/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်တွေ-ကြုံရလေ့ရှိတဲ့-ခါးနာခြင်းဝေဒနာ

ကိုယ်ဝန်ဆောင်မိခင်တွေ ကြုံရလေ့ရှိတဲ့ ခါးနာခြင်းဝေဒနာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့ရသော ကျန်းမာရေးပြဿနာများတွင် ခါးနာခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင်လည်း ခါးနာတတ်ပေမယ့် ကလေး ပိုမိုကြီးထွားလာတဲ့ ကိုယ်ဝန်ရင့်ချိန်မှာတော့ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။

တွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀-၇၀ ရာနှုန်းလောက်ဟာ ခါးကိုက်ခြင်းကို ရင်ဆိုင်ရလေ့ရှိပါတယ်။

 

>>  ဖြစ်စေသောအကြောင်းရင်းများ

(၁)  ကိုယ်ဝန်ဆောင်ကာလတွင်း ဟိုမုန်းများ မြင့်တက်လာခြင်း

(၂)  ကမ္ဘာ့ဆွဲအား

(၃)  ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တက်ခြင်း

(၄)  ကိုယ်နေဟန်ထားမမှန်ခြင်း

(၅)  ကိုယ်ဝန်ကြောင့် တင်ပါးဆုံအောက်ပိုင်းနေရာများကို ဖိမိခြင်း

 

>>  ကိုယ်ဝန်ဆောင်ချိန် ခါးနာခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

●  ဆရာဝန်နှင့်တိုင်ပင်ပြီး နောက်ကျောနှင့်ဝမ်းဗိုက်ကြွက်သားများကို ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းများ လုပ်ဆောင်ပါ။

●  တစ်ခုခုကို ကောက်တဲ့အခါ ထိုင်ချပြီး ကောက်ပါ။ ကုန်းမကောက်ပါနှင့်။

●  ဖိနပ်အမြင့်များစီးခြင်းကို ရှောင်ပါ။

●  ပက်လက်အိပ်ခြင်း ရှောင်ပါ။

●  ကောင်းစွာအနားယူပါ။ အိပ်စက်ချိန်တွင် ခြေထောက်ကို အပေါ်သို့မြှောက်ပြီး တင်ထားပါ။

ကိုယ်ဝန်ဆောင်ကာလ ခါးနာခြင်းကို သက်သာဖို့အတွက် ရေနွေးအိတ်ကပ်တာမျိုး၊ အိပ်တဲ့အခါ ဘေးစောင်းအိပ်တာမျိုး ပြုလုပ်ပေးပါ။

 

>>  အောက်ပါအခြေအနေများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပါ။

●  အလွန်ဆိုးရွားစွာ ခါးကိုက်ခြင်း

●  မသက်သာဘဲ ပိုဆိုးလာခြင်း သို့မဟုတ် ရုတ်တရက် ခါးနာခြင်း

●  အချိန်အနည်းငယ်ကြာတိုင်း ပုံမှန်ကိုက်ခဲခြင်း

 

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)