/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နဲ့-ကြွက်တတ်ခြင်း

ကိုယ်ဝန်ဆောင်နဲ့ ကြွက်တတ်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ဖိအားကြောင့် ကြွက်တတ်တဲ့ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တတ်တာကို သက်သာစေရန် -
1.  ကယ်လ်စီယမ် ကြွယ်ဝတဲ့အစားအစာတွေကို မှီဝဲပေးပါ။
2.  ဖိနပ်ပါးစီးပါ။
3.  လဲလျောင်းနေစဉ် ခြေထောက်တွေကို မြှင့်ထားပါ။
4.  ဘေးတစောင်းအိပ်ပါ။
5.  ကြွက်တတ်တဲ့နေရာကို ရေနွေးအိတ်ကပ်ပေးပါ။
6.  လေ့ကျင့်ခန်းလုပ်ပါ။ ခြေထောက်များကို ဆန့်ထုတ်ပြီး ခြေချောင်းများကို ကွေးညွတ်ကာ ခန္ဓာကိုယ်ဆီသို့ ဆွဲယူတဲ့လေ့ကျင့်ခန်း လုပ်ပါ။

Dr. Htet Htet Aung (www.drmyanmar.com)