/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့တင်းခြင်းအတွက်-နည်းလမ်းကောင်း

နို့တင်းခြင်းအတွက် နည်းလမ်းကောင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

>>  ပြည့်ကျပ်နေတဲ့နို့တွေကို ဖယ်ထုတ်နိုင်ရန်

(1)  ကလေး နို့တိုက်ပါ။
ကလေး နို့ကောင်းကောင်းစို့နိုင်အောင် သားမြတ်ပျော့နေဖို့ လိုပါတယ်။

(2)  လက်နဲ့ ညှစ်ထုတ်ပါ။
သက်သာတဲ့အထိ လက်နဲ့ ညှစ်ညှစ်ထုတ်ပေးပါ။

(3)  နို့ထွက်ကောင်းအောင် ရေနွေးအိတ်ကပ်ပေးပါ။
ကလေး နို့မတိုက်မီဖြစ်စေ၊ နို့ညှစ်မထုတ်မီဖြစ်စေ ရေနွေးအိတ်ကပ်ပေးခြင်းက နို့ထွက်ကောင်းစေနိုင်ပါတယ်။

(4)  ရေနွေးကလည်း သက်သာစေနိုင်ပါတယ်။
ရေနွေးကန်ထဲစိမ်ရင်း၊ ရေနွေးနဲ့ရေချိုးရင်း လက်နဲ့ညှစ်ထုတ်တာ၊ နှိပ်နယ်ပေးတာကလည်း နို့တင်းခြင်းကို သက်သာစေပါလိမ့်မယ်။

Obimin 1

>>  နာကျင်ရောင်ရမ်းမှုတွေ သက်သာစေရန်

(1)  ရေခဲကပ်ပါ။
၁၀ မိနစ်ကပ်လိုက် ၁၀ မိနစ်နားလိုက်ဖြင့် ရေခဲကပ်ပေးပါ။
 
(2)  Physiotherapy ကုထုံးလေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။
အာထရာစောင်းကုသမှု၊ LED အပူလှိုင်းကုသမှုတွေ ပြုလုပ်ပေးခြင်းက နာကျင်ရောင်ရမ်းမှုကို လျော့နည်းစေနိုင်ပါတယ်။

(3)  အတွင်းခံကို သေချာရွေးချယ် ဝတ်ဆင်ပါ။
သက်သောင့်သက်သာရှိပြီး ရင်သားတွေကို ကောင်းကောင်းထိန်းပေးနိုင်တဲ့ အတွင်းခံမျိုးကို ဝတ်ဆင်ပါ။

(4)  ဆေးသောက်ပါ။
နာကျင်မှုတွေ သက်သာစေဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး အပျော့စား သောက်ပေးနိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)

Obimin 2

(Zawgyi)

>>  ျပည့္က်ပ္ေနတဲ့ႏို႔ေတြကို ဖယ္ထုတ္ႏိုင္ရန္

(1)  ကေလး ႏို႔တိုက္ပါ။
ကေလး ႏို႔ေကာင္းေကာင္းစို႔ႏိုင္ေအာင္ သားျမတ္ေပ်ာ့ေနဖို႔ လိုပါတယ္။

(2)  လက္နဲ႔ ညႇစ္ထုတ္ပါ။
သက္သာတဲ့အထိ လက္နဲ႔ ညႇစ္ညႇစ္ထုတ္ေပးပါ။

(3)  ႏို႔ထြက္ေကာင္းေအာင္ ေရေႏြးအိတ္ကပ္ေပးပါ။
ကေလး ႏို႔မတိုက္မီျဖစ္ေစ၊ ႏို႔ညႇစ္မထုတ္မီျဖစ္ေစ ေရေႏြးအိတ္ကပ္ေပးျခင္းက ႏို႔ထြက္ေကာင္းေစႏိုင္ပါတယ္။

(4)  ေရေႏြးကလည္း သက္သာေစႏိုင္ပါတယ္။
ေရေႏြးကန္ထဲစိမ္ရင္း၊ ေရေႏြးနဲ႔ေရခ်ိဳးရင္း လက္နဲ႔ညႇစ္ထုတ္တာ၊ ႏွိပ္နယ္ေပးတာကလည္း ႏို႔တင္းျခင္းကို သက္သာေစပါလိမ့္မယ္။

>>  နာက်င္ေရာင္ရမ္းမႈေတြ သက္သာေစရန္

(1)  ေရခဲကပ္ပါ။
၁၀ မိနစ္ကပ္လိုက္ ၁၀ မိနစ္နားလိုက္ျဖင့္ ေရခဲကပ္ေပးပါ။
 
(2)  Physiotherapy ကုထုံးေလ့က်င့္ခန္းမ်ား ျပဳလုပ္ေပးပါ။
အာထရာေစာင္းကုသမႈ၊ LED အပူလႈိင္းကုသမႈေတြ ျပဳလုပ္ေပးျခင္းက နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

(3)  အတြင္းခံကို ေသခ်ာေ႐ြးခ်ယ္ ဝတ္ဆင္ပါ။
သက္ေသာင့္သက္သာရွိၿပီး ရင္သားေတြကို ေကာင္းေကာင္းထိန္းေပးႏိုင္တဲ့ အတြင္းခံမ်ိဳးကို ဝတ္ဆင္ပါ။

(4)  ေဆးေသာက္ပါ။
နာက်င္မႈေတြ သက္သာေစဖို႔ ဆရာဝန္နဲ႔တိုင္ပင္ၿပီး အကိုက္အခဲေပ်ာက္ေဆး အေပ်ာ့စား ေသာက္ေပးႏိုင္ပါတယ္။

Dr. Emerald (www.drmyanmar.com)