/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်၌-အချိုရည်-သောက်သုံးခြင်းသည်-အ၀လွန်သော

ကိုယ်၀န်ဆောင်ချိန်၌ အချိုရည် သောက်သုံးခြင်းသည် အ၀လွန်သော ကလေးများကို မွေးဖွားလာစေနိုင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦးဟာ အချိုရည်တွေ အများအပြား သောက်သုံးခြင်းကြောင့် မွေးလာတဲ့ကလေးဟာ နောင်တစ်ချိန်မှာ အ၀လွန်ရောဂါကို ခံစားရစေနိုင်ပါတယ်။

          ကိုယ်၀န် ဒုတိယ 3 လပတ်မှာ တစ်နေ့လျှင် အချိုရည် 2 ခွက်ထက် ပိုသောက်တဲ့ မိခင်တွေရဲ့ကလေးတွေဟာ 8 နှစ်အရွယ်၌ တစ်ပတ်လျှင် အနည်းဆုံး အချိုရည် ခွက်တစ်၀က်သာ သောက်သုံးသော်ငြားလည်း အခြားသူများထက် ကိုယ်အလေးချိန် 2 ပေါင်ပိုနေကြောင်းကို သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

          ကိုယ်၀န်ဆောင်ကာလမှာ အချိုရည်သောက်ခြင်းဟာ ကလေးငယ်ရဲ့ စားသောက်မှုပုံစံကို အပြောင်းအလဲမဖြစ်စေဘဲ ကိုယ်အလေးချိန်သာ ပြောင်းလဲစေပါတယ်။

          ဒါပေမဲ့လည်း လေ့လာဆန်းစစ်မှုတွေဟာ အကြောင်းအရင်းနဲ့ အကျိုးသက်ရောက်မှုကို သက်သေမပြနိုင်ဘဲ ဆက်စပ်မှုရှိတယ်လို့သာ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

          ကိုယ်၀န်ဆောင်အမျိုးသမီး 1100 ခန့်ကို ကိုယ်၀န်ဆောင်ကာလ တစ်လျှောက်လုံး သူတို့ရဲ့ စားသောက်နေထိုင်မှုပုံစံကို စောင့်ကြည့်ခဲ့ပါတယ်။ ကလေးမွေးပြီး နောက်ပိုင်းမှာလည်း နောက် 6 နှစ်အထိ တစ်နှစ်တစ်ခါ မေးခွန်းတွေကို ဖြေကြားစေခဲ့ပါတယ်။

          နောက်ဆုံးမှာ အချိုရည်သောက်သုံးမှုများတဲ့ မိခင်တွေကမွေးတဲ့ ကလေးတွေဟာ သူတို့ရဲ့ စားသောက်မှုပုံစံ ဘယ်လိုပဲရှိရှိ ခန္ဓာကိုယ်တွင်း အဆီပမာဏ မြင့်တက်နေတာ တွေ့ရှိခဲ့ရပါတယ်။

          အဓိကအချက်ကတော့ ကိုယ်၀န်ဆောင်စဉ်ကာလမှာ ခံစားရတဲ့ မိခင်ရဲ့ စိတ်ဖိစီးမှုတွေဟာ မွေးဖွားလာမယ့် သနေ္ဓသားလောင်းပေါ်မှာ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာပါပဲ။

          သုတေသနပညာရှင်တွေရဲ့ အဆိုအရ ပထမ 3 လပတ်မှာ မိခင်လောင်းတွေဟာ အချိုရည်တွေ သောက်သုံးသော်ငြား ကလေးငယ်ရဲ့ ကိုယ်အလေးချိန် အပြောင်းအလဲမရှိတာကို တွေ့ရပါတယ်။ ဒုတိယ 3 လ ပတ်ကတော့ သနေ္ဓသားလောင်းဆီမှာ အဆီတွေ စုပုံတဲ့အချိန် ဖြစ်တာကြောင့် ထိုအချိန်၌ အချိုရည် သောက်သုံးခြင်းဟာ ပြဿနာတစ်ခု ဖြစ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင် အမျိုးသမီးတွေအနေနဲ့ ကိုယ်၀န်ဆောင် ကာလတစ်လျှောက်လုံး အချိုရည်သောက်သုံးမှုကို လျှော့ချခြင်းဖြင့် ကလေးငယ်တွေ အနာဂတ်မှာ အ၀လွန်ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

          အကယ်၍ တစ်ခုခုကို ပြင်းပြင်းပြပြ သောက်ချင်လာပါက ရေသောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်က ရေဖြစ်တာကြောင့် ရေသောက်ခြင်း အလေ့အကျင့်ကို မွေးမြူနိုင်ပါက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)