/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ရနို်င်ခြေအပေါ်-လွှမ်းမိုးမှုရှိသောအဓိကအချက်များ

ကိုယ်ဝန်ရနို်င်ခြေအပေါ် လွှမ်းမိုးမှုရှိသောအဓိကအချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

•        သားဥကြွေခြင်း - မမျိုးဥပုံမှန်မကြွေခြင်း (သို့) လုံးဝမကြွေပါကကိုယ်ဝန်မရနိုင်ပါဘူး။ ဒါ့အပြင် မမျိုးဥ က အရည်အသွေးကောင်းဖို့လည်းလိုပါတယ်။

•        မိခင်အသက် - အသက်ကြီးလာလေလေ ကိုယ်ဝန်ရနိုင်ခြေနည်းလေလေပါပဲ။ အသက်ကြီးပြီးအရည်အ သွေးမကောင်းတဲ့ မမျိုးဥတွေကသနေ္ဓအောင်နိုင်ခြေနည်းပါတယ်။ အသက် 35 နှစ်အောက် အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ တစ်နှစ်လောက်ကြိုးစားပြီးတဲ့အထိ ကိုယ်ဝန်မရဘူးဆိုရင်တော့ အထူးကုဆရာဝန်နဲ့ သေချာတိုင် ပင်ဖို့လိုပါတယ်။ အသက် 35 နှစ်အထက် အမျိုးသမီးတွေမှာကိုယ်ဝန်ရဖို့ 6 လ ကြိုးစားပြီးနောက် မရဘူးဆိုရင် ဆရာဝန်ပြပါ။

•        သုတ်ပိုးအရေအတွက် - သုတ်ပိုးအရေအတွက် နည်းလေလေကိုယ်ဝန်ရနိုင်ခြေ နည်းလေလေပါပဲ။ သုတ်ပိုး 20 million/cc အောက် နည်းရင်တော့ ကိုယ်ဝန်ရနိုင်ခြေနည်းပါတယ်။

•        သားဥပြွန်အခြေအနေ - သားဥပြွန်ကပွင့်နေပြီးကောင်းကောင်းအလုပ်လုပ်ဖို့ လိုပါတယ်။

•        အတူနေရမယ့်အချိန် - အပတ်တိုင်းတစ်ပတ်ကို 2-3 ကြိမ်လောက် အတူနေရပါမယ်။ အထူးသဖြင့် သားဥမကြွေမီ 5 ရက်ကနေ သားဥကြွေတဲ့ရက်တွေမှာ အတူနေဖို့ လိုပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)