ကိုယ်ဝန်ဆောင်နှင့် လိပ်ခေါင်း
"ကိုယ်ဝန်နဲ့ ဆို ... ဟိုဟာ မစားနဲ့ ... ဒီဟာ ရှောင် ... ဟင်းခါးလေးနဲ့ ထမင်းဖြူစားပြီး ချွေးထုတ် "
အစားအစာနဲ့ ပတ်သက်တဲ့ အယူအဆဟောင်းတွေကို စွန့်ပစ်လိုက်ပါတော့။ ကိုယ်ဝန်သည်တွေဟာ မိမိကိုယ်ကို ဗိုက်ကြီးမှန်း စသိချိန်ကစလို့ အလိုလို တွန့်ဆုတ် ရှောင်ကြဉ်ပြီးသား ဖြစ်နေတတ်ကြသလို ပတ်ဝန်းကျင်မိသားစုကပါ အဲဒီအခြေအနေကို ပိုဆိုးလာအောင် လုပ်နေလျက်သား ဖြစ်နေပါတယ်။ ရှောင်သမျှထဲမှာ အစားရှောင်တာက လွန်လွန်ကဲကဲ ဖြစ်သွားတတ်ပါတယ်။
စိတ်ဖိအားကြောင့် ရေသောက် နည်းလာ၊ သစ်သီးစား နည်းလာ၊ အစားတွေ ရှောင်မိပြီး ဝမ်းချုပ်လာကြပါတယ်။
ဝမ်းချုပ်တဲ့ ကိုယ်ဝန်သည်လေးတွေမှာ ဖြစ်တတ်တာကတော့ လိပ်ခေါင်းပါပဲ။
● စအိုကနေ သွေးကျမယ်
● ဝမ်းသွားတဲ့အခါ နာကျင်မယ်
● စအိုကနေ အလုံးလေး ထွက်လာမယ်
● အားပြတ်မယ်၊ စိတ်ဓာတ်ကျမယ်
ဝမ်းသွားတိုင်း နာတော့ ပိုအောင့်ထားပြီး ပိုချုပ်ကုန်တာပေါ့ မေမေအလျောင်းအလျာလေးတွေရေ ...
အပေါ်က ဖော်ပြပါလက္ခဏာလေးတွေရှိတဲ့အခါ စိတ်ညစ်မသွားပါနဲ့။ ဖြေရှင်းနည်းတွေတသီကြီး ရှိပါတယ်နော်။
● ပထမဆုံးအနေနဲ့ ဝမ်းချုပ်လို့ လိပ်ခေါင်းထွက်တာ ပုံမှန်မို့ စိတ်ကိုလျှော့ချပြီး ဖိစီးမှု မများစေချင်တာပါ။ စိတ်ဖိစီးတဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကလေးကြီးထွားနှုန်း နှေးတတ်ပါတယ်။
● ဆားရည် ထိုင်ကြည့်ပါ။ ဇလုံထဲကို ဆားနှစ်ဇွန်းထည့် ရေအေးလေးထည့်ပြီး တင်ပါးမြုပ်အောင် ထိုင်ပါ။ သို့မဟုတ် စားဆော်ဒါကို ရေနဲ့ဖျော်ပြီး ထိုင်ပါ။ တစ်ခါထိုင်တဲ့အခါ ဆယ်မိနစ်နဲ့ တစ်ရက်ကို နှစ်ကြိမ်မှ သုံးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
● ကိုယ်စားနေတဲ့ အစာအုပ်စုကို သတိထားကြည့်ပါ။ အသီးအရွက် လတ်လတ်ဆတ်ဆတ်အပြင် အမျှင်ပါတဲ့ လိမ္မော်သီး၊ သဘောၤသီး၊ ဒူးရင်း၊ ဖရဲ စတာတွေကို နေ့စဉ်စားဖြစ်ဖို့ မိမိကိုယ်ကို သတိပေးပါ။
● ရေများများ သောက်ပါ။ ကိုယ်ဝန်ဆောင်တွေဟာ ရေဓာတ် ခန်းခြောက်နေတတ်ပါသတဲ့၊ ရေဓာတ် ပြည့်ဝနေတော့ သန္ဓေသားလေး ပိုကျန်းမာသလို ကိုယ်လည်း အသားအရေ ပိုစိုပြေလာပြီး ဝမ်းမချုပ်တော့ဘူးပေါ့။
● အထိုင်မများပါနဲ့၊ မကြာခဏ ထိုင်နေတာဟာ ကိုယ်ဝန်အလေးကို ချီပေးထားတဲ့ တင်ပါးဆုံနဲ့ခါးကို ထိခိုက်စေတဲ့အပြင် ကြွက်သား တင်းတာ၊ ကိုက်တာ၊ နာကျင်တာတွေဖြစ်ဖို့ လမ်းစပါပဲ။ ကြာကြာမထိုင်ဘဲ မကြာခဏ ထလမ်းလျှောက်ပေးပါ။ အနေအထားကို အလျဉ်းသင့်သလိုပြင်ပါ။ အညောင်း မမိပါစေနဲ့။
● သားဖွားဆရာမဆရာဝန်ကို ပြသဆွေးနွေးပါ။ လိုအပ်သမျှ ဝမ်းပျော့ဆေး ပေးပါလိမ့်မယ်။ ဆရာဝန် ညွန်ကြားချက်ကို ယူပါ။ လိပ်ခေါင်းကို လိမ်းတဲ့ဆေး ရှိပါတယ်။ အဲဒီလိမ်းဆေးလေးကလည်း သွေးကြောတွေကို ရှုံသွားစေပြီး လိပ်ခေါင်းကြောင့်ဖြစ်တဲ့ အနာသက်သာစေပါတယ်။
ဒီလိုနည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ပြီး ကိုယ်ဝန်ဆောင်လေးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ လိပ်ခေါင်းပြဿနာကို အဆင်ပြေပြေ ကျော်လွှားနိုင်ပါစေနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Zawgyi)
"ကိုယ္ဝန္နဲ႔ ဆို ... ဟိုဟာ မစားနဲ႔ ... ဒီဟာ ေ႐ွာင္ ... ဟင္းခါးေလးနဲ႔ ထမင္းျဖဴစားၿပီး ေခြၽးထုတ္ "
အစားအစာနဲ႔ ပတ္သက္တဲ့ အယူအဆေဟာင္းေတြကို စြန္႔ပစ္လိုက္ပါေတာ့။ ကိုယ္ဝန္သည္ေတြဟာ မိမိကိုယ္ကို ဗိုက္ႀကီးမွန္း စသိခ်ိန္ကစလို႔ အလိုလို တြန္႔ဆုတ္ ေ႐ွာင္ၾကဥ္ၿပီးသား ျဖစ္ေနတတ္ၾကသလို ပတ္ဝန္းက်င္မိသားစုကပါ အဲဒီအေျခအေနကို ပိုဆိုးလာေအာင္ လုပ္ေနလ်က္သား ျဖစ္ေနပါတယ္။ ေ႐ွာင္သမွ်ထဲမွာ အစားေ႐ွာင္တာက လြန္လြန္ကဲကဲ ျဖစ္သြားတတ္ပါတယ္။
စိတ္ဖိအားေၾကာင့္ ေရေသာက္ နည္းလာ၊ သစ္သီးစား နည္းလာ၊ အစားေတြ ေ႐ွာင္မိၿပီး ဝမ္းခ်ဳပ္လာၾကပါတယ္။
ဝမ္းခ်ဳပ္တဲ့ ကိုယ္ဝန္သည္ေလးေတြမွာ ျဖစ္တတ္တာကေတာ့ လိပ္ေခါင္းပါပဲ။
● စအိုကေန ေသြးက်မယ္
● ဝမ္းသြားတဲ့အခါ နာက်င္မယ္
● စအိုကေန အလံုးေလး ထြက္လာမယ္
● အားျပတ္မယ္၊ စိတ္ဓာတ္က်မယ္
ဝမ္းသြားတိုင္း နာေတာ့ ပိုေအာင့္ထားၿပီး ပိုခ်ဳပ္ကုန္တာေပါ့ ေမေမအေလ်ာင္းအလ်ာေလးေတြေရ ...
အေပၚက ေဖာ္ျပပါလကၡဏာေလးေတြ႐ွိတဲ့အခါ စိတ္ညစ္မသြားပါနဲ႔။ ေျဖ႐ွင္းနည္းေတြတသီႀကီး ႐ွိပါတယ္ေနာ္။
● ပထမဆံုးအေနနဲ႔ ဝမ္းခ်ဳပ္လို႔ လိပ္ေခါင္းထြက္တာ ပံုမွန္မို႔ စိတ္ကိုေလ်ွာ့ခ်ၿပီး ဖိစီးမႈ မမ်ားေစခ်င္တာပါ။ စိတ္ဖိစီးတဲ့ ကိုယ္ဝန္ေဆာင္ေတြဟာ ကေလးႀကီးထြားႏႈန္း ေႏွးတတ္ပါတယ္။
● ဆားရည္ ထိုင္ၾကည့္ပါ။ ဇလံုထဲကို ဆားႏွစ္ဇြန္းထည့္ ေရေအးေလးထည့္ၿပီး တင္ပါးျမဳပ္ေအာင္ ထိုင္ပါ။ သို႔မဟုတ္ စားေဆာ္ဒါကို ေရနဲ႔ေဖ်ာ္ၿပီး ထိုင္ပါ။ တစ္ခါထိုင္တဲ့အခါ ဆယ္မိနစ္နဲ႔ တစ္ရက္ကို ႏွစ္ႀကိမ္မွ သံုးႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။
● ကိုုယ္စားေနတဲ့ အစာအုပ္စုကို သတိထားၾကည့္ပါ။ အသီးအရြက္ လတ္လတ္ဆတ္ဆတ္အျပင္ အမွ်င္ပါတဲ့ လိေမၼာ္သီး၊ သေဘာၤသီး၊ ဒူးရင္း၊ ဖရဲ စတာေတြကို ေန႔စဥ္စားျဖစ္ဖို႔ မိမိကိုယ္ကို သတိေပးပါ။
● ေရမ်ားမ်ား ေသာက္ပါ။ ကိုယ္ဝန္ေဆာင္ေတြဟာ ေရဓာတ္ ခန္းေျခာက္ေနတတ္ပါသတဲ့၊ ေရဓာတ္ ျပည့္ဝေနေတာ့ သေႏၶသားေလး ပိုက်န္းမာသလို ကိုယ္လည္း အသားအေရ ပိုစိုေျပလာၿပီး ဝမ္းမခ်ဳပ္ေတာ့ဘူးေပါ့။
● အထိုင္မမ်ားပါနဲ႔၊ မၾကာခဏ ထိုင္ေနတာဟာ ကိုယ္ဝန္အေလးကို ခ်ီေပးထားတဲ့ တင္ပါးဆံုနဲ႔ခါးကို ထိခိုက္ေစတဲ့အျပင္ ႂကြက္သား တင္းတာ၊ ကိုက္တာ၊ နာက်င္တာေတြျဖစ္ဖို႔ လမ္းစပါပဲ။ ၾကာၾကာမထိုင္ဘဲ မၾကာခဏ ထလမ္းေလွ်ာက္ေပးပါ။ အေနအထားကို အလ်ဥ္းသင့္သလိုျပင္ပါ။ အေညာင္း မမိပါေစနဲ႔။
● သားဖြားဆရာမဆရာဝန္ကို ျပသေဆြးေႏြးပါ။ လိုအပ္သမွ် ဝမ္းေပ်ာ့ေဆး ေပးပါလိမ့္မယ္။ ဆရာဝန္ ၫြန္ၾကားခ်က္ကို ယူပါ။ လိပ္ေခါင္းကို လိမ္းတဲ့ေဆး ႐ွိပါတယ္။ အဲဒီလိမ္းေဆးေလးကလည္း ေသြးေၾကာေတြကို ႐ႈံသြားေစၿပီး လိပ္ေခါင္းေၾကာင့္ျဖစ္တဲ့ အနာသက္သာေစပါတယ္။
ဒီလိုနည္းလမ္းေလးေတြကို လိုက္နာေဆာင္ရြက္ၿပီး ကိုယ္ဝန္ေဆာင္ေလးေတြ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ လိပ္ေခါင္းျပႆနာကို အဆင္ေျပေျပ ေက်ာ္လႊားႏိုင္ပါေစေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























