/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်နှင့်-ဗိုက်အောင့်ခြင်း

ကိုယ်၀န်ဆောင်နှင့် ဗိုက်အောင့်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ကြီးထွားလာသော သနေ္ဓသားကို ထောက်ပံ့ပေးရန်အတွက် ၀မ်းဗိုက်ရှိကြွက်သားများဆွဲဆန့်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ပေါင်းနဲ့ခြေသလုံးတလျှောက်နာကျင်ခြင်းခံစားရလေ့ရှိပါတယ်။ ၎င်းနာကျင် မှုများသက်သာစေရန် -

-    သက်သောင့်သက်သာအနေအထားတွင်နေပါ။ ရုတ်တရက်လှည့်ခြင်း၊ ရွေ့လျားခြင်းတို့ကို ရှောင်ရှားပါ။

-    တင်းအားများလျော့ကျပြီး ကြွက်သားများ သက်သောင့်သက်သာဖြစ်စေရန် နာကျင်မှုခံစားရတဲ့နေရာဘက် သို့ခန္ဓာကိုယ်ကို ကွေးညွတ်ပေးပါ။

-    ရေနွေးဖြင့်ရေချိုးပါ။

-    ရေများများသောက်ပါ။

-    ကိုယ်၀န်ဆောင် 3 ပတ်မတိုင်ခင်မှာ ဗိုက်အောင့်ေ၀ဒနာကို ခံစားရပါက ဆရာ၀န်နှင့်တိုင်ပင်ပါ။

 

Dr. Htet Htet Aung

www.drmyanmar.com