ကိုယ်ဝန်ဆောင်မေမေတို့ ခါးနားခြင်း ကင်းဝေးစေဖို့
ကိုယ်၀န်ဆောင်ကာလမှာ ဟော်မုန်းအပြောင်းအလဲနှင့် ခန္ဓာကိုယ်သွင်ပြင်အပြောင်းအလဲကြောင့် ခါးနာခြင်း ဝေဒနာကို ခံစားရပါတယ်။ ခါးနာနေတယ်ဆိုပါက အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- ခုံမထူသော ဖိနပ်များကို ရွေးချယ်၀တ်ဆင်ပါ။
- အလေးအပင် မခြင်းရှောင်ကြဉ်ပါ။
- ပစ္စည်းများကို ကောက်ယူရာမှာလည်း ဒူးကိုကွေးညွတ်ပြီးမှ ကောက်ယူပါ။
- တနေရာတည်းမှာ အကြာကြီးမရပ်ပါနဲ့။
- ထိုင်တဲ့အခါမှာ ခေါင်းအုံးကို ကျောနောက်မှာခံပြီးမှ ထိုင်ပါ။
- မာကျောတဲ့ အိပ်ရာပေါ်မှာ အိပ်စက်ပါ။ လိုအပ်ပါက မွေ့ရာနဲ့ခုတင်ကြားမှာ သစ်သားပြားခံထားပါ။
- ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးထားပြီး ဘေးတစောင်းအိပ်ပါ။
- ရေနွေးဖြင့် ရေချိုးပါ။ သို့တည်းမဟုတ် ရေးနွေးအိတ်ကပ်ပါ။
- နောက်ကြောရှိ ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းလုပ်ပါ။
- မတ်မတ်ရပ်ပါ။
- အနေအထားပြောင်းခြင်း၊ အနားယူခြင်း တို့ပြုလုပ်သော်လည်း မသက်သာပါက ဆရာ၀န်နှင့် တိုင်ပင်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)






























