ကိုယ်ဝန်ဆောင်လေးတွေ လေ့ကျင့်ခန်း လျှော့လုပ်ရမယ့်အချိန်
အောက်ပါလက္ခဏာတွေ ကြုံလာရပြီဆိုရင် လေ့ကျင့်ခန်းကို တွန်းမလုပ်ဘဲ နည်းနည်းလျှော့လုပ်သင့်ပါတယ်။
● အလွန်အမင်း မောပန်းနေခြင်း : လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ မောပန်းပေမယ့် စိတ်ကျေနပ် ပျော်ရွှင်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အိမ်အပြန် ကားဆီကိုတောင် မနည်းသွားနေရတယ် ဆိုရင်တော့ မဟုတ်တော့ပါဘူး။
● စိတ်မရှည်ခြင်း : လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ထွက်လာတဲ့ endorphin ဟော်မုန်းတွေဟာ စိတ်ကို ပျော်ရွှင်စေနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပုံမှန်ထက်ကိုပိုပြီး စိတ်တိုလာတယ်ဆိုရင်တော့ လေ့ကျင့်ခန်းကို လျှော့လုပ်သင့်ပါပြီ။
● အဆစ်အမြစ်၊ ကြွက်သားတွေ နာကျင်ခြင်း : လေ့ကျင့်ခန်းလုပ်ပြီး နောက်ရက်တွေမှာ နာကျင်နေတတ်တာဟာ ပုံမှန်ပဲဖြစ်ပြီး အကြောလျှော့လိုက်ရင် ပျောက်သွားတတ်ပေမယ့် လေ့ကျင့်ခန်းလုပ်တိုင်း နာကျင်နေမယ်ဆိုရင်တော့ မဟုတ်တော့ပါဘူး။
● အိပ်မပျော်ခြင်း : ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ လေ့ကျင်ခန်းပြုလုပ်ပြီး ပင်ပန်းနွမ်းနယ်သွားတဲ့အခါ အလွယ်တကူ အိပ်ပျော်သွားတတ်ပါတယ်။ ဒါပေမဲ့ လေ့ကျင်ခန်း အလွန်အမင်း လုပ်မိသွားတဲ့အခါ အိပ်ပျော်ဖို့ ခက်ခဲတာမျိုးနဲ့ ကြုံရတတ်ပါတယ်။
>> ဘယ်အချိန်မှာ လေ့ကျင့်ခန်းကို ရပ်သင့်သလဲ?
ကိုယ်ခန္ဓာက ပင်ပန်းနွမ်းနယ်လာပြီလို့ အချက်ပြတဲ့အချိန်မှာ ရပ်တာ အကောင်းဆုံးပါ။
Obimin 1

>> ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုံးဝမလုပ်ရမယ့်အချိန်
ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကလေးအတွက်ရော၊ အမေအတွက်ပါ ကောင်းပေမယ့် တချို့မှာတော့ လေ့ကျင်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။
● သွေးအားနည်းရောဂါ
● နာတာရှည်လေပြွန်ရောင်ရောဂါ
● အချင်းရှေ့ရောက်ခြင်း
● မထိန်းချုပ်နိုင်တဲ့သွေးတိုးရောဂါ
● သားအိမ်ခေါင်းမလုံခြင်း
● ရေမြွာစောပေါက်ခြင်း
● ကိုယ်ဝန် ဒုတိယနဲ့တတိယကာလတွေမှာ သွေးတောက်လျှောက်ဆင်းခြင်း
● အတက်ရောဂါ
● မထိန်းချုပ်နိုင်တဲ့သိုင်းရွိုက်ဓာတ်များရောဂါနဲ့
● သားအိမ်တွင်း ကလေးကြီးထွားမှုနှေးနေစဉ်တွေမှာ လေ့ကျင့်ခန်းမလုပ်ဘဲ နားနားနေနေ နေသင့်ပါတယ်။
ဒါကြောင့် လေကျင်ခန်းမလုပ်ခင်မှာ ဆရာဝန်ဆီက လုပ်လို့ ရ၊ မရဆိုတဲ့အချက်ကို မေးမြန်းပြီးမှ လုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
Dr. Emerald (www.drmyanmar.com)
Obimin 2

(Zawgyi)
ေအာက္ပါလကၡဏာေတြ ႀကဳံလာရၿပီဆိုရင္ ေလ့က်င့္ခန္းကို တြန္းမလုပ္ဘဲ နည္းနည္းေလွ်ာ့လုပ္သင့္ပါတယ္။
● အလြန္အမင္း ေမာပန္းေနျခင္း : ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မွာ ေမာပန္းေပမယ့္ စိတ္ေက်နပ္ ေပ်ာ္ရႊင္သင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီး အိမ္အျပန္ ကားဆီကိုေတာင္ မနည္းသြားေနရတယ္ ဆိုရင္ေတာ့ မဟုတ္ေတာ့ပါဘူး။
● စိတ္မရွည္ျခင္း : ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မွာ ထြက္လာတဲ့ endorphin ေဟာ္မုန္းေတြဟာ စိတ္ကို ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။ ဒီလိုမဟုတ္ဘဲ ပုံမွန္ထက္ကိုပိုၿပီး စိတ္တိုလာတယ္ဆိုရင္ေတာ့ ေလ့က်င့္ခန္းကို ေလွ်ာ့လုပ္သင့္ပါၿပီ။
● အဆစ္အျမစ္၊ ႂကြက္သားေတြ နာက်င္ျခင္း : ေလ့က်င့္ခန္းလုပ္ၿပီး ေနာက္ရက္ေတြမွာ နာက်င္ေနတတ္တာဟာ ပုံမွန္ပဲျဖစ္ၿပီး အေၾကာေလွ်ာ့လိုက္ရင္ ေပ်ာက္သြားတတ္ေပမယ့္ ေလ့က်င့္ခန္းလုပ္တိုင္း နာက်င္ေနမယ္ဆိုရင္ေတာ့ မဟုတ္ေတာ့ပါဘူး။
● အိပ္မေပ်ာ္ျခင္း : ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အိပ္မေပ်ာ္ျခင္းဟာ ပုံမွန္ျဖစ္ပါတယ္။ ေလ့က်င္ခန္းျပဳလုပ္ၿပီး ပင္ပန္းႏြမ္းနယ္သြားတဲ့အခါ အလြယ္တကူ အိပ္ေပ်ာ္သြားတတ္ပါတယ္။ ဒါေပမဲ့ ေလ့က်င္ခန္း အလြန္အမင္း လုပ္မိသြားတဲ့အခါ အိပ္ေပ်ာ္ဖို႔ ခက္ခဲတာမ်ိဳးနဲ႔ ႀကဳံရတတ္ပါတယ္။
>> ဘယ္အခ်ိန္မွာ ေလ့က်င့္ခန္းကို ရပ္သင့္သလဲ?
ကိုယ္ခႏၶာက ပင္ပန္းႏြမ္းနယ္လာၿပီလို႔ အခ်က္ျပတဲ့အခ်ိန္မွာ ရပ္တာ အေကာင္းဆုံးပါ။
>> ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေလ့က်င့္ခန္း လုံးဝမလုပ္ရမယ့္အခ်ိန္
ကိုယ္ဝန္ေဆာင္ခ်ိန္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ ကေလးအတြက္ေရာ၊ အေမအတြက္ပါ ေကာင္းေပမယ့္ တခ်ိဳ႕မွာေတာ့ ေလ့က်င္ခန္းလုပ္ျခင္းကို ေရွာင္ၾကဥ္ရပါမယ္။
● ေသြးအားနည္းေရာဂါ
● နာတာရွည္ေလႁပြန္ေရာင္ေရာဂါ
● အခ်င္းေရွ႕ေရာက္ျခင္း
● မထိန္းခ်ဳပ္ႏိုင္တဲ့ေသြးတိုးေရာဂါ
● သားအိမ္ေခါင္းမလုံျခင္း
● ေရႁမြာေစာေပါက္ျခင္း
● ကိုယ္ဝန္ ဒုတိယနဲ႔တတိယကာလေတြမွာ ေသြးေတာက္ေလွ်ာက္ဆင္းျခင္း
● အတက္ေရာဂါ
● မထိန္းခ်ဳပ္ႏိုင္တဲ့သိုင္း႐ြိဳက္ဓာတ္မ်ားေရာဂါနဲ႔
● သားအိမ္တြင္း ကေလးႀကီးထြားမႈေႏွးေနစဥ္ေတြမွာ ေလ့က်င့္ခန္းမလုပ္ဘဲ နားနားေနေန ေနသင့္ပါတယ္။
ဒါေၾကာင့္ ေလက်င္ခန္းမလုပ္ခင္မွာ ဆရာဝန္ဆီက လုပ္လို႔ ရ၊ မရဆိုတဲ့အခ်က္ကို ေမးျမန္းၿပီးမွ လုပ္တာ အေကာင္းဆုံး ျဖစ္ပါတယ္။
Dr. Emerald (www.drmyanmar.com)






























