အန္တရာယ်ရှိလား?
ကိုယ်ဝန်ဆောင် နောက်ဆက်တွဲတစ်ခုခု ရှိရင်တော့ ကြာကြာမတ်တပ်ရပ်တာကို ဆရာဝန်က ကန့်ကွက်ပါလိမ့်မယ်။
ကြာကြာမတ်တပ်ရပ်တာဟာ အထူးသဖြင့် ကိုယ်ဝန်ရင့်လာခဲ့ရင် ခါးကိုက်တာ၊ ခြေထောက်ညောင်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကလေးဆီကို သွေးအသွားအလာလည်း နည်းစေနိုင်တာမို့ ကလေးမှာ အာဟာရတွေ၊ အောက်စီဂျင်တွေ ကောင်းကောင်းမရဘဲ ကလေး ညှပ်တတ်ပါသေးတယ်။
လေ့လာမှုတွေအရတော့ နာရီအတော်ကြာကြာ မတ်တပ်ရပ်ခြင်းဟာ ကလေးကို ထိခိုက်နိုင်ပါသတဲ့။ လေ့လာမှုအရ တစ်ပတ်ကို ၂၅ နာရီလောက် မတ်တပ်ရပ်ရတဲ့ မေမေတွေရဲ့ကလေးလေးတွေဟာ မရပ်ရတဲ့မေမေတွေထက်စာရင် ၁၄၈ - ၁၉၈ ဂရမ် ကိုယ်အလေးချိန် နည်းတတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးလေးရဲ့ ခေါင်းပတ်လည်တိုင်းတာမှုဟာလည်း ၁ စင်တီမီတာလောက် နည်းတတ်တာမို့ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတတ်ပါတယ်။
Obimin 2

>> ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက်ကြာကြာ မတ်တပ်ရပ်နိုင်ပါသလဲ?
မေမေ သက်သောင့်သက်သာရှိတယ်၊ ခါးအောင့်တာ၊ ခြေထောက်နာတာ မရှိဘူးဆိုရင် ရပ်နိုင်ပါတယ်။ အကယ်၍ ကြာကြာမတ်တပ်ရပ်ဖို့ လိုတယ်ဆိုရင် ခြေထောက်ကို မကြာမကြာ လှုပ်ပေးတာ၊ လမ်းလေးလျှောက်ပေးတာ၊ ခြေတစ်ဖက်ကို ခြေနှင်းခုံပေါ် တင်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























