/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်စဉ်မှာ-ကယ်လ်စီယမ်ဆေးပြား-သောက်သင့်သလား

ကိုယ်ဝန်ဆောင်စဉ်မှာ ကယ်လ်စီယမ်ဆေးပြား သောက်သင့်သလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏ ပြည့်မီအောင် စားသုံးမပေးနိုင်ဘူးဆိုရင်တော့ ဆေးပြားသောက်ဖို့ လိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကိုယ်ဝန်ဆောင်မိခင်အားလုံး အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် သွေးတိုးသူတွေက ကိုယ်ဝန် ၂၀ ပတ်ကနေ မွေးတဲ့အထိ ကယ်လ်စီယမ်ဆေးပြား သောက်ဖို့လိုတယ်လို့ လမ်းညွှန်ထားပါတယ်။ ဒါပေမဲ့ နေ့စဉ်စားသုံးတဲ့ ကယ်လ်စီယမ်ပမာဏက လိုအပ်တာထက်မပိုဖို့တော့ လိုပါတယ်။

>>  ကယ်လ်စီယမ်ဆေး သောက်တဲ့အခါမှာ သိထားသင့်တဲ့အချက်တွေကတော့ -
●  ကယ်လ်စီယမ်နဲ့ သံဓာတ်အားဆေးကို ၁-၂ နာရီခြားပြီး သောက်ရပါမယ်။
●  Calcium carbonate က ကယ်လ်စီယမ် ကောင်းကောင်းပေးနိုင်ပေမယ့် ပျော်ဝင်ဖို့အတွက် အစာခြေရည် ပိုလိုတဲ့အတွက် အစာနဲ့အတူ သောက်ပေးပါ။
●  Calcium citrate ကတော့ ကောင်းကောင်းစုပ်ယူနိုင်ပြီး အစားအစာတွေကြားမှာ သောက်သုံးနိုင်ပါတယ်။
ဆေးတွေက ကယ်လ်စီယမ်ပမာဏကို ပေးစွမ်းရုံသာမက ကိုယ်ဝန်ဆိပ်တက်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆေးသောက်တော့မယ်ဆိုရင် သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေလည်း သိထားဖို့ လိုပါတယ်။

>>  ကိုယ်ဝန်ဆောင်များတွင် ကယ်လ်စီယမ်ဆေး၏ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကတော့ -
●  ဒီဆေးတွေက ဗိုက်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
●  Dolomite, bone meal, coral, oyster shell တွေပါဝင်တဲ့ ကယ်လ်စီယမ်ဆေးပြားတွေက သန္ဓေသားကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
●  ကယ်လ်စီယမ် များလွန်းရင် ကျောက်ကပ် ကျောက်တည်စေနိုင်ပါတယ်။ ဒါ့အပြင် ဇင့်ဓာတ်နဲ့ သံဓာတ် ကဲ့သို့သော အာဟာရဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
●  ကိုယ်ဝန်ဆောင်တွေမှာ ကယ်လ်စီယမ်တစ်နေ့ကို 2500 mg ထက်ပိုပြီး မသောက်မိဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)