/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်လောင်းတို့-အာဟာရပြည့်ဝစေဖို့

ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ အာဟာရပြည့်ဝစေဖို့

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အာဟာရပြည့်ဝအောင် စားသောက်ခြင်းဟာ လူတစ်ဦးချင်းစီအတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ ဒီလိုအာဟာရပြည့်ဝဖို့ဟာ ကိုယ်ဝန်ဆောင်ကာလမှာတော့ ပိုမိုအရေးတကြီး ဂရုစိုက်သင့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်ကာလအလိုက် အထူးပြုစားသောက်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

>>  ကိုယ်ဝန်ဆောင်ကာလ ပထမ (၃) လအတွက်
●  ဖောလိတ်ဓာတ် ပြည့်ဝသော အစားအစာများကို ဦးစားပေး စားသောက်သင့်ပါတယ်။
●  ကညွတ်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း
●  ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်
●  လိမ္မော်သီး၊ ဆန်၊ ဂျုံ၊ ပြောင်း
●  ကြက်သား၊ ဝက်သား စတဲ့ ဖောလိတ်ကြွယ်ဝသော အစားအစာများကို စားပေးခြင်းဖြင့် ကလေးရဲ့ အာရုံကြောစနစ်ကို အကောင်းဆုံးဖွံံ့ဖြိုးစေမှာ ဖြစ်ပါတယ်။
●  ကိုယ်ဝန်အစောပိုင်းကာလတွင် ပျို့အန်ခြင်းကို သက်သာစေဖို့ အစားကို နည်းနည်းနှင့် မကြာခဏစားခြင်း၊ ချင်းပြုတ်ရည်သောက်ခြင်းတို့ကို ပြုလုပ်ပေးပါ။

Obimin 1

>>  ကိုယ်ဝန်ဆောင်ကာလ ဒုတိယ (၃) လအတွက်
●  သံဓာတ်ပြည့်ဝဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ သံဓာတ် ပါဝင်သော အစားအစာများဖြစ်တဲ့ ကြက်သား၊ အနီရောင်အသားများ၊ ငါး၊ ပဲအမျိုးမျိုးနှင့် အစိမ်းရင့်ရောင်အရွက်များကို နေ့စဉ်စားသုံးပါ။
●  သန္ဓေသားရဲ့ဦးနှောက်ကို ဖွံ့ဖြိုးစေမည့် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်သော ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စသည်တို့ကို စားပေးပါ။ သစ်ကြားသီး၊ သစ်အယ်သီး ကဲ့သို့ အစေ့အဆံများကိုလည်း သရေစာအဖြစ် စားပေးနိုင်ပါတယ်။
●  ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်းကို ကာကွယ်စေဖို့ သစ်သီးနှင့် အသီးအရွက်တွေကိုလည်း စားပေးသင့်ပြီး တစ်နေ့ကို ရေ ၁ လီတာခွဲကနေ ၂ လီတာထိ သောက်ပေးပါ။

>>  ကိုယ်ဝန်ဆောင်ကာလ တတိယ (၃) လအတွက်
●  ဒီကာလမှာ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ပြည့်ဝဖို့ လိုအပ်တာကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင်အရွက်များ၊ အရိုးပါ ဝါးစားလို့ရတဲ့ငါးများ၊ အစေ့အဆံများ၊ တို့ဟူး စသည်တို့ကို စားပေးပါ။
●  ဗီတာမင်ဒီကို မနက်ခင်း နေရောင်ခြည်ကို ၁၅ မိနစ်ခန့် ခံယူခြင်းဖြင့် ရနိုင်သလို ကြက်ဥ၊ အသား၊ အဆီပါသောငါးများကနေလည်း ရရှိနိုင်ပါတယ်။

Obimin 2

>>  ကိုယ်ဝန်ဆောင်ကာလတွင် ရှောင်ကြဉ်သင့်သော အစားအစာများ            
●  မကျက်တကျက် ချက်ထားသော အသားငါးများ
●  ဆူရှီကဲ့သို့ အသားစိမ်းပါဝင်သော အစာများ
●  စပ်လွန်းသောအစာများ
●  အရက်
●  ဆေးလိပ်
●  ကော်ဖီ လွန်ကဲစွာသောက်ခြင်း                       

ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် အထက်ပါအစားအစာများကို တစ်နေ့တာ အာဟာရလိုအပ်ချက်များနှင့် ကိုက်ညီပြီး စားပေးရမယ့်အပြင် ဗီတာမင်အားဆေးများကိုလည်း နေ့စဉ်မှီဝဲခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်း၊ စိတ်ဖိစီးမှု လျော့ကျအောင်ပြုလုပ်ခြင်း စသည်တို့ဖြင့် ကျန်းမာပျော်ရွှင်အောင် နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)