ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ မွေးလာမယ့်ရင်သွေးလေးရဲ့ဦးနှောက်ကို လွမ်းမိုးနိုင်ပါတယ်
မကြာသေးမီက သုတေသနပြုလုပ်ချက်အရ ကိုယ်ဝန်ဆောင်ချိန်ရဲ့ နောက်ဆုံးသုံးလအတွင်း မိခင်ရဲ့ကိုယ်ခံအားစနစ်ဟာ ရင်သွေးလေးရဲ့ ရေတိုနှင့်ရေရှည် ဦးနှောက်လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
● ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ သန္ဓေသားဦးနှောက်ရဲ့တွယ်ဆက်မှုတွေကို ပုံဖော်ပေးနိုင်ပြီး ရင်သွေးလေး ကြီးပြင်းလာတဲ့အခါ စိတ်ရောဂါများခံစားရခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
● ရောဂါပိုးဝင်ခြင်း၊ စိတ်ဖိစီးမှု၊ နေမကောင်းခြင်းနှင့် ဓာတ်မတည့်ခြင်းစတဲ့ ဖြစ်စဉ်တွေဟာ ကိုယ်ခံအားစနစ်ကို သွားရောက်လှုံ့ဆော်ပေးပါတယ်။
● ကိုယ်ခံအားစနစ်ကနေ အဆိုပါဖြစ်စဉ်တွေကို သိရှိတဲ့အခါမှာ ရောင်ရမ်းခြင်းဖြစ်စဉ် ဖြစ်ပေါ်လာပြီးနောက် ပရိုတင်းနှစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ထိုပရိုတင်းနှစ်မျိုးဟာ မိခင်ကိုယ်ထဲမှာ မြင့်မားစွာရှိနေခြင်းဖြင့် ရင်သွေးလေး အသက် ၁၄ လရောက်ချိန်မှာ ဦးနှောက်စွမ်းရည်ကောင်းမွန်ခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာချက်များအရ သိရှိရပါတယ်။
● မိခင်ရဲ့ကိုယ်ခံအားစနစ် အားနည်းခြင်းဟာ ကိုယ်ဝန်ဆောင်ကာလအဆုံးမှာ ရင်သွေးလေးရဲ့ နှလုံးခုန်နှေးခြင်းနှင့် ဆက်စပ်နေပြီး အာရုံကြောစနစ် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို ပြသနေပါတယ်။
● ဒီအချက်ဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးအပတ်တွေဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် အရေးကြီးသော သက်ရောက်မှုရှိကြောင်း ဖော်ပြနေပါတယ်။
● မေမေတို့အနေနှင့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုရှိခြင်း၊ ဗီတာမင်စီအားဆေးများ သောက်သုံးခြင်း စသည်တို့ဖြင့် ကိုယ်ခံအားကောင်းမွန်စေရန် ကြိုးပမ်းကြဖို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























