/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ဖို့ရည်ရွယ်ထားလျှင်-ကော်ဖီလျှော့သောက်သင့်

ကိုယ်၀န်ဆောင်ဖို့ရည်ရွယ်ထားလျှင် ကော်ဖီလျှော့သောက်သင့်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         ကဖင်းဓာတ်အလွန်အကျွံမှီ၀ဲခြင်းဟာ ကိုယ်၀န်ပျက်ကျနိုင်ခြေမြင့်မားစေနိုင်တာကြောင့် ကလေးယူဖို့ရည်ရွယ်ထားတဲ့စုံတွေတွေအနေနဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကို လျှော့သောက်ကြဖို့ သုတေသီတွေကအကြံပြုထားပါတယ်။ ကဖင်းဓာတ်ကြောင့် ကိုယ်၀န်ပျက်ကျနိုင်ခြေဟာ အမျိုးသမီးသမီးတစ်ဦးတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ အမျိုးသားနှင့်ပါ ပတ်သက်တဲ့အတွက် အောင်မြင်စွာကိုယ်၀န်ဆောင်နိုင်ဖို့ အမျိုးသားကပါ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်တွေကို လျှော့သောက်ရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

        NIH (National Institutes of Health) မှ သုတေသီတွေက လေးပတ်သာသာရှိသေးတဲ့ သနေ္ဓတည်ထားပြီဖြစ်သော စုံတွဲ 344 ကို စီးကရက်၊ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်၊ ဗီတာမင်အစုံအလင်ပါ အားဆေးတွေသောက်ခြင်းအပေါ်အခြေခံပြီး လေ့လာခဲ့ရာ အသက် 35 နှစ်နှင့်အထက် အမျိုးသမီးတွေဟာ ငယ်ရွယ်သူကိုယ်၀န်ဆောင်တွေထက် ကိုယ်၀န်ပျက်ကျနိုင်ခြေများကြကြောင်းနှင့် တစ်နေ့မှာ ကဖင်းဓာတ်ပါဖျော်ရည်ကို နှစ်ခွက်ထက်ပိုပြီးသောက်တဲ့စုံတွဲတွေမှာ ကိုယ်၀န်ပျက်ကျနိုင်ခြေမြင့်မားကြောင်းကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကိုယ်၀န်မဆောင်ရသေးခင်အချိန်ကတည်းက ကဖင်းဓာတ်များစွာပါ၀င်တဲ့ အစားအသောက်တွေကို အစားများတဲ့စုံတွဲတွေမှာ ကိုယ်၀န်ပျက်ကျနိုင်ခြေ မြင့်မားနေပြီးသားဖြစ်ပါတယ် ဒါကြောင့် ကလေးယူဖို့ဆုံးဖြတ်လိုက်ပြီဆိုကတည်းက အမျိုးသားရောအမျုးိသမီးပါ ကဖင်းဓာတ်ရယူမှုလျှော့ချသင့်ပါတယ်။

       ကိုယ်၀န်ဆောင်ချိန်မှာ မိခင်အနေနဲ့တစ်နေ့လျှင် အစားအသောက်များ(ဥပမာ-ချော့ကလက်၊ ကော်ဖီ၊ အားဖြည့်အချိုရည်) မှ ကဖင်း 200 မီလီဂရမ်သာ ရယူသင့်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com