/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ပျက်ကျပြီးနောက်-နောက်ထပ်ကိုယ်ဝန်ဆောင်မည့်သူများ

ကိုယ်ဝန်ပျက်ကျပြီးနောက် နောက်ထပ်ကိုယ်ဝန်ဆောင်မည့်သူများ သိထားသင့်သည့်အချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလေးတစ်ယောက် ဆုံးရှုံးသွားတဲ့အခါမှာ ပြန်လည်ပြီး ထူထောင်နိုင်ဖို့အတွက် အချိန်အကြာကြီးလိုပါတယ်။
စိတ်ထဲမှာ သိထားဖို့ အရေးကြီးတဲ့အချက်ကတော့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာက ကလေးမမွေးနိုင်တော့တာ မဟုတ်ပါဘူး။ အမျိုးသမီးအများစုမှာ ကိုယ်ဝန်ပျက်ကျပြီးနောက်မှာလည်း နောက်ထပ်ကျန်းမာတဲ့ကိုယ်ဝန်ကို ပြန်လည်ဆောင်နိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ နောက်ထပ်ကိုယ်ဝန်ထပ်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ အများကြီးရှိပါတယ်။

>>  ကိုယ်ဝန်ပျက်ကျပြီးနောက် ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာ နောက်ကိုယ်ဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာကို ဆန်းစစ်နိုင်တဲ့အချက်တွေ ရှိပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့စစ်ဆေးချက်တွေနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို သေချာလိုက်နာပါ။
စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာပါ ပြန်လည်ကျန်းမာပြီးနောက်ထပ် ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် အထူးသတိပြုရမယ့်အချက်တွေ ရှိပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်က အမှန်တကယ် အဆင်သင့်ဖြစ်နေပြီလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

>>  ကိုယ်ဝန်ပျက်ကျသောအကြိမ်ရေကို ဆန်းစစ်ခြင်း
အမျိုးသမီးအနည်းငယ်က ကိုယ်ဝန်တစ်ကြိမ်သာ ပျက်ကျပေမယ့်လည်း အချို့ကတော့ ဒီစိတ်မကောင်းစရာ အဖြစ်အပျက်ကို တစ်ကြိမ်တဲ့ပိုပြီး ခံစားရတတ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ဝန်ရှိမှန်းမသိခင်မှာတောင် ပျက်ကျသွားတာမျိုး ရှိပါတယ်။ အများအားဖြင့် ကိုယ်ဝန်အပတ် ၂၀ မတိုင်ခင်မှာ ပျက်ကျလေ့ရှိပါတယ်။ နောက်ထပ်ကိုယ်ဝန်ပျက်ကျမှုတွေ မဖြစ်အောင် ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။

Obimin 1

>>  ကိုယ်ဝန်မယူမီ စစ်ဆေးမှုများ
ကိုယ်ဝန်ပျက်ကျပြီးနောက် စိတ်ပိုင်းဆိုင်ရာအရ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အသင့်ဖြစ်ပြီဆိုရင် ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိ၊ မရှိဆိုတာကို စစ်ဆေးနိုင်တဲ့ စစ်ဆေးမှုတွေ အများကြီးရှိပါတယ်။
တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရာဇဝင်အပေါ်မူတည်ပြီး ဆရာဝန်က အောက်ပါအချက်တွေကို လိုက်နာဖို့ အကြံပေးပါလိမ့်မယ်။
ဆေးစစ်ချက်အချို့ကတော့ -
1.  သွေးစစ်ဆေးခြင်း - ဟော်မုန်း (သို့) ကိုယ်ခံအားစနစ်ပြဿနာ ရှိ၊ မရှိသိရန်
2.  ခရိုမိုစုန်းစစ်ဆေးခြင်း - ခဏခဏကိုယ်ဝန်ပျက်ကျရတဲ့ နောက်ခံအကြောင်းအရင်းတွေထဲက တစ်ခုကတော့ မိမိရဲ့ chromosome နဲ့ ဆိုင်ပါတယ်။ ဇနီးနဲ့ ခင်ပွန်းနှစ်ယောက်စလုံး chromosome စစ်ဆေးခြင်းလုပ်ဖို့ လိုပါတယ်။
3.  အာထရာဆောင်းရိုက်ခြင်း - သားအိမ်ခေါင်းနဲ့ သားအိမ်ကိုကြည့်ဖို့အတွက် အာထရာဆောင်း ရိုက်လေ့ရှိပါတယ်။ အခြေအနေအပေါ်မူတည်ပြီး အပြင်က (သို့) ခန္ဓာကိုယ်အတွင်းဘက်ကနေပြီး အာထရာဆောင်း ရိုက်နိုင်ပါတယ်။
4.  သားအိမ်ကို မှန်ပြောင်းကြည့်ခြင်း - သားအိမ်ခေါင်းထဲကနေပြီး မှန်ပြောင်းအသေးလေးထည့်ကာ သားအိမ်အတွင်းပိုင်းနဲ့ သားအိမ်လက်တံတွေ ကျန်းမာမှု ရှိ၊ မရှိ ကြည့်နိုင်ပါတယ်။
5.  သားအိမ်နှင့် သားအိမ်လက်တံကိုဓာတ်မှန်ရိုက်ခြင်း
6.  သားအိမ်အတွင်းသို့ အရည်တစ်မျိုး ထိုးထည့်ပြီး သားအိမ်နံရံများကို ကြည့်ရှုစစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။

>>  ကိုယ်ဝန်ပျက်ကျပြီးနောက် နောက်ထပ်ကိုယ်ဝန်ထပ်ယူရန် အသင့်တော်ဆုံးအချိန်
ကိုယ်ဝန်ပျက်ကျပြီးနောက် သားအိမ်က ပုံမှန်ပြန်အလုပ်လုပ်တဲ့အတွက် ကိုယ်ဝန် ချက်ချင်းပြန်ရနိုင်ပါတယ်။ သို့သော်လည်း ကိုယ်ဝန်ထပ်ယူဖို့ အစီအစဉ် ရှိ၊ မရှိဆိုတာက မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ်မှာ အများကြီး မူတည်ပါတယ်။
အကောင်းဆုံးအချိန်ရယ်လို့ မရှိပေမယ့် ကျွမ်းကျင်သူအများစုကတော့ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အနည်းဆုံး ၆ လလောက်စောင့်ဖို့ အကြံပြုထားပါတယ်။ ၆ လမတိုင်မီ ကိုယ်ဝန်ထပ်ရပြီး ကျန်းကျန်းမာမာ မွေးဖွားနိုင်တာတွေ ရှိပေမယ့်လည်း ဒါက အရင်က ပျက်ကျတဲ့အကြိမ်ရေအပေါ်မှာ အခြေခံပါသေးတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Obimin 2

(Zawgyi)

ကိုယ္ဝန္ပ်က္က်တယ္ဆိုတာက စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစႏိုင္တဲ့ အေျခအေနတစ္ခု ျဖစ္ပါတယ္။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ကေလးတစ္ေယာက္ ဆုံးရႈံးသြားတဲ့အခါမွာ ျပန္လည္ၿပီး ထူေထာင္ႏိုင္ဖို႔အတြက္ အခ်ိန္အၾကာႀကီးလိုပါတယ္။
စိတ္ထဲမွာ သိထားဖို႔ အေရးႀကီးတဲ့အခ်က္ကေတာ့ ကိုယ္ဝန္ပ်က္က်တယ္ဆိုတာက ကေလးမေမြးႏိုင္ေတာ့တာ မဟုတ္ပါဘူး။ အမ်ိဳးသမီးအမ်ားစုမွာ ကိုယ္ဝန္ပ်က္က်ၿပီးေနာက္မွာလည္း ေနာက္ထပ္က်န္းမာတဲ့ကိုယ္ဝန္ကို ျပန္လည္ေဆာင္ႏိုင္ပါတယ္။ ဒီေတာ့ ကိုယ္ဝန္ပ်က္က်ၿပီးေနာက္မွာ ေနာက္ထပ္ကိုယ္ဝန္ထပ္ယူဖို႔ အစီအစဥ္ရွိတယ္ဆိုရင္ သိထားသင့္တဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။

>>  ကိုယ္ဝန္ပ်က္က်ၿပီးေနာက္ ကိုယ္ဝန္ေဆာင္ျခင္း
ကိုယ္ဝန္ပ်က္က်ၿပီးတဲ့ေနာက္မွာ ေနာက္ကိုယ္ဝန္ယူဖို႔ အဆင္သင့္ျဖစ္ေနၿပီလားဆိုတာကို ဆန္းစစ္ႏိုင္တဲ့အခ်က္ေတြ ရွိပါတယ္။ ဆရာဝန္ ၫႊန္ၾကားတဲ့စစ္ေဆးခ်က္ေတြနဲ႔ က်န္းမာေရးဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ေသခ်ာလိုက္နာပါ။
စိတ္ပိုင္းဆိုင္ရာေရာ ကိုယ္ပိုင္းဆိုင္ရာပါ ျပန္လည္က်န္းမာၿပီးေနာက္ထပ္ ကေလးယူဖို႔ အဆင္သင့္ျဖစ္ၿပီဆိုရင္ အထူးသတိျပဳရမယ့္အခ်က္ေတြ ရွိပါတယ္။ ကိုယ့္ရဲ႕ခႏၶာကိုယ္က အမွန္တကယ္ အဆင္သင့္ျဖစ္ေနၿပီလားဆိုတာကို ဆရာဝန္နဲ႔ တိုင္ပင္ပါ။

>>  ကိုယ္ဝန္ပ်က္က်ေသာအႀကိမ္ေရကို ဆန္းစစ္ျခင္း
အမ်ိဳးသမီးအနည္းငယ္က ကိုယ္ဝန္တစ္ႀကိမ္သာ ပ်က္က်ေပမယ့္လည္း အခ်ိဳ႕ကေတာ့ ဒီစိတ္မေကာင္းစရာ အျဖစ္အပ်က္ကို တစ္ႀကိမ္တဲ့ပိုၿပီး ခံစားရတတ္ပါတယ္။ တစ္ခါတေလမွာ ကိုယ္ဝန္ရွိမွန္းမသိခင္မွာေတာင္ ပ်က္က်သြားတာမ်ိဳး ရွိပါတယ္။ အမ်ားအားျဖင့္ ကိုယ္ဝန္အပတ္ ၂၀ မတိုင္ခင္မွာ ပ်က္က်ေလ့ရွိပါတယ္။ ေနာက္ထပ္ကိုယ္ဝန္ပ်က္က်မႈေတြ မျဖစ္ေအာင္ ဆရာဝန္နဲ႔ ေသခ်ာေဆြးေႏြးတိုင္ပင္ပါ။

>>  ကိုယ္ဝန္မယူမီ စစ္ေဆးမႈမ်ား
ကိုယ္ဝန္ပ်က္က်ၿပီးေနာက္ စိတ္ပိုင္းဆိုင္ရာအရ ေနာက္ထပ္ကိုယ္ဝန္ေဆာင္ဖို႔ အသင့္ျဖစ္ၿပီဆိုရင္ က်န္းမာေရးအေျခအေနကို စစ္ေဆးၾကည့္ဖို႔ လိုပါတယ္။ ခႏၶာကိုယ္က ခံႏိုင္ရည္ ရွိ၊ မရွိဆိုတာကို စစ္ေဆးႏိုင္တဲ့ စစ္ေဆးမႈေတြ အမ်ားႀကီးရွိပါတယ္။
တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ရာဇဝင္အေပၚမူတည္ၿပီး ဆရာဝန္က ေအာက္ပါအခ်က္ေတြကို လိုက္နာဖို႔ အႀကံေပးပါလိမ့္မယ္။
ေဆးစစ္ခ်က္အခ်ိဳ႕ကေတာ့ -
1.  ေသြးစစ္ေဆးျခင္း - ေဟာ္မုန္း (သို႔) ကိုယ္ခံအားစနစ္ျပႆနာ ရွိ၊ မရွိသိရန္
2.  ခ႐ိုမိုစုန္းစစ္ေဆးျခင္း - ခဏခဏကိုယ္ဝန္ပ်က္က်ရတဲ့ ေနာက္ခံအေၾကာင္းအရင္းေတြထဲက တစ္ခုကေတာ့ မိမိရဲ႕ chromosome နဲ႔ ဆိုင္ပါတယ္။ ဇနီးနဲ႔ ခင္ပြန္းႏွစ္ေယာက္စလုံး chromosome စစ္ေဆးျခင္းလုပ္ဖို႔ လိုပါတယ္။
3.  အာထရာေဆာင္း႐ိုက္ျခင္း - သားအိမ္ေခါင္းနဲ႔ သားအိမ္ကိုၾကည့္ဖို႔အတြက္ အာထရာေဆာင္း ႐ိုက္ေလ့ရွိပါတယ္။ အေျခအေနအေပၚမူတည္ၿပီး အျပင္က (သို႔) ခႏၶာကိုယ္အတြင္းဘက္ကေနၿပီး အာထရာေဆာင္း ႐ိုက္ႏိုင္ပါတယ္။
4.  သားအိမ္ကို မွန္ေျပာင္းၾကည့္ျခင္း - သားအိမ္ေခါင္းထဲကေနၿပီး မွန္ေျပာင္းအေသးေလးထည့္ကာ သားအိမ္အတြင္းပိုင္းနဲ႔ သားအိမ္လက္တံေတြ က်န္းမာမႈ ရွိ၊ မရွိ ၾကည့္ႏိုင္ပါတယ္။
5.  သားအိမ္ႏွင့္ သားအိမ္လက္တံကိုဓာတ္မွန္႐ိုက္ျခင္း
6.  သားအိမ္အတြင္းသို႔ အရည္တစ္မ်ိဳး ထိုးထည့္ၿပီး သားအိမ္နံရံမ်ားကို ၾကည့္ရႈစစ္ေဆးျခင္းတို႔ ျဖစ္ပါတယ္။

>>  ကိုယ္ဝန္ပ်က္က်ၿပီးေနာက္ ေနာက္ထပ္ကိုယ္ဝန္ထပ္ယူရန္ အသင့္ေတာ္ဆုံးအခ်ိန္
ကိုယ္ဝန္ပ်က္က်ၿပီးေနာက္ သားအိမ္က ပုံမွန္ျပန္အလုပ္လုပ္တဲ့အတြက္ ကိုယ္ဝန္ ခ်က္ခ်င္းျပန္ရႏိုင္ပါတယ္။ သို႔ေသာ္လည္း ကိုယ္ဝန္ထပ္ယူဖို႔ အစီအစဥ္ ရွိ၊ မရွိဆိုတာက မိခင္ရဲ႕စိတ္ပိုင္းဆိုင္ရာ အေျခအေနအေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။
အေကာင္းဆုံးအခ်ိန္ရယ္လို႔ မရွိေပမယ့္ ကြၽမ္းက်င္သူအမ်ားစုကေတာ့ ေနာက္ထပ္ကိုယ္ဝန္ေဆာင္ဖို႔ အနည္းဆုံး ၆ လေလာက္ေစာင့္ဖို႔ အႀကံျပဳထားပါတယ္။ ၆ လမတိုင္မီ ကိုယ္ဝန္ထပ္ရၿပီး က်န္းက်န္းမာမာ ေမြးဖြားႏိုင္တာေတြ ရွိေပမယ့္လည္း ဒါက အရင္က ပ်က္က်တဲ့အႀကိမ္ေရအေပၚမွာ အေျခခံပါေသးတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)