/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နှင့်-လိပ်ခေါင်း-0

ကိုယ်ဝန်ဆောင်နှင့် လိပ်ခေါင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

သွေးလည်ပတ်မှု မြင့်တက်လာခြင်းနဲ့ သန္ဓေသားရဲ့ ဖိအားသက်ရောက်မှုများကြောင့် လိပ်ခေါင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ လိပ်ခေါင်းဝေဒနာ သက်သာစေရန် -
1.  အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပါ။
2.  တစ်နေ့ကို ရေဖန်ခွက် 6 ခွက်မှ 8 ခွက်ထိ သောက်ပေးပါ။
3.  ကောက်ညှင်းနဲ့ ပြုလုပ်ထားတဲ့မုန့်တွေ မစားပါနဲ့။
4.  ဝမ်းလုံး၀ အချုပ်မခံပါနဲ့။ ဝမ်းကို တအားညှစ်ပြီး မသွားပါနဲ့။
5.  ဝမ်းသွားပြီးလို့ သန့်ရှင်းရေးလုပ်ရင်လည်း ညင်သာစွာ လုပ်ပါ။ တစ်ရှူးအခြောက်အစား တစ်ရှူးအစို (Wet Tissue) ကို သုံးပေးပါ။
6.  အကြာကြီးမတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းတို့ကို ရှောင်ရှားပါ။
7.  ပေါ့ပေါ့ပါးပါး လုပ်ရမယ့် လေ့ကျင့်ခန်းတစ်မျိုးမျိုးကို ပုံမှန်လုပ်ပါ။ (ဥပမာ - လမ်းလျှောက်ခြင်း)
8.  လိပ်ခေါင်းဖြစ်တဲ့နေရာကို ရေခဲကပ်ပေးပါ။
9.  တင်းကြပ်တဲ့အတွင်းခံများ ဝတ်ခြင်းကို ရှောင်ရှားပါ။

Dr. Htet Htet Aung (www.drmyanmar.com)