/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဒုတိယကလေးယူမယ့်အချိန်-ပြင်ဆင်သင့်သည့်အချက်များ

ဒုတိယကလေးယူမယ့်အချိန် ပြင်ဆင်သင့်သည့်အချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

           ဒုတိယက​လေးယူဖို့ပြင်​ဆင်​ရမှာလညး်​ မိခင​်​​တွေဟာ စိန်​​ခေါ်မှု​တွေနဲ့ ရင်​ဆိုင်​ရပါတယ်​။ ဒါ​ကြောင်​့ ​ချော​ချော​မွေ့​မွေ့ ကိုယ်​ဝန်​​ဆောင်​မီးဖွားနိုင်​ဖို့ ​အောက်​ပါအချက်​​တွေကို ကြိုတင်​ပြင်​ဆင်​ပြုလုပ်​ဖို့​တော့ လိုပါလိမ်​့​မယ်​။

 

၁။ ​သွေးစစ်​ကြည်​့ပါ။ ဒုတိယ​မြောက်​ကိုယ်​ဝန်​ယူချိန်​မှာ သံဓာတ်​အားနည်​း​နေတတ်​ပါတယ်​။

၂။ သားဥ​ကြွေရက်​ကို တွက်​ချက်​ကြည်​့ပါ။ ပထမက​လေးမီးဖွားပြီး ​ဟော်​မုန်​းအ​ပြောင်​းအလဲများနဲ့ တား​ဆေး၊ နို့တိုက်​ခြင်​းစတာ​တွေဟာ သားဥ​ကြွေချိန်​ကို က​မောက်​ကမဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ဘယ်​အချိန်​ကိုယ်​ဝန်​​ဆောင်​​ခြေများ​တယ်​ဆိုတာကို သိနိုင်​​အောင်​ စတင်​တွက်​ချက်​သင်​့ပါတယ်​။

 

၃။ ကိုယ်​အ​လေးချိန်​​လျှော့ချပါ။ အဝလွန်​ခြင်​းဟာ သ​နေ္ဓတည်​ခြင်​းကို အဟန်​့အတားဖြစ်​​စေပြီး သားဥအိမ်​​ရေ အိတ်​များတည်​ခြင်​းဖြစ်​​စေတတ်ပါတယ်​။ ​ဟော်​မုန်​း​တွေက​မောက်​ကမဖြစ်​ပြီး သားဥပုံမှန်​မ​ကြွေတာမျိုး ဖြစ်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ ကိုယ်​အ​လေးချိန်​ချရန်​ ​ပြေးခြင်​း၊ ကိုယ်​ကာယ​လေ့ကျင်​့ခန်​းပြုလုပ်​ခြင်​းတို့ကို စတင်​လုပ်​သင့် ပါတယ်​။

၄။ ခင်​ပွန်​းဖြစ်​သူကိုလည်​း အတူပါဝင်​ခိုင်​းပါ။ က​လေးယူဖို့အတွက်​ တစ်​​ယောက်​တည်​းလုံးပမ်​း​နေရုံနဲ့ မရနိုင်​ပါ ဘူး။ ဒါ​ကြောင်​့ ခင်​ပွန်​းဖြစ်​သူကို သုတ်​အ​ရည်​အ​သွေး​ကောင်​းမွန်​​စေတဲ့ အစားအ​သောက်​များ စား​စေတာ၊ ​ဆေး လိပ်​အရက်​​ရှောင်​​စေတာ စတဲ့နည်​းလမ်​း​တွေကို ကြိုးစားခိုင်​းရပါမယ်​။

 

၅။ ကိုယ်​ဝန်​​ထပ်​​ဆောင်​မယ်​့ အချိန်​ကို ​သေချာသတ်​မှတ်​ပါ။ အသက်​အရွယ်​နဲ့ မျိုးပွားနိုင်​စွမ်​း​တွေကို ထည်​့တွက်​မယ်​ဆိုရင်​​တော့ က​လေး​စော​စောယူခြင်​းဟာ ပို​ကောင်​းပါတယ်​။ ဒါ​ပေမဲ့ ပထမသားဦးမွေးပြီး ၁၈လခန်​့အထိ ထပ်​မယူတာ​ကောင်​းပါတယ်​။ အ​ပေါ်​အောက်​ အနည်​းဆုံး ၃နှစ်​​လောက်​ခြား​ပေးခြင်​းဖြင်​့ ဒုတိယက​လေး​မွေးချိန်​မှာ သားဦး​လေးဟာ ​အကုန်​လိုက်လုပ်​​ပေးစရာမလိုတဲ့အရွယ်​ကို ​ရောက်​ပြီဖြစ်​တဲ့အတွက်​ က​လေးအငယ်​အ တွက်​ အချိန်​​ပေးနိုင်​ပြီဖြစ်​ပါတယ်​။

 www.drmyanmar.com