ကိုယ်ဝန်ဆောင်နှင့် သွေးအားနည်းခြင်း
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ မိခင်နဲ့ ရင်သွေးလေးအတွက် လိုအပ်တဲ့အထောက်အပံ့တွေကို လုံလုံလောက်လောက် ရရှိအောင်လို့ ခန္ဓာကိုယ်ကနေ သွေးနီဥတွေကို ပိုထုတ်လုပ်ပေးရပါတယ်။ သွေးနီဥထုတ်လုပ်ဖို့ဆို သံဓာတ်လိုအပ်ပါတယ်။
Obimin 2022 IA 1
သံဓာတ်ပိုမိုလိုအပ်တဲ့ ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်ချက်ကို အမှီလိုက်ဖြည့်ဖို့ မလွယ်တဲ့အခါ သွေးနီဥနည်းပြီး သွေးအားနည်းရောဂါကို ခံစားရလာပါတယ်။ သွေးအားနည်းတဲ့အခါ အစပိုင်းမှာတော့ သိပ်မသိသာပေမယ့် ပိုဆိုး၊ ပိုကြာလာတဲ့အခါ မောတာ၊ နုန်းပြီး အားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
Obimin 2022 IA 2
ဒါကြောင့် ကိုယ်ဂန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် -
• သံဓာတ်ကြွယ်ဝတဲ့ အသား၊ ကြက်သား၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုနဲ့ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို များများစားပေးပါ။
• ဖောလစ်အက်စစ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။
• ဗီတာမင်စီကြွယ်ဝတဲ့ ချဥ်သောအသီးတွေနဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။
• သံဓာတ်နဲ့ ဖောလစ်အက်စစ်ပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေကို သောက်သုံးပေးပါ။