ကိုယ်ဝန်ဆောင်ရင် နှစ်ယောက်စာ စားရမှာလား
အမှန်တကယ်တော့ သနေ္ဓသားကောင်းစွာဖွ့ံဖြိုးနိုင်ရန်အတွက် တစ်နေ့လျှင် 300 ကယ်လိုရီမျှ ပိုမိုစားသုံးရုံဖြင့် လုံလောက်ပါပြီ။ လူကြီးနှစ်ယောက်စာ စားသုံးရန်မလိုအပ်ပါ။
အခြားရှုထောင့်ကကြည့်မယ်ဆိုရင် 300 ကယ်လိုရီဆိုတာ ဒိန်ချဉ်တစ်ခွက်၊ ပေါင်မုန့်ညိုတစ်ချပ်နဲ့ သစ်သီးအနည်းငယ်သာဖြစ်ပါတယ်။ ထိုအစားအသောက်အတွဲဟာ ကယ်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နဲ့ သကြားဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အစားအသောက်ကို မှန်ကန်စွာရွေးချယ်၍ စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်တိုးရန် ကူညီပေးရုံသာမက သနေ္ဓသားရဲ့ကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်ပါတယ်။
Dr.Thinzar Wynn






























