ကိုယ်ဝန်ဆောင် မေမေတွေသာမကဘဲ ကလေးယူဖို့ကြံရွယ်ထားသူတွေတိုင်း သိထားသင့်တဲ့ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါအကြောင်း
ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ အစတုန်းကဆီးချိုရောဂါမရှိပါဘဲ ကိုယ်ဝန်ဆောင်ဒုတိယကာလပိုင်းမှာမှ ပေါ်လာ ပြီး ကလေးမွေးပြီးတာနဲ့ ပုံမှန်ပြန်ဖြစ်သွားတဲ့ ရောဂါမျိုးပါ။
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသူ တချို့အမျိုးသမီးတွေမှာ ဘာကုသမှုမှမလိုတတ်ဘူး။ တစ်ချို့တွေမှာ အစား အသောက်ကို ဆင်ခြင်ဖို့လိုသလို တချို့တွေမှာတော့ အင်ဆူလင်ဆေးထိုးဖို့လိုနိုင်တယ်။
ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ ကိုယ်ဝန်မဆောင်မီကတည်းကရှိတဲ့ နဂိုရှိရင်းဆွဲဆီးချိုနဲ့မတူဘူးနော်။ ၅ရာခိုင်နှုန်း ကနေ ၁၀ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်တွေဟာ ကိုယ်ဝန်၂၅ပတ်ကနေ ၂၈ပတ်အတွင်း ကိုယ်ဝန်ဆောင်ဆီး ချို ဖြစ်တတ်ကြတယ်တဲ့။
ဒီလိုကိုယ်ဝန်ဆောင်ဆီးချိုရှိသူ အမျိုးသမီးအတော်များများမှာ ဘာလက္ခဏာမှမပြတတ်ကြဘူးနော်။ အများစုမှာတော့ သွေးစစ်ဆေးရင်းနဲ့မှ တွေ့တတ်ကြတယ်။
၃၀ ရာခိုင်နှုန်းလောက်သော ကိုယ်ဝန်ဆောင်ဆီးချိုဝေဒနာရှင် အမျိုးသမီးတွေမှာ ကလေးထွားထွားကြီးတွေ မွေးလေ့ရှိတယ်။ ဒါကြောင့် ခွဲမွေးရတတ်တယ်။ ဒါပေမယ့် အမေမှာကိုယ်ဝန်ဆောင် ဆီးချိုရှိရုံနဲ့တော့ ကလေးမှာ ဆီးချိုမဖြစ်တတ်ပါဘူးနော်။
လေ့လာမှုတွေအရတော့ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်သူ အမျိုးသမီးတွေဟာ နောက်ပိုင်းကာလမှာ ဆီးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုများကြောင်း တွေ့ရတယ်။
Obimin 1

>> ကိုယ်ဝန်ဆောင်ဆီးချိုရှိ/မရှိ စစ်ဆေးကြည့်ခြင်း
ကိုယ်ဝန်ဆောင်အားလုံး ၂၄ပတ်နဲ့ ၂၈ပတ်ကြားမှာ ကိုယ်ဝန်ဆောင်ဆီးချိုရှိ/မရှိ စစ်ဆေးကြည့်ရတယ်။ အထူး သဖြင့်
● အဝလွန်နေသူတွေ
● အသက်၂၅နှစ်ကျော်သူတွေ
● ဆီးချိုရောဂါအမျိုးအစား၂မိသားစု ရာဇဝင်ရှိသူတွေ
● သြစတြေးယျလူရိုင်းနွယ်နဲ့ တချို့အာရှတိုက်သားမျိုးနွယ်ဝင်တွေ
● အရင်ကကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးသူတွေ
● သားဥအိမ်ရေအိတ်ရောဂါရှိဖူးသူတွေ
● အရင်က ကလေးထွားထွားကြီးတွေ မွေးဖူးသူတွေမှာပိုပြီးတော့ စစ်ဆေးကြည့်ဖို့သင့်တယ်နော်။
>> ဂလူးကို့စ်အချိုဓာတ်ခံနိုင်ရည် စစ်ဆေးခြင်း
ကိုယ်ဝန်ဆောင်ဆီးချိုရှိ/မရှိ စစ်ဆေးရာမှာ ဒီစစ်ဆေးမှုကအကောင်းဆုံးပါပဲ။ ဒီစစ်ဆေးမှုကိုစစ်ဆေးဖို့အတွက် ၁၀နာရီလောက် ဘာမှမစားရဘဲ (များသောအားဖြင့်တော့ တစ်ညလုံးဘာမှမစားဘဲ မနက်စာလွတ်စစ်ဆေး တတ်ကြတယ်။) သွေးဖောက်စစ်လိုက်တယ်။ ပြီးတေ့ာ ၇၅ ဂရမ်ဂလု့ကိုစ် အချိုရည်တိုက်ပြီးနောက် ၁နာရီနဲ့ ၂ နာရီခြားတစ်ခါ သွေးထပ်ဖောက်လိုက်တယ်။ ဒါကြောင့် ဒီစစ်ဆေးမှုလုပ်ဖို့ အနည်းဆုံးတော့ သွေးစစ်ဌာနမှာ ၂ နာရီလောက်တော့ အနည်းဆုံးနေရမှာပေါ့။
>> ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသရာဝယ်
အဆီနည်းနည်း၊ အချိုနည်းနည်း၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားသောက်ပြီး လေ့ကျင့်ခန်းမှန်မှန် လုပ်ပေး ခြင်းက သွေးအချိုဓာတ်ကို ကျဆင်းစေပါလိမ့်မယ်။ သားဖွားမီးယပ်အထူးကုဆရာဝန်တွေ၊ အစားအသောက် ပ ညာရှင်တွေနဲ့ ပြဖို့လိုတဲ့အပြင် မကြာမကြာကိုယ်ဝန်စစ်ဆေးဖို့၊ သွေးအချိုဓာတ်စစ်ဆေးဖို့လည်း လိုပါဦးမယ်။ အ စားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ထိန်းတာတောင် အချိုဓာတ်ကထိန်းမရရင် ဆေး၊ အထူးသဖြင့် အင်ဆူ လင်နဲ့ ထိန်းဖို့လိုပါလိမ့်မယ်။
Obimin 2

>> ကလေးမီးဖွားတဲ့အခါ
ဆီးချိုရှိသူကိုယ်ဝန်ဆောင်တွေဟာ အထူးကုဆရာဝန်ကြီးတွေရှိတဲ့ ဆေးရုံတွေမှာသာမွေးသင့်ပါတယ်နော်။
မေမေတို့ဆီမှာ သွေးအချိုဓာတ်တက်လာတဲ့အခါ မေမေ့ဆီကသွေးကို လက်ခံရသူကလေးတွေမှာလည်း သွေး အချိုဓာတ် တက်လာတော့တာပေါ့။ တက်လာတဲ့အချိုဓာတ်ကို လျော့ချဖို့အတွက် ကလေးလေးရဲ့ မုန့်ချိုအိတ် ပန်ကရိယက အင်ဆူလင်ဓာတ်တွေကို ပိုထုတ်ပေးရတယ်။ ဒါကြောင့် ကလေးတွေမှာ အဆီတွေ၊ တစ်ရှူးအ သားတွေ ပိုများလာတော့တာပေါ့။ ဒီတော့ ဆီးချိုမေမေတွေ မွေးလာတဲ့ ကလေးလေးတွေဟာ သာမန်ကလေး တွေထက်စာရင် ပိုကြီးတတ်ကြပြီး မွေးရဖွားရခက်တာမျိုးတွေ ဖြစ်တတ်တယ်။
>> မွေးပြီးချိန်မှာ…
ကလေးမွေးပြီး ၂နာရီကနေ ၄နာရီအကြာမှာ ကလေးမှာ သွေးအချိုဓာတ်ရုတ်တရက်ကျသွားတတ်လို့ ခြေဖ နှောင့် သွေးဖောက်စစ်ကြည့်ဖို့လိုတယ်။ ဒီလိုအချိုဓာတ်ကျသွားတတ်လို့ ကလေးမွေးပြီးပြီးချင်း မိနစ်၃၀လောက် အတွင်းမှာတင် ကလေးကိုနို့တိုက်ဖို့ အရေးကြီးတယ်နော်။
ကလေးရဲ့သွေးအချိုဓာတ်ကို စိတ်ချရတဲ့အနေအထားမှာ မထိန်းနိုင်ဘူးဆိုရင်တေ့ာ ပိုပြီးဂရုစိုက်ဖို့လိုလာပြီပေါ့။ သွေးအချိုဓာတ်တက်စေဖို့ ဂလုကို့စ်ပုလင်းတွေ ချိတ်ဖို့လိုလာပြီ။
မွေးပြီးတဲ့မေမေမှာလည်း ကလေးမွေးပြီးချိန် သောက်နေတဲ့၊ ထိုးနေတဲ့ဆေးတွေကို အကုန်ရပ်ပြီး ဆေးရုံမ ဆင်းခင်နဲ့ ၆ပတ်မြောက်မှာ သွေးအချိုဓာတ် စစ်ဆေးကြည့်ဖို့လိုတယ်။ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ပတ် သတ်လို့လည်း ဆရာဝန်တွေကအကြံဉာဏ်ပေးပါလိမ့်မယ်။
(Zawgyi)
ကိုယ္ဝန္ေဆာင္ဆီးခ်ဳိဆိုတာ အစတုန္းကဆီးခ်ိဳေရာဂါမရွိပါဘဲ ကိုယ္ဝန္ေဆာင္ဒုတိယကာလပိုင္းမွာမွ ေပၚလာ ၿပီး ကေလးေမြးၿပီးတာနဲ႔ ပံုမွန္ျပန္ျဖစ္သြားတဲ့ ေရာဂါမ်ိဳးပါ။
ကိုယ္ဝန္ေဆာင္ဆီးခ်ဳိေရာဂါရွိသူ တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ဘာကုသမႈမွမလိုတတ္ဘူး။ တစ္ခ်ိဳ႕ေတြမွာ အစား အေသာက္ကို ဆင္ျခင္ဖို႔လိုသလို တခ်ိဳ႕ေတြမွာေတာ့ အင္ဆူလင္ေဆးထိုးဖို႔လိုႏိုင္တယ္။
ကိုယ္ဝန္ေဆာင္ဆီးခ်ိဳဆိုတာ ကိုယ္ဝန္မေဆာင္မီကတည္းကရွိတဲ့ နဂိုရွိရင္းဆြဲဆီးခ်ိဳနဲ႔မတူဘူးေနာ္။ ၅ရာခိုင္ႏႈန္း ကေန ၁၀ရာခိုင္ႏႈန္းေသာ ကိုယ္ဝန္ေဆာင္ေတြဟာ ကိုယ္ဝန္၂၅ပတ္ကေန ၂၈ပတ္အတြင္း ကိုယ္ဝန္ေဆာင္ဆီး ခ်ဳိ ျဖစ္တတ္ၾကတယ္တဲ့။
ဒီလိုကိုယ္ဝန္ေဆာင္ဆီးခ်ိဳရွိသူ အမ်ိဳးသမီးအေတာ္မ်ားမ်ားမွာ ဘာလကၡဏာမွမျပတတ္ၾကဘူးေနာ္။ အမ်ားစုမွာေတာ့ ေသြးစစ္ေဆးရင္းနဲ႔မွ ေတြ႕တတ္ၾကတယ္။
၃၀ ရာခိုင္ႏႈန္းေလာက္ေသာ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေဝဒနာရွင္ အမ်ိဳးသမီးေတြမွာ ကေလးထြားထြားႀကီးေတြ ေမြးေလ့ရွိတယ္။ ဒါေၾကာင့္ ခြဲေမြးရတတ္တယ္။ ဒါေပမယ့္ အေမမွာကိုယ္ဝန္ေဆာင္ ဆီးခ်ိဳရွိရံုနဲ႔ေတာ့ ကေလးမွာ ဆီးခ်ိဳမျဖစ္တတ္ပါဘူးေနာ္။
ေလ့လာမႈေတြအရေတာ့ ကိုယ္ဝန္ေဆာင္စဥ္ ဆီးခ်ိဳေရာဂါျဖစ္သူ အမ်ိဳးသမီးေတြဟာ ေနာက္ပိုင္းကာလမွာ ဆီးခ်ိဳေရာဂါျဖစ္ဖို႔ အခြင့္အလမ္းပိုမ်ားေၾကာင္း ေတြ႕ရတယ္။
ကိုယ္ဝန္ေဆာင္ဆီးခ်ဳိရွိ/မရွိ စစ္ေဆးၾကည့္ျခင္း
ကိုယ္ဝန္ေဆာင္အားလံုး ၂၄ပတ္နဲ႔ ၂၈ပတ္ၾကားမွာ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳရွိ/မရွိ စစ္ေဆးၾကည့္ရတယ္။ အထူး သျဖင့္
- အဝလြန္ေနသူေတြ
- အသက္၂၅ႏွစ္ေက်ာ္သူေတြ
- ဆီးခ်ိဳေရာဂါအမ်ိဳးအစား၂မိသားစု ရာဇဝင္ရွိသူေတြ
- ၾသစေၾတးယ်လူရိုင္းႏြယ္နဲ႔ တခ်ိဳ႕အာရွတိုက္သားမ်ိဳးႏြယ္ဝင္ေတြ
- အရင္ကကိုယ္ဝန္ေဆာင္ဆီးခ်ိဳျဖစ္ဖူးသူေတြ
- သားဥအိမ္ေရအိတ္ေရာဂါရွိဖူးသူေတြ
- အရင္က ကေလးထြားထြားႀကီးေတြ ေမြးဖူးသူေတြမွာပိုၿပီးေတာ့ စစ္ေဆးၾကည့္ဖို႔သင့္တယ္ေနာ္။
ဂလူးကို႔စ္အခ်ိဳဓာတ္ခံႏိုင္ရည္ စစ္ေဆးျခင္း
ကိုယ္ဝန္ေဆာင္ဆီးခ်ိဳရွိ/မရွိ စစ္ေဆးရာမွာ ဒီစစ္ေဆးမႈကအေကာင္းဆံုးပါပဲ။ ဒီစစ္ေဆးမႈကိုစစ္ေဆးဖို႔အတြက္ ၁၀နာရီေလာက္ ဘာမွမစားရဘဲ (မ်ားေသာအားျဖင့္ေတာ့ တစ္ညလံုးဘာမွမစားဘဲ မနက္စာလြတ္စစ္ေဆး တတ္ၾကတယ္။) ေသြးေဖာက္စစ္လိုက္တယ္။ ၿပီးေတ့ာ ၇၅ ဂရမ္ဂလု႔ကိုစ္ အခ်ိဳရည္တိုက္ၿပီးေနာက္ ၁နာရီနဲ႔ ၂ နာရီျခားတစ္ခါ ေသြးထပ္ေဖာက္လိုက္တယ္။ ဒါေၾကာင့္ ဒီစစ္ေဆးမႈလုပ္ဖို႔ အနည္းဆံုးေတာ့ ေသြးစစ္ဌာနမွာ ၂ နာရီေလာက္ေတာ့ အနည္းဆံုးေနရမွာေပါ့။
ကိုယ္ဝန္ေဆာင္ဆီးခ်ဳိကို ကုသရာဝယ္
အဆီနည္းနည္း၊ အခ်ိဳနည္းနည္း၊ က်န္းမာေရးနဲ႔ ညီညီၫြတ္ၫြတ္စားေသာက္ၿပီး ေလ့က်င့္ခန္းမွန္မွန္ လုပ္ေပး ျခင္းက ေသြးအခ်ိဳဓာတ္ကို က်ဆင္းေစပါလိမ့္မယ္။ သားဖြားမီးယပ္အထူးကုဆရာဝန္ေတြ၊ အစားအေသာက္ ပ ညာရွင္ေတြနဲ႔ ျပဖို႔လိုတဲ့အျပင္ မၾကာမၾကာကိုယ္ဝန္စစ္ေဆးဖို႔၊ ေသြးအခ်ိဳဓာတ္စစ္ေဆးဖို႔လည္း လိုပါဦးမယ္။ အ စားအေသာက္၊ ေလ့က်င့္ခန္းေတြနဲ႔ ထိန္းတာေတာင္ အခ်ိဳဓာတ္ကထိန္းမရရင္ ေဆး၊ အထူးသျဖင့္ အင္ဆူ လင္နဲ႔ ထိန္းဖို႔လိုပါလိမ့္မယ္။
ကေလးမီးဖြားတဲ့အခါ
ဆီးခ်ိဳရွိသူကိုယ္ဝန္ေဆာင္ေတြဟာ အထူးကုဆရာဝန္ႀကီးေတြရွိတဲ့ ေဆး႐ံုေတြမွာသာေမြးသင့္ပါတယ္ေနာ္။
ေမေမတို႔ဆီမွာ ေသြးအခ်ိဳဓာတ္တက္လာတဲ့အခါ ေမေမ့ဆီကေသြးကို လက္ခံရသူကေလးေတြမွာလည္း ေသြး အခ်ိဳဓာတ္ တက္လာေတာ့တာေပါ့။ တက္လာတဲ့အခ်ိဳဓာတ္ကို ေလ်ာ့ခ်ဖို႔အတြက္ ကေလးေလးရဲ႕ မုန္႔ခ်ိဳအိတ္ ပန္ကရိယက အင္ဆူလင္ဓာတ္ေတြကို ပိုထုတ္ေပးရတယ္။ ဒါေၾကာင့္ ကေလးေတြမွာ အဆီေတြ၊ တစ္ရွဴးအ သားေတြ ပိုမ်ားလာေတာ့တာေပါ့။ ဒီေတာ့ ဆီးခ်ိဳေမေမေတြ ေမြးလာတဲ့ ကေလးေလးေတြဟာ သာမန္ကေလး ေတြထက္စာရင္ ပိုႀကီးတတ္ၾကၿပီး ေမြးရဖြားရခက္တာမ်ိဳးေတြ ျဖစ္တတ္တယ္။
ေမြးၿပီးခ်ိန္မွာ…
ကေလးေမြးၿပီး ၂နာရီကေန ၄နာရီအၾကာမွာ ကေလးမွာ ေသြးအခ်ိဳဓာတ္႐ုတ္တရက္က်သြားတတ္လို႔ ေျခဖ ေႏွာင့္ ေသြးေဖာက္စစ္ၾကည့္ဖို႔လိုတယ္။ ဒီလိုအခ်ိဳဓာတ္က်သြားတတ္လို႔ ကေလးေမြးၿပီးၿပီးခ်င္း မိနစ္၃၀ေလာက္ အတြင္းမွာတင္ ကေလးကိုႏို႔တိုက္ဖို႔ အေရးႀကီးတယ္ေနာ္။
ကေလးရဲ႕ေသြးအခ်ိဳဓာတ္ကို စိတ္ခ်ရတဲ့အေနအထားမွာ မထိန္းႏိုင္ဘူးဆိုရင္ေတ့ာ ပိုၿပီးဂရုစိုက္ဖို႔လိုလာၿပီေပါ့။ ေသြးအခ်ိဳဓာတ္တက္ေစဖို႔ ဂလုကို႔စ္ပုလင္းေတြ ခ်ိတ္ဖို႔လိုလာၿပီ။
ေမြးၿပီးတဲ့ေမေမမွာလည္း ကေလးေမြးၿပီးခ်ိန္ ေသာက္ေနတဲ့၊ ထိုးေနတဲ့ေဆးေတြကို အကုန္ရပ္ၿပီး ေဆး႐ံုမ ဆင္းခင္နဲ႔ ၆ပတ္ေျမာက္မွာ ေသြးအခ်ိဳဓာတ္ စစ္ေဆးၾကည့္ဖို႔လိုတယ္။ အစားအေသာက္၊ ေလ့က်င့္ခန္းနဲ႔ ပတ္ သတ္လို႔လည္း ဆရာဝန္ေတြကအႀကံဉာဏ္ေပးပါလိမ့္မယ္။






























