ကိုယ်ဝန်ရသွားပြီဆိုရင် သားဥကြွေပြီး ၈ ရက်မြောက်နေ့နောက်ပိုင်းတွေမှာ ဘာတွေဖြစ်မလဲ
ကလေးရဖို့ ကြိုးစားနေတဲ့မေမေတွေမှာ ကိုယ်ဝန်ရပြီးတာနဲ့ ကိုယ်ဝန်ရှိတဲ့လက္ခဏာလေးတွေကို အစောဆုံးစပြီး သတိထားမိနိုင်တဲ့အချိန် ရှိပါတယ်။ 8 days post ovulation (8 DPO) လို့ခေါ်တဲ့ သားဥကြွေပြီးတော့ ၈ ရက်မြောက်နေ့က စတတ်ပါတယ်။ ဒီအချိန်မှာဆိုရင် အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်စပြီးရလာတဲ့ အစောဆုံးလက္ခဏာလေးတွေ စပြပါတယ်။
အမျိုးသမီးနဲ့အမျိုးသား အတူနေပြီးလို့ ကိုယ်ဝန်စရတဲ့အချိန်မှာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကနေပြီးတော့ HCG လို့ခေါ်တဲ့ ဟော်မုန်းကို ထုတ်ပါတယ်။ ဒီဟော်မုန်းကြောင့်ပဲ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ အများကြီးဖြစ်လာပြီးတော့ မနက်ပိုင်း ပျို့အန်တာတွေ၊ ခေါင်းကိုက်တာတွေ စတာတွေကို ခံစားကြရပါတယ်။ သန္ဓေအောင်ပြီးတဲ့မျိုးဥလေးက သားအိမ်ထဲမှာ အမြစ်တွယ်တဲ့အခါ (သားဥကြွေပြီး ၈ ရက်လောက်ကြာတဲ့အခါ) မှာ ဒီလက္ခဏာလေးတွေ စပေါ်လာပါတယ်။
>> ကိုယ်ဝန်ရသွားပြီဆိုရင် သားဥကြွေပြီး ၈ ရက်မြောက်နေ့နောက်ပိုင်းမှာ ဘာတွေဖြစ်မလဲ?
1. သန္ဓေအောင်ပြီးသား သားဥလေးက သားအိမ်မှာ သွားတွယ်ကပ်ပြီး သွေးဆင်းပါတယ်။
မမျိုးဥ (သားဥ) ကြွေပြီး ၈-၁၀ ရက်လောက် ကြာတဲ့အခါမှာ သန္ဓေအောင်ပြီးသား သားဥလေးက သားအိမ်နံရံမှာ သွားပြီးတွယ်ကပ်ပါတယ်။ ဒီအခါမှာ သွေးနည်းနည်းဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ရာသီလာတဲ့အချိန်ဝန်းကျင်မှာဖြစ်လို့ ရာသီသွေးဆင်းတာနဲ့ မှားတတ်ပါတယ်။
ဒါပေမဲ့ သားအိမ်မှာ တွယ်ကပ်လို့ သွေးဆင်းတာက ပုံမှန်ရာသီသွေးဆင်းတာလိုမျိုး ရက်မကြာသလို သွေးဆင်းလည်း မများပါဘူး။ ပြီးတော့ ခန္ဓာကိုယ်အပူချိန် မြင့်လာတာ၊ ဗိုက်အောက်ပိုင်းမှာ အောင့်တာတွေကို ခံစားရပါတယ်။ သွေးဆင်းတာက သူ့ဟာသူ ရပ်သွားပါလိမ့်မယ်။ ကိုယ်က စိုးရိမ်တယ်ဆိုရင်တော့လည်း ဆရာဝန်ပြပါ။
2. မူးဝေခြင်းနဲ့ ခေါင်းကိုက်ခြင်း
ကိုယ်ဝန်ရစအချိန်မှာဆိုရင် ခန္ဓာကိုယ်မှာ အရည်ထုထည်ပြောင်းလဲမှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် မူးဝေ၊ ခေါင်းကိုက်တာတွေ ဖြစ်စေပါတယ်။ မူးလဲသွားတယ်ဆိုတာ ရှားပေမယ့်လည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်။ မူးဝေတာ၊ ခေါင်းကိုက်တာတွေ ပျောက်စေဖို့အတွက် တစ်နေ့ကို အနည်းဆုံးရေ ၈ ဖန်ခွက်လောက် သောက်ပေးပါ။
3. ဝမ်းချုပ်ခြင်းနဲ့ လေထခြင်း
ဟော်မုန်းပမာဏတွေ များလာတာက အစာချေလမ်းကြောင်းကိုလည်း သွားပြီးတော့ သက်ရောက်မှုရှိပါတယ်။ အစာချေတာတွေ နှေးသွားပြီးတော့ ဝမ်းချုပ်လာမယ်။ ဝမ်းချုပ်တော့ ဗိုက်အောင့်၊ လေပွလေထတာတွေ ဖြစ်လာစေပါတယ်။
4. ရင်သားတွေတင်းပြီး နာလာမယ်
ကိုယ်ဝန်ရှိစမှာ ဟော်မုန်းတွေ များလာတော့ ရင်သားမှာလည်း အပြောင်းအလဲတွေ ကြုံရပါတယ်။ ရင်သားဆီကို သွေးစီးဆင်းမှုတွေ များလာပြီးတော့ ရင်သားတွေ တင်းလာ၊ နာလာကာ ပုံမှန်ဘရာတွေဝတ်ရတာ မသက်မသာ ခံစားရစေပါတယ်။ ဒီလက္ခဏာတွေက အရမ်းတော့မကြာပါဘူး။ ဟော်မုန်းပြောင်းလဲမှုတွေကို ခန္ဓာကိုယ်က လိုက်ညှိနိုင်တဲ့ အပတ်အနည်းငယ်အတွင်းမှာ ပျောက်သွားပါလိမ့်မယ်။
5. မနက်ပိုင်းတွေမှာ ပျို့အန်ခြင်း
ကိုယ်ဝန်ရှိလာပြီဆိုရင် လူတိုင်းသိနေတဲ့လက္ခဏာတစ်ခုကတော့ ပျို့အန်တာပါ။ ဒါကကိုယ်ဝန်အစောပိုင်းမှာ ခံစားရတဲ့လက္ခဏာ ဆိုပေမယ့်လည်း ကိုယ်ဝန်ဆောင် ဘယ်အချိန်မှာမဆို ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းတော့လည်း ပျို့အန်တာ မခံစားရပါဘူး။
Obimin 1

6. ချဉ်ခြင်းတက်ခြင်း၊ ပုံမှန်ကြိုက်တဲ့အစားအစာတွေ အနံ့တွေကို မခံနိုင်တော့ခြင်း
ကိုယ်ဝန်ရှိစအချိန်မှာ တချို့အရာတွေ အစားအစာတွေကို လုံးဝသည်းမခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အရင်က ပုံမှန်စားနေကျ၊ သောက်နေကျ အစားအသောက်တွေကိုတောင်မှ မခံနိုင်တော့တာတွေ ရှိပါတယ်။ တချို့ဆိုရင် ပါးစပ်ထဲမှာ သံလိုအရသာ ရနေတယ်လို့ ပြောပါတယ်။ ပြီးတော့ အစားအစာအသစ်တွေကို ချဉ်ခြင်းတက်တတ်ပါသေးတယ်။ ဥပမာပြောရရင် ကော်ဖီသောက်နေကျကနေပြီးတော့ ကော်ဖီကို လုံးဝမကြိုက်တော့ဘဲနဲ့ ရုတ်တရက်ကြီး လက်ဖက်ရည် သောက်ချင်တာမျိုးပါ။
7. ဆီးများလာတယ်
အရည်တွေ အများကြီး ပိုမသောက်ပေမယ့်လည်း ဆီးသွားဖို့ ခဏခဏ အိမ်သာပြေးရတာကလည်း ကိုယ်ဝန်ရှိစလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်ကို သွေးစီးဆင်းမှု များလာပြီးတော့ ဆီးတွေ ပိုထွက်လာတတ်ပါတယ်။
ဆီးခဏခဏသွားရတာက ကိုယ်ဝန်ပထမသုံးလပတ်အတွင်းမှာ ပြန်နည်းသွားပြီးတော့ မွေးခါနီးအချိန်ကျရင် တစ်ခါပြန်ပြီး ဆီးတွေသွားပြန်ပါရော။
8. ပင်ပန်းနွမ်းနယ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကနေပြီးတော့ progesterone ဟော်မုန်းတွေ ပိုထုတ်ပေးပါတယ်။ ဒီဟော်မုန်းကမှ သားအိမ်ကို ကိုယ်ဝန်အတွက် ပြင်ဆင်ပေးပါတယ်။ progesterone များလာတဲ့အခါမှာ ပုံမှန်ထက် ပိုမောပန်းလွယ်သလို ရင်ပူတာတွေလည်း ဖြစ်စေပါတဘ်။
ညဘက် အိပ်ရာစောစောဝင်ပြီးတော့ တစ်ညလုံး အိပ်တာတောင်မှ နိုးလာရင် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အရမ်းပင်ပန်းနွမ်းနယ်နေတာက ကိုယ်ဝန်အစောပိုင်းမှာပဲ ခံစားရနိုင်သလို ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကိုယ့်ခန္ဓာကိုယ်ရဲ့ခံစားချက်ကို ပြန်ကြည့်ပြီးတော့ အနားယူပေးဖို့ လိုပါတယ်။
စွမ်းအင်တက်စေဖို့အတွက် တစ်နေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်ပေးဖို့လည်း လိုပါတယ်။ ပြီးတော့ ကဖင်းဓာတ်လိုမျိုးတွေကို ရှောင်ပြီးတော့ ညီညွတ်မျှတစွာ စားသုံးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Obimin 2

(Zawgyi)
ကေလးရဖို႔ ႀကိဳးစားေနတဲ့ေမေမေတြမွာ ကိုယ္ဝန္ရၿပီးတာနဲ႔ ကိုယ္ဝန္ရွိတဲ့လကၡဏာေလးေတြကို အေစာဆုံးစၿပီး သတိထားမိႏိုင္တဲ့အခ်ိန္ ရွိပါတယ္။ 8 days post ovulation (8 DPO) လို႔ေခၚတဲ့ သားဥေႂကြၿပီးေတာ့ ၈ ရက္ေျမာက္ေန႔က စတတ္ပါတယ္။ ဒီအခ်ိန္မွာဆိုရင္ အမ်ိဳးသမီးတစ္ေယာက္မွာ ကိုယ္ဝန္စၿပီးရလာတဲ့ အေစာဆုံးလကၡဏာေလးေတြ စျပပါတယ္။
အမ်ိဳးသမီးနဲ႔အမ်ိဳးသား အတူေနၿပီးလို႔ ကိုယ္ဝန္စရတဲ့အခ်ိန္မွာ အမ်ိဳးသမီးရဲ႕ခႏၶာကိုယ္ကေနၿပီးေတာ့ HCG လို႔ေခၚတဲ့ ေဟာ္မုန္းကို ထုတ္ပါတယ္။ ဒီေဟာ္မုန္းေၾကာင့္ပဲ ခႏၶာကိုယ္ေျပာင္းလဲမႈေတြ အမ်ားႀကီးျဖစ္လာၿပီးေတာ့ မနက္ပိုင္း ပ်ိဳ႕အန္တာေတြ၊ ေခါင္းကိုက္တာေတြ စတာေတြကို ခံစားၾကရပါတယ္။ သေႏၶေအာင္ၿပီးတဲ့မ်ိဳးဥေလးက သားအိမ္ထဲမွာ အျမစ္တြယ္တဲ့အခါ (သားဥေႂကြၿပီး ၈ ရက္ေလာက္ၾကာတဲ့အခါ) မွာ ဒီလကၡဏာေလးေတြ စေပၚလာပါတယ္။
>> ကိုယ္ဝန္ရသြားၿပီဆိုရင္ သားဥေႂကြၿပီး ၈ ရက္ေျမာက္ေန႔ေနာက္ပိုင္းမွာ ဘာေတြျဖစ္မလဲ?
1. သေႏၶေအာင္ၿပီးသား သားဥေလးက သားအိမ္မွာ သြားတြယ္ကပ္ၿပီး ေသြးဆင္းပါတယ္။
မမ်ိဳးဥ (သားဥ) ေႂကြၿပီး ၈-၁၀ ရက္ေလာက္ ၾကာတဲ့အခါမွာ သေႏၶေအာင္ၿပီးသား သားဥေလးက သားအိမ္နံရံမွာ သြားၿပီးတြယ္ကပ္ပါတယ္။ ဒီအခါမွာ ေသြးနည္းနည္းဆင္းတတ္ပါတယ္။ ဒါက ပုံမွန္ရာသီလာတဲ့အခ်ိန္ဝန္းက်င္မွာျဖစ္လို႔ ရာသီေသြးဆင္းတာနဲ႔ မွားတတ္ပါတယ္။
ဒါေပမဲ့ သားအိမ္မွာ တြယ္ကပ္လို႔ ေသြးဆင္းတာက ပုံမွန္ရာသီေသြးဆင္းတာလိုမ်ိဳး ရက္မၾကာသလို ေသြးဆင္းလည္း မမ်ားပါဘူး။ ၿပီးေတာ့ ခႏၶာကိုယ္အပူခ်ိန္ ျမင့္လာတာ၊ ဗိုက္ေအာက္ပိုင္းမွာ ေအာင့္တာေတြကို ခံစားရပါတယ္။ ေသြးဆင္းတာက သူ႔ဟာသူ ရပ္သြားပါလိမ့္မယ္။ ကိုယ္က စိုးရိမ္တယ္ဆိုရင္ေတာ့လည္း ဆရာဝန္ျပပါ။
2. မူးေဝျခင္းနဲ႔ ေခါင္းကိုက္ျခင္း
ကိုယ္ဝန္ရစအခ်ိန္မွာဆိုရင္ ခႏၶာကိုယ္မွာ အရည္ထုထည္ေျပာင္းလဲမႈနဲ႔ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ မူးေဝ၊ ေခါင္းကိုက္တာေတြ ျဖစ္ေစပါတယ္။ မူးလဲသြားတယ္ဆိုတာ ရွားေပမယ့္လည္း ျဖစ္ေတာ့ျဖစ္ႏိုင္ပါတယ္။ မူးေဝတာ၊ ေခါင္းကိုက္တာေတြ ေပ်ာက္ေစဖို႔အတြက္ တစ္ေန႔ကို အနည္းဆုံးေရ ၈ ဖန္ခြက္ေလာက္ ေသာက္ေပးပါ။
3. ဝမ္းခ်ဳပ္ျခင္းနဲ႔ ေလထျခင္း
ေဟာ္မုန္းပမာဏေတြ မ်ားလာတာက အစာေခ်လမ္းေၾကာင္းကိုလည္း သြားၿပီးေတာ့ သက္ေရာက္မႈရွိပါတယ္။ အစာေခ်တာေတြ ေႏွးသြားၿပီးေတာ့ ဝမ္းခ်ဳပ္လာမယ္။ ဝမ္းခ်ဳပ္ေတာ့ ဗိုက္ေအာင့္၊ ေလပြေလထတာေတြ ျဖစ္လာေစပါတယ္။
4. ရင္သားေတြတင္းၿပီး နာလာမယ္
ကိုယ္ဝန္ရွိစမွာ ေဟာ္မုန္းေတြ မ်ားလာေတာ့ ရင္သားမွာလည္း အေျပာင္းအလဲေတြ ႀကဳံရပါတယ္။ ရင္သားဆီကို ေသြးစီးဆင္းမႈေတြ မ်ားလာၿပီးေတာ့ ရင္သားေတြ တင္းလာ၊ နာလာကာ ပုံမွန္ဘရာေတြဝတ္ရတာ မသက္မသာ ခံစားရေစပါတယ္။ ဒီလကၡဏာေတြက အရမ္းေတာ့မၾကာပါဘူး။ ေဟာ္မုန္းေျပာင္းလဲမႈေတြကို ခႏၶာကိုယ္က လိုက္ညႇိႏိုင္တဲ့ အပတ္အနည္းငယ္အတြင္းမွာ ေပ်ာက္သြားပါလိမ့္မယ္။
5. မနက္ပိုင္းေတြမွာ ပ်ိဳ႕အန္ျခင္း
ကိုယ္ဝန္ရွိလာၿပီဆိုရင္ လူတိုင္းသိေနတဲ့လကၡဏာတစ္ခုကေတာ့ ပ်ိဳ႕အန္တာပါ။ ဒါကကိုယ္ဝန္အေစာပိုင္းမွာ ခံစားရတဲ့လကၡဏာ ဆိုေပမယ့္လည္း ကိုယ္ဝန္ေဆာင္ ဘယ္အခ်ိန္မွာမဆို ႀကဳံရႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္တိုင္းေတာ့လည္း ပ်ိဳ႕အန္တာ မခံစားရပါဘူး။
6. ခ်ဥ္ျခင္းတက္ျခင္း၊ ပုံမွန္ႀကိဳက္တဲ့အစားအစာေတြ အနံ႔ေတြကို မခံႏိုင္ေတာ့ျခင္း
ကိုယ္ဝန္ရွိစအခ်ိန္မွာ တခ်ိဳ႕အရာေတြ အစားအစာေတြကို လုံးဝသည္းမခံႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အရင္က ပုံမွန္စားေနက်၊ ေသာက္ေနက် အစားအေသာက္ေတြကိုေတာင္မွ မခံႏိုင္ေတာ့တာေတြ ရွိပါတယ္။ တခ်ိဳ႕ဆိုရင္ ပါးစပ္ထဲမွာ သံလိုအရသာ ရေနတယ္လို႔ ေျပာပါတယ္။ ၿပီးေတာ့ အစားအစာအသစ္ေတြကို ခ်ဥ္ျခင္းတက္တတ္ပါေသးတယ္။ ဥပမာေျပာရရင္ ေကာ္ဖီေသာက္ေနက်ကေနၿပီးေတာ့ ေကာ္ဖီကို လုံးဝမႀကိဳက္ေတာ့ဘဲနဲ႔ ႐ုတ္တရက္ႀကီး လက္ဖက္ရည္ ေသာက္ခ်င္တာမ်ိဳးပါ။
7. ဆီးမ်ားလာတယ္
အရည္ေတြ အမ်ားႀကီး ပိုမေသာက္ေပမယ့္လည္း ဆီးသြားဖို႔ ခဏခဏ အိမ္သာေျပးရတာကလည္း ကိုယ္ဝန္ရွိစလကၡဏာတစ္ခု ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေက်ာက္ကပ္ကို ေသြးစီးဆင္းမႈ မ်ားလာၿပီးေတာ့ ဆီးေတြ ပိုထြက္လာတတ္ပါတယ္။
ဆီးခဏခဏသြားရတာက ကိုယ္ဝန္ပထမသုံးလပတ္အတြင္းမွာ ျပန္နည္းသြားၿပီးေတာ့ ေမြးခါနီးအခ်ိန္က်ရင္ တစ္ခါျပန္ၿပီး ဆီးေတြသြားျပန္ပါေရာ။
8. ပင္ပန္းႏြမ္းနယ္ျခင္း
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခႏၶာကိုယ္ကေနၿပီးေတာ့ progesterone ေဟာ္မုန္းေတြ ပိုထုတ္ေပးပါတယ္။ ဒီေဟာ္မုန္းကမွ သားအိမ္ကို ကိုယ္ဝန္အတြက္ ျပင္ဆင္ေပးပါတယ္။ progesterone မ်ားလာတဲ့အခါမွာ ပုံမွန္ထက္ ပိုေမာပန္းလြယ္သလို ရင္ပူတာေတြလည္း ျဖစ္ေစပါတဘ္။
ညဘက္ အိပ္ရာေစာေစာဝင္ၿပီးေတာ့ တစ္ညလုံး အိပ္တာေတာင္မွ ႏိုးလာရင္ ပင္ပန္းႏြမ္းနယ္ေနတတ္ပါတယ္။ အရမ္းပင္ပန္းႏြမ္းနယ္ေနတာက ကိုယ္ဝန္အေစာပိုင္းမွာပဲ ခံစားရႏိုင္သလို ကိုယ္ဝန္ေဆာင္တစ္ေလွ်ာက္လုံးလည္း ျဖစ္ေနႏိုင္ပါတယ္။ ဒီလိုျဖစ္လာရင္ ကိုယ့္ခႏၶာကိုယ္ရဲ႕ခံစားခ်က္ကို ျပန္ၾကည့္ၿပီးေတာ့ အနားယူေပးဖို႔ လိုပါတယ္။
စြမ္းအင္တက္ေစဖို႔အတြက္ တစ္ေန႔ကို မိနစ္ ၃၀ ေလာက္ ေလ့က်င့္ခန္း လုပ္ေပးဖို႔လည္း လိုပါတယ္။ ၿပီးေတာ့ ကဖင္းဓာတ္လိုမ်ိဳးေတြကို ေရွာင္ၿပီးေတာ့ ညီၫြတ္မွ်တစြာ စားသုံးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























