/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်-ဗီတာမင်အားဆေးကို-ဘယ်လိုရွေးချယ်ကြမလဲ

ကိုယ်ဝန်ဆောင် ဗီတာမင်အားဆေးကို ဘယ်လိုရွေးချယ်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ခန္ဓာမှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေရရှိစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်ကပါ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ တချို့အာဟာရဓာတ်တွေ ချို့တဲ့လာတတ်ပါတယ်။

ဒါကြောင့်  ကိုယ်ဝန်ဆောင်နေရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ရဖို့ ကြိုးစားနေစဉ်ပဲဖြစ်ဖြစ် အားဆေးလေးတွေ သောက်ပေးသင့်ပါတယ်။

Obimin 2022 IA 1

>>  ဘယ်လိုရွေးချယ်သောက်သုံးသင့်သလဲ?

ကိုယ်ဝန်ဆောင်အားဆေးမှာဆိုရင် ဖောလစ်အက်ဆစ်နဲ့သံဓာတ်အပြင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီပါ ပါ၊ မပါကို စစ်ဆေးကြည့်သင့်ပါတယ်။ ဒီဓာတ်တွေဟာ ကလေးရဲ့အရိုးနဲ့သွားတွေ ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ဒါတွေအပြင် ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီအုပ်စုတွေနဲ့ အိုင်အိုဒင်းဓာတ်တွေကလည်း အရေးကြီးပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်တစ်ဦးတစ်ယောက်ပေါ် မူတည်ပြီး တချို့ဓာတ်တွေ ပိုလိုအပ်နိုင်တာမျိုး ရှိတတ်ပါတယ်။ ဥပမာ - အရင်ကလေးတုန်းက အာရုံကြောပုံမမှန်တဲ့ neural tube defect နဲ့ မွေးဖွားထားဖူးရင် နောက်ကိုယ်ဝန်မှာ ပုံမှန်ထက်ဖောလစ်အက်ဆစ် ပိုလိုအပ်နိုင်ပါတယ်။

ဒါပေမဲ့ ယေဘုယျမှာတော့ နေ့စဉ်အားဆေးတွေကို လိုအပ်တာထက် ပိုသောက်တာမျိုး မလုပ်သင့်ပါဘူး။ တချို့ဓာတ်တွေက ပိုသောက်မိရင် ကလေးကို ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဥပမာ - ကိုယ်ဝန်ဆောင်ချိန် ဗီတာမင်အေ အလွန်အကျွံသောက်မိရင် ကလေးကို ဘေးဖြစ်စေနိုင်ပါတယ်။

Obimin 2022 IA 2

>>  တခြားဓာတ်တွေရော လိုအပ်သေးလား?

အဆီများငါးတွေမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ဒါကြောင့် ငါးနဲ့ အိုမီဂါ ကြွယ်ဝတဲ့ အစားအစာတွေမစားတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အိုမီဂါအားဆေးတွေ သီးသန့်ထည့်တိုက်တတ်တာလည်း ရှိပါတယ်။

>>  ဘယ်အချိန်မှာ စသောက်သင့်သလဲ?

အကောင်းဆုံးကတော့ ကိုယ်ဝန်စမဆောင်ခင်တည်းက စသောက်သင့်ပါတယ်။ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးဖြစ်လာမယ့် အာရုံကြောပြွန်လေး neural tube လေးဟာ ကိုယ်ဝန်ရှိလို့ရှိနေမှန်း မသိနိုင်သေးတဲ့ ကိုယ်ဝန်ပထမလမှာ ဖွံ့ဖြိုးလေ့ရှိတာကြောင့် ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)