/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်-တော်တော်များများ-ကြုံရတတ်တဲ့-ခါးနာတဲ့ပြဿနာ

ကိုယ်ဝန်ဆောင် တော်တော်များများ ကြုံရတတ်တဲ့ ခါးနာတဲ့ပြဿနာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့ရသော ကျန်းမာရေးပြဿနာများတွင် ခါးနာခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင်လည်း ခါးနာတတ်ပေမယ့် ကလေး ပိုမိုကြီးထွားလာတဲ့ ကိုယ်ဝန်ရင့်ချိန်မှာတော့ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။
တွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀-၇၀ ရာနှုန်းလောက်ဟာ ခါးကိုက်ခြင်းကို ရင်ဆိုင်ရလေ့ရှိပါတယ်။

>>  ဖြစ်စေသောအကြောင်းရင်းများ
(၁)  ကိုယ်ဝန်ဆောင်ကာလတွင်း ဟိုမုန်းများ မြင့်တက်လာခြင်း
(၂)  ကမ္ဘာ့ဆွဲအား
(၃)  ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တက်ခြင်း
(၄)  ကိုယ်နေဟန်ထားမမှန်ခြင်း
(၅)  ကိုယ်ဝန်ကြောင့် တင်ပါးဆုံအောက်ပိုင်းနေရာများကို ဖိမိခြင်း

Obimin 1

>>  ကိုယ်ဝန်ဆောင်ချိန် ခါးနာခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
●  ဆရာဝန်နှင့်တိုင်ပင်ပြီး နောက်ကျောနှင့်ဝမ်းဗိုက်ကြွက်သားများကို ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းများ လုပ်ဆောင်ပါ။
●  တစ်ခုခုကို ကောက်တဲ့အခါ ထိုင်ချပြီး ကောက်ပါ။ ကုန်းမကောက်ပါနှင့်။
●  ဖိနပ်အမြင့်များစီးခြင်းကို ရှောင်ပါ။
●  ပက်လက်အိပ်ခြင်း ရှောင်ပါ။
●  ကောင်းစွာအနားယူပါ။ အိပ်စက်ချိန်တွင် ခြေထောက်ကို အပေါ်သို့မြှောက်ပြီး တင်ထားပါ။
ကိုယ်ဝန်ဆောင်ကာလ ခါးနာခြင်းကို သက်သာဖို့အတွက် ရေနွေးအိတ်ကပ်တာမျိုး၊ အိပ်တဲ့အခါ ဘေးစောင်းအိပ်တာမျိုး ပြုလုပ်ပေးပါ။

>>  အောက်ပါအခြေအနေများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပါ။
●  အလွန်ဆိုးရွားစွာ ခါးကိုက်ခြင်း
●  မသက်သာဘဲ ပိုဆိုးလာခြင်း သို့မဟုတ် ရုတ်တရက် ခါးနာခြင်း
●  အချိန်အနည်းငယ်ကြာတိုင်း ပုံမှန်ကိုက်ခဲခြင်း

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Obimin 2

(Zawgyi)

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား ႀကဳံေတြ႕ရေသာ က်န္းမာေရးျပႆနာမ်ားတြင္ ခါးနာျခင္းကလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ အေစာပိုင္းတြင္လည္း ခါးနာတတ္ေပမယ့္ ကေလး ပိုမိုႀကီးထြားလာတဲ့ ကိုယ္ဝန္ရင့္ခ်ိန္မွာေတာ့ အမ်ားဆုံး ႀကံဳေတြ႕ရတတ္ပါတယ္။
ေတြ႕ရွိခ်က္မ်ားအရ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၅၀-၇၀ ရာႏႈန္းေလာက္ဟာ ခါးကိုက္ျခင္းကို ရင္ဆိုင္ရေလ့ရွိပါတယ္။

>>  ျဖစ္ေစေသာအေၾကာင္းရင္းမ်ား
(၁)  ကိုယ္ဝန္ေဆာင္ကာလတြင္း ဟိုမုန္းမ်ား ျမင့္တက္လာျခင္း
(၂)  ကမာၻ႔ဆြဲအား
(၃)  ကိုယ္ဝန္ေဆာင္ခ်ိန္ ကိုယ္အေလးခ်ိန္တက္ျခင္း
(၄)  ကိုယ္ေနဟန္ထားမမွန္ျခင္း
(၅)  ကိုယ္ဝန္ေၾကာင့္ တင္ပါးဆုံေအာက္ပိုင္းေနရာမ်ားကို ဖိမိျခင္း

>>  ကိုယ္ဝန္ေဆာင္ခ်ိန္ ခါးနာျခင္းမျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?
●  ဆရာဝန္ႏွင့္တိုင္ပင္ၿပီး ေနာက္ေက်ာႏွင့္ဝမ္းဗိုက္ႂကြက္သားမ်ားကို ႀကံ့ခိုင္ေစမယ့္ ေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ပါ။
●  တစ္ခုခုကို ေကာက္တဲ့အခါ ထိုင္ခ်ၿပီး ေကာက္ပါ။ ကုန္းမေကာက္ပါႏွင့္။
●  ဖိနပ္အျမင့္မ်ားစီးျခင္းကို ေရွာင္ပါ။
●  ပက္လက္အိပ္ျခင္း ေရွာင္ပါ။
●  ေကာင္းစြာအနားယူပါ။ အိပ္စက္ခ်ိန္တြင္ ေျခေထာက္ကို အေပၚသို႔ေျမႇာက္ၿပီး တင္ထားပါ။
ကိုယ္ဝန္ေဆာင္ကာလ ခါးနာျခင္းကို သက္သာဖို႔အတြက္ ေရေႏြးအိတ္ကပ္တာမ်ိဳး၊ အိပ္တဲ့အခါ ေဘးေစာင္းအိပ္တာမ်ိဳး ျပဳလုပ္ေပးပါ။

>>  ေအာက္ပါအေျခအေနမ်ား ျဖစ္ေပၚပါက ဆရာဝန္ႏွင့္ အျမန္ဆုံးတိုင္ပင္ပါ။
●  အလြန္ဆိုးရြားစြာ ခါးကိုက္ျခင္း
●  မသက္သာဘဲ ပိုဆိုးလာျခင္း သို႔မဟုတ္ ႐ုတ္တရက္ ခါးနာျခင္း
●  အခ်ိန္အနည္းငယ္ၾကာတိုင္း ပုံမွန္ကိုက္ခဲျခင္း

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)